ပလက်ဝတွင် ကျောင်းသားများ လိုက်ပါလာသော စက်လှေကို စစ်ကောင်စီပစ်ခတ်၍ ကျောင်းသား ၂ ဦး သေဆုံး၊ အဆိုပါကိစ္စကို ရှုတ်ချကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ကို ချင်း ပြည်နယ်တွင်းမှ ဖယ်ရှားနိုင်မှာသာ လူထုလုံခြုံမည်ဟု ICNCC ထုတ်ပြန်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ကျောင်းသူ၊ ကျောင်းသားများ စီးနင်းလိုက်ပါလာသည့် စက်လှေ တစ်စီးကို နှမဒါကျေးရွာအခြေစိုက် အကြမ်းဖက်စစ်တပ်က ပစ်ခတ်ခဲ့သဖြင့် ကျောင်းသား ၂ ဦး သေဆုံးခဲ့ရသည့် ကိစ္စရပ်အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC က ထုတ်ပြန်သည်။

ယမန်နေ့ ဩဂုတ်လ ၂ ရက် မွန်းလွဲပိုင်း၌ ပလက်ဝမြို့နယ်၊ တုံမဝကျေးရွာမှ ကုလားတန်မြစ်ကြောင်းအတိုင်း ပြန်လာသော စက်လှေကို မြစ်တဖက်ကမ်း နှမဒါကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းကြောင့် အသက် ၁၁ နှစ်အရွယ် ပဉ္စမတန်း ကျောင်းသား ၂ ဦး သေဆုံးခဲ့ပြီး အခြားကျောင်းသား ၂ ဦးနှင့် ပညာရေးဝန်ထမ်း ၁ ဦး ဒဏ်ရာရခဲ့သည်။

အကြမ်းဖက်စစ်တပ်၏ ချင်းပြည်နယ်အတွင်း လူမဆန်သော အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချကြောင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု‌ ဖော်ထုတ်နိုင်ချိန်တွင် တရားမျှတမှု ရရှိနိုင်ရေး ဆောင်ရွက်သွားမည်ဟု ICNCC က ဆိုသည်။

ချင်းပြည်နယ်အတွင်း ကျူးကျော်ဝင်ရောက်နေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များကို ပြည်နယ်အတွင်းမှ ဖယ်ရှားနိုင်မှသာ ပြည်သူ များ လုံခြုံငြိမ်းချမ်းနိုင်မည် ဖြစ်သဖြင့် စစ်အာဏာရှင်စနစ် အမြစ်ဖြုတ် ဖယ်ရှားနိုင်ရေးအတွက် ကျရာနေရာမှ ဆက်လက်ပါဝင်ကြရန် ချင်းပြည်သူလူထုတရပ်လုံးကို ICNCC က အလေးအနက် တိုက်တွန်းပန်ကြားထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s