ပုသိမ်တွင် တက္ကသိုလ်ဝင်တန်းအောင်ကျောင်း သူ အဆိပ်သောက် သေဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီ၏ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသူ တစ်ဦး အဆိပ်သောက်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိပ်သောက် သေဆုံးခဲ့သူ အသက် ၁၇ နှစ်အရွယ် မသက်မွန်ထွေးသည် ၎င်းတက္ကသိုလ်ဝင်တန်း တက်ရောက်ခဲ့သည့် ဘော်ဒါဆောင်မှ ဆ ရာ မကြီး၏သား ဖြစ်သူနှင့် ရည်ငံနေစဉ် ဆရာမကြီးက သဘောမတူ၍ တရားမဲ့ပြောဆိုမှုများ ရှိကြောင်း မသက်မွန်ထွေး၏ သူငယ်ချင်းများထံက သိရသည်။

မသက်မွန်ထွေးသည် ထိုသို့ တရားမဲ့ပြောဆိုခံရမှုများကြောင့် စိတ်ထိခိုက်ခံစားခဲ့ရပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် အဆိပ်သောက်၍ အဆုံးစီရင်ခဲ့ရာ ပုသိမ်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း သြဂုတ်လ ၁ ရက်နေ့တွင် သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

”ကျောင်းကနေပင်စင်ယူပြီးတော့ ဘော်ဒါဖွင့်ထားတဲ့ ဆရာမတစ်ယောက်ရှိတယ်။ သူ့ဘော်ဒါမှာလာတက်ပြီး ၂၀၂၂ မှာ ၁၀ တန်းအောင်တဲ့ကောင်မလေးက သူ့သားနဲ့ ကြိုက်ကြတယ်။ ဒါကို ဆရာမကြီးကသိတော့ ခွဲတယ်။ သူ့သားရဲ့ဖုန်းကိုပါ သိမ်းတယ်။ ပြီးတော့ ကောင်မလေးကို မတရားပြောတယ်။ မတရားပြောတာလွန်တော့ ကောင်မလေးကစိတ်ထိခိုက်ပြီး အဆိပ်သောက်တယ်။ အဆိပ်သောက်တဲ့ဖြစ်စဉ်ကို ဆရာမကြီးက သိတယ်။ သူ့ကြောင့်မဟုတ်ဘူး။ 5 D ၊ All D မထွက်လို့ သောက်တာဆိုပြီး လိုက်ပြောတယ်။ ကောင်မလေးက 4D ထွက်ထားတဲ့သူပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘော်ဒါဆောင်ပိုင်ရှင် ဆရာမကြီးမှ အမှုမှန်မပေါ်ပေါက်ရန် အတွက် လိုက်လံဖုံးကွယ်နေသည်ဟု မိသားစုနှင့် နီးစပ်သူများက ဆိုထားသော်လည်း မဇ္ဈိမအနေနှင့် အသေးစိတ်အခြေအနေအား သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။

သေဆုံးသူ မသက်မွန်ထွေး ၏ ရုပ်အလောင်းကို သြဂုတ်လ ၅ ရက် သောကြာနေ့တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများထံက သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s