ဖားကန့်တွင် ဒုရဲမှူး သေနတ်ဖြင့်ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဒုရဲမှူးတစ်ဦး ယနေ့ ဩဂုတ်လ ၃ ရက် နံနက် ၈ နာရီခန့်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
သေနတ်ဖြင့်ပတ်သတ်ခံရသူမှာ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် ရဲတပ်ရင်း (၃၀)မှ ဒုရဲမှူး ကိုကိုလွင်ဖြစ်ပြီး သေ နတ်ဖြင့် ၁၀ ချက်ထက်မနည်း အပစ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များကပြောကြား သည်။
“ ဒီမနက် ရဲမှူးနဲ့အဖွဲ့ မြို့ထဲထွက်လာတဲ့အချိန်မှာ ပစ်သွားတာ ဟုတ်တယ်။ ကျနော်တို့ကလည်း ရဲတွေ လာနေတော့ ဝေးဝေးကနေရှောင်သွားဖို့လုပ်နေတဲ့အချိန် ရဲမှူးပစ်ခံရတာကို တွေ့လိုက်ရတာ။ သေနတ် သံ ဆယ်ချက်လောက်ကြားလိုက်ရတယ်” ဟု ဆိုသည်။
သေနတ်ဖြင့်ပစ်ခံရသည့် ရဲမှူးကိုကိုလွင်မှာ အပစ်ခံရသည့်နေရာတွင်ပင် သေဆုံးသွားကြောင်း မျက်မြင် တွေ့ရှိခဲ့သည့် ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။
ရဲမှူးကိုကိုလွင်သည် ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့က ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာရှိ မှော်စုံလှည့် လူထုသပိတ်မှ ဆန္ဒပြပြီးအိမ်ပြန်လာသည့် အမျိုးသမီးခုနစ်ဦးနှင့်အမျိုးသားတစ်ဦးကို ဆိပ်မူ(ဆိုင်း တောင်)တွင် ပိတ်ဆို့ဖမ်းဆီးခဲ့ရာတွင် ဦးဆောင်ခဲ့သည့် ရဲမှူးတစ်ဦး ဖြစ်သည်။
ဖားကန့်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သောရဲတပ်ဖွဲ့ဝင်များကို ကချင် လက်နက်ကိုင်အဖွဲ့ KIA က မကြာ ခဏဖမ်းဆီးလေ့ရှိနေကာ ယခုရဲမှူးကိုကိုလွင်ကိုလည်း KIA တပ်ဖွဲ့ဝင် များကပစ်ခတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကသုံးသပ်ပြောဆိုနေကြသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည် ပြုနိုင်ခြင်းမရှိသေးပေ။ mizzima