မင်းတပ်တွင် CDF များလက်နက်ချဖို့ပြောပေးရန် စကစမှ ပြည်သူများကိုစည်းရုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် CDF များလက်နက်ချဖို့ပြောပေးရန် မြို့ပေါ်ရှိပြည်သူများကို စစ်ကောင်စီမှ နည်းမျိုးစုံအသုံးပြုပြီး စည်းရုံးဟောပြောနေကြောင်း ဒေသခံများကဆိုသည်။

ဩဂုတ်လ ၂ ရက်၊ နံနက် ၁၀ နာရီခန့်အချိန်တွင် စစ်ကောင်စီအဖွဲ့များက မင်းတပ်မြို့၊ မြို့မ ဘောလုံးကွင်း အနီးရှိ RC ဘုရားကျောင်းဝန်းအ တွင်းမှ အဆောက်အဦးတစ်ခုတွင် ဘဝသစ်ရပ်ကွက်နှင့် အရှေ့ပြင် ရပ်ကွက်တို့မှ ပြည်သူများအား စည်းရုံးဟောပြောခဲ့ခြင်းဖြစ်သည်။

အဆိုပါဟောပြောပွဲတွင် ” CDF များ လက်နက်ချအလင်းဝင်ရန် ပြည်သူများမှစည်းရုံးပေးကြရန်ပြောဆို ပြီး ဟောပြောပွဲလာရောက်သူများကို ခြင်ထောင်တစ်ထည်စီ ပေးဝေကြောင်း ” ဒေသခံမှ ပြောသည်။

ထို့အပြင် မိမိနေအိမ်တွင် သူစိမ်းဧည့်သည်များလက်ခံထားပါက ဖမ်းဆီးခံရမည်ဟုလည်း စစ်ကောင်စီ တပ်မှ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းလည်းသိရသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့က မင်းတပ်ပြည်သူ့ဆေးရုံကြီးတွင် အသက် ငါးနှစ် အောက် ကလေးငယ်များကို ကိုဗစ်ကာ ကွယ်ဆေးထိုးပေးသည့် အခမ်းအနားပြုလုပ်ကာ ဆေးမထိုးမီ ချင်း-မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသည့် လက်ကမ်းစာစောင်များဝေငှခဲ့ကြသေးသည်။

အဆိုပါ လက်ကမ်းစာစောင်များကို စစ်ကောင်စီအဖွဲ့နှင့်အတူ မြို့မိမြို့ဖများ၊ ဘာသာရေး ဆရာတော် အချို့မှ ဝေငှခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

စာစောင်ထဲတွင် NUG နှင့် CRPH အဖွဲ့ကို အကြမ်းဖက်များအဖြစ်ပုံဖော်ထားပြီး လက်နက်အပ်နှံကာ ပြည်သူ့ဘဝကိုပြန်လည်ဝင်ရောက်မည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း ရေးသားထား သည် ဟုလည်း ဒေသခံများထံမှ သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s