မင်္ဂလာဒုံမြို့နယ်တရားရုံး လုံခြုံရေးကင်းဂိတ်ကို လက်ပစ်ဗုံးဖြင့် ထု၊ ခရမ်းသစ်တောလုံ ခြုံရေးဂိတ်ကို ဗုံးသီးဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ မန္တလေးတွင်လည်း ပေါက်ကွဲမှုများဖြစ်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တရားရုံး လုံခြုံရေးကင်းဂိတ်ကို လက်ပစ်ဗုံးဖြင့် ထု၍ ပစ်ခတ်ခဲ့ကြောင်း ရန်ကုန်မြို့ပြ ပျောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မင်္ဂလာဒုံ တရားရုံးကို ဒီည ၈ နာရီ ၁၅ မိနစ်မှာ လက်ပစ်ဗုံး တစ်လုံးနဲ့တိုက်ခိုက်ပါတယ်။ တရားရုံးထဲ ဂိတ်က စစ်ခွေး အစောင့်တဲထဲ ပစ်ထည့်ခဲ့တယ်။ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ပါတယ်။ ကိုဂျင်မီနဲ့ ဇေယျာသော်အတွက် အကြွေးတောင်းခြင်းပါ” ဟု ရန်ကုန်မြို့ပြပျောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။
အလားတူရန်ကုန်ုတိင်း၊ ခရမ်းမြို့နယ်တွင် ယမန်နေ့ည သစ်တောစစ်ဆေးရေးဂိတ် ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၂ ဦးသေ၊ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရှိသူများထဲမှ ၁ ဦးပြင်းထန်ဒဏ်ရာရရှိပြီး စစ်ကောင်စီတပ်ဖွဲ့၀င်စုစုပေါင်း ၅ ဦးအထိ ထိခိုက်သေ ဆုံးမှုရှိကြောင်း ခရမ်းချန်နယ်က သတင်းထုတ်ပြန်သည်။
ထို့ပြင် သြဂုတ် ၁ ရက်နေ့၊ ည၉ နာရီခွဲအချိန် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆ လမ်းနှင့် လမ်း ၁၃၀ အနီး ရှိ (ဆ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး နှင့် ၄၉ လမ်း၊ ၁၃၁ ရတနာလမ်းရှိ ပျူစောထီးနှင့်သတင်းပေးများ စုရပ်အိမ်ကို JMPDF နှင့် မန္တလေးတော်လှန်ရေးမြို့ပြ တပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း ဒေသခံများနှင့် ဒေသတော်လှန်ရေး ပျောက်ကျားတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ khit thit