မတ္တရာမြို့နယ်တွင်ပြုလုပ်ခဲ့သည့် Operation 247 စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ကျဆုံးသူရဲကောင်းများအား ကိုယ်စားပြုလုပ်ဆောင်နေသည့် Operation 247 စစ်ဆင်ရေး၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့ကြောင်း Black Wolf PDF တာဝန်ရှိသူက မဇ္ဈိမသို့ပြောသည်။

မတ္တရာမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာတွင်တပ်စွဲထားသည့်စစ်ကောင်စီတပ်ကို ကာကွယ်ရေး မဟာမိတ် ပူးပေါင်းတပ်များမှ ဇူလိုင်လ ၃၁ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုသည် Operation 247 စစ်ဆင်ရေး၏ သုံးကြိမ်မြောက်တိုက်ခိုက်မှုလည်း ဖြစ်ကြောင်း သိရသည်။

“ဒရုန်းနဲ့ နှစ်ကြိမ်အရင် ဗုံးကြဲတိုက်ခိုက်တာပါ။ အဲဒီလိုတိုက်ခိုက်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်က ပြန်လည်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့လို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်” ဟု Black Wolf PDF တာဝန် ရှိသူကပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲ မိနစ် ၂၀ ကျော်ကြာ ဖြစ်ပွားခဲ့ပြီး နောက် အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကာကွယ် ရေးတပ်ဖွဲ့က ဆိုသည်။

“ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်မရှိခဲ့ပါဘူး။ တိုက်ခိုက်မှုတွေပြီးတဲ့နောက် ညနေ ၄ နာရီခန့်မှာ အနီးမှာရှိတဲ့ကျေးရွာတွေကို စစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်မှုတွေရှိခဲ့ပါတယ်။ အဲဒီအတွက်လည်း ကျေးရွာထဲမှာရှိတဲ့ပြည်သူတွေကို တောင်းပန်ပါတယ်” ဟု Black Wolf PDF တာဝန် ရှိသူက ရှင်းပြသည်။

တိုက်ခိုက်မှုကို မတ္တရာမြို့နယ် (ပ.က.ဖ)၊ ဝက်လက်မြို့နယ် နယ်စည်းမခြား တော်လှန်ရေးအင်အားစု၊ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း၊ ရွှေဘို တပ်ရင်း ၅၊ တပ်ခွဲ ၁ နှင့် BLACK WOLF – PDF တို့က မဟာမိတ် အဖြစ် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဟု သိရသည်။

အထက်ပါမဟာမိတ်တပ်ဖွဲ့များစုပေါင်းကာ Opeartion 247 အမည်ဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးများအပြင် နီးစပ်ရာဒေသများရှိစစ်ကောင်စီတပ်များကို တိုက်ခိုက်မှု များ လုပ်ဆောင်နေခြင်းဖြစ်သည်။

Operation 247 သည် ဒေသကာကွယ်ရေးမဟာမိတ်များဘက်မှ ကျဆုံးခဲ့ရသည့် ရဲဘော်နှစ်ဦး၊ မတရားကြိုးမိန့်ပေးခံခဲ့ရသော ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ လေးဦးနှင့် မတရားသတ်ဖြတ်ခံရသည့် တအုံကျေးရွာနေ ပြည်သူခုနစ်ဦးတို့ကို ကိုယ် စားပြုသည့်အနေဖြင့် ပြုလုပ်နေသည့်စစ်ဆင်ရေး ဖြစ်သည်။

အဆိုပါစစ်ဆင်ရေး၏ တိုက်ခိုက်မှုသုံးကြိမ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးကို သုတ်သင် ရှင်းလင်း ထားနိုင်ခဲ့ကြောင်းလည်း Black Wolf PDF မှ သတင်းထုတ်ပြန်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s