မောင်တောရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်စခန်းကို အေအေ တိုက်ခိုက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း မိုင်တိုင်အမှတ် ၄၀ နယ်ခြားစောင့်စခန်းကို ရက္ခိုင်တပ်တော် (အေအေ) က သြဂုတ် ၂ ရက် မ နက် ၉ နာရီမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်အရာရှိတွေ အပါအဝင် အကျအဆုံးရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးအရာရှိတဦးက ပြောပါတယ်။

“ဟုတ်တယ်။ မိုင် ၄၀ စခန်းကို အေအေဘက်က ဝင်တိုက်တာလို့ သိရတယ်။ အကျအဆုံးတော့ ရှိတယ်လို့ သိရတယ်။”

အဆိုပါတိုက်ခိုက်မှု ဖြစ်ပွားတဲ့နေရာမှာ အရင် ကသဲလူမျိုးတွေ နေထိုင်ခဲ့တဲ့ ငါးရံချောင်းကျေးရွာဟောင်းနဲ့ မှိုင်စရီ​ကျေးရွာအကြားရှိ နယ်ခြားစောင့်စခန်းဖြစ်တယ်လို့ ခမောင်းဆိတ် ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့မနက်က တိုက်ခိုက်မှုဖြစ်တာလို့ သိရတယ်။ အကျအဆုံးတော့ အတိအကျ ဘယ်သိပါ့မလဲ။”

မောင်တောခရိုင်ကို စစ်ကောင်စီက အငူမော်ဆိပ်ကမ်းမှတဆင့် နှစ်ရက်ဆက်တိုက် စစ်အင်အားတိုးချပြီးနောက် သြဂုတ် ၁ ရက် ည ၉ နာရီလောက်က မောင်တော-အငူမှော် ကားလမ်းပေါ်ရှိ မောရဝတီကျေးရွာ စစ်ဗျူဟာကုန်းအနီးမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s