အရပ်ဝတ်ဖြင့် ဆိုင်ကယ်မောင်းနှင်လာသည့် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး ပစ်ခတ်ရှင်းလင်းခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးနင်းလာသည့် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးအဆင့်ရှိ အမျိုးသားကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း God Of Death အဖွဲ့က သတင်းထုတ်ပြန်သည်။

ကာကွယ်ရေးတပ်ဖွဲ့၏ ပစ်ခတ်ရှင်းလင်းခြင်းခံလိုက်ရသူသည် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် ဒုံဇရစ်အခြေစိုက် ခမရ (၅၈၉) တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည့် ကိုယ်ပိုင်အမှတ် – တ / ၁၈၇၃၃၁ စစ်ကောင်စီတပ်ကြပ်ကြီး သန်းထွန်းမောင်ဆိုသူ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ တပ်ကြပ်ကြီး သန်းထွန်းမောင်ဆိုသူကို ယမန်နေ့ သြဂုတ်လ ၂ ရက်နေ့၊ ညနေ ၄ နာရီ ၄၀ မိနစ် အချိန်က ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာသို့ အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးနင်းလာစဉ် ဝင်းကံတံတားပေါ်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း God Of Death အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပစ်ခတ်ရှင်းလင်းခဲ့သည့် ဖြစ်စဉ် အသေးစိတ်နှင့် ပတ်သက်ပြီး God Of Death အဖွဲ့ကို မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း အလုပ်တချို့ရှိနေကာ ပြန်လည်ဖြေကြားရန် အချိန်မလောက်ငှတာကြောင့် နားလည်ပေးစေချင်ကြောင်းနှင့် ထုတ်ပြန်ချက်တွင် ရေးသားထားသည့်အတိုင်းသာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

တိုက်ခိုက်မှုကို Local PDF Theinzayat နှင့် Gods of Death အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

God Of Death အဖွဲ့သည် စစ်အာဏာသိမ်းပြီးသည့် ကာလနောက်ပိုင်းမှ စတင်ပြီး ရန်ကုန်မြို့အတွင်းရှိ စစ်ကောင်စီတပ်နှင့် ၎င်းတို့နှင့် ပတ် သက်ဆက်နွယ်သည့် အရာများကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် မြို့ပြမြေအောက်တော်လှန်ရေးတပ်ဖွဲ့တစ်ခု ဖြစ်သည်။

သို့သော် ဇွန်လ ၂၉ ရက်နေ့မှ စတင်ပြီး ရန်ကုန်မြို့အပြင် God Of Death အဖွဲ့ဝင်များက အဆိပ်ငွေ့စစ်ဆင်ရေး အသွင်ဖြင့် လှုပ်ရှားမှုများကို နေရာဒေသပေါင်းစုံတွင် ပြုလုပ်တော့မည်ဖြစ်ကြောင်း ပြည်သူများထံ အသိပေးအကြောင်းကြားထားခဲ့သည်။

ထို့သို့ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများပြုလုပ်ရာတွင် အခြေစိုက်ဒေသမရှိဘဲ အခွင့်သာလျှင် တိုက်ခိုက်မှုများ ပြုလုပ်မည် ဖြစ်သည့်အ တွက် စစ်အသုံးစရိတ်နှင့် ရိက္ခာစရိတ် လိုအပ်မှုများ ရှိနေခြင်းကြောင့် ထောက်ပံပေးကြရန်လည်း ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများကို အကူအညီတောင်းခံထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s