ကလေးမြို့နယ်တောင်ပိုင်းတွင် တိုက်ပွဲပြင်း ထန်နေပြီး နှစ်ဘက်ကျဆုံးမှုရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တောင်ပိုင်း သာယာကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုများရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ ဩဂုတ် ၄ ရက်တွင် ထုတ်ပြန်လာသည်။

ဩဂုတ်လ ၂ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးခန့်သေဆုံးပြီး ဩဂုတ် ၃ ရက်နေ့၌ ကာကွယ်ရေးတပ်ဘက်မှ အသက် ၁၉ နှစ် အရွယ် ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။

အင်အား ၂၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သည် ဩဂုတ်လ ၁ ရက်နေ့မှ စတင်ပြီး ကလေးမြို့နယ် တောင်ပိုင်း ထောက်ကြံ့ကျေးရွာဘက်မှ စတင်စစ်ကြောင်းထိုးရာ သာယာကုန်းကျေးရွာအနီး တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်သည်။

” အကြမ်းဖက်စစ်ကောင်စီက ထောက်ကြံ့ရွာဘက်ကနေစပြီး စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာတယ်။ အဲ့ကနေတစ်ဆင့် သာယာကုန်းရွာကို ထပ်ရောက်လာတယ်။ ၃ ရက်နေ့ ညနေပိုင်းလောက်ထဲက ပြည်သူ့ကာကွယ်ရေးတပ်မတော်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး အဲ့ဒီရွာ သာယာကုန်းတိုက်ပွဲမှာ ရဲဘော်ကျဆုံးရတာပါ ” ဟု ကလေးပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၆) မှ ကိုဂျပန်ကြီးက ပြောသည်။

ကလေးခရိုင် တပ်ရင်း အမှတ်(၆)၊ တပ်ခွဲ (၂) မှ အသက် ၁၉ နှစ်အရွယ် ရဲ‌ဘော်ဝေမင်းသော်သည် အဆိုပါတိုက်ပွဲတွင် လက်နက်ကြီးထိမှန်ဒဏ်ရာများဖြင့် ကျဆုံးရခြင်းဖြစ်သည်။

ဒေသံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ” အကြမ်းဖက်စစ်သား အလောင်းများနှင့် ဒဏ်ရာရရှိသူများကို စစ်ကောင်စီတပ်ဖွဲ့များက ကလေးနည်းပညာ တက္ကသိုလ်အတွင်းသို့ပြန်လည်ဆွဲယူသွားပြီး ကလေးမြို့ဘက်မှ လူနာတင်ယာဉ်များဖြင့် မြို့တွင်းသို့ ပို့ဆောင်ခဲ့ကြောင်း” People’s Defence Force (Kalay) ၏ သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အထိနာနေသည့်စစ်ကောင်စီတပ်သည် ကလေးနည်းပညာတက္ကသိုလ်အတွင်းမှ လက်နက်ကြီး ပစ်ကူများဖြင့် သာယာကုန်းရွာဘက်သို့ ဆက် တိုက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ်လ ၂ ရက်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်သည် သာယာကုန်းရွာအတွင်းသို့ စတင်ဝင်ရောက်ခဲ့ပြီး ကျေးရွာအတွင်းရှိ အပြစ်မဲ့ပြည်သူ ၁၀ ဦးခန့်ကို ဖမ်းဆီးကာ ၎င်းတို့အနက် အမျိုးသား တစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်းဆိုသည်။

ထိုသို့ဖမ်းဆီးခံရသူများကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်ဆက်လက်ခေါ်ဆောင်ထားသည်ဟု People’s Defence Force (Kalay)က ထုတ်ပြန်သည်။

ယနေ့ ဩဂုတ်လ ၄ ရက်တွင်လည်း တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည့်အတွက် ကလေး – ဂန့်ဂေါ လမ်းမကြီးအား မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်း မပြုရန် People’s Defence Force (Kalay)က ထုတ်ပြန်အသိပေးထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s