ခရမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်သားအချင်းချင်းရန်ဖြစ်ရာ စစ်သားသေဆုံး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် မြို့ပေါ် (၁၂)ရပ်ကွက်ရှိ ရေကျော်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသောစစ်ကောင်စီတပ်သားအ ချင်းချင်း သြဂုတ်လ၁ရက်နေ့တွင် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး စစ်သားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ထိုနေ့၌ ခရမ်းမြို့နယ်ရဲစခန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ရဲတပ်သားတို့ရန်ဖြစ်ခဲ့ပြီး နှစ်ဦးစလုံး ခရမ်းဆေးရုံတွင် တင်ထားရကြောင်း သိရသည်။
“နှစ်ခုလုံးက ၁ ရက်နေ့ကဖြစ်သွားတာပါ၊ အဲ့ဖြစ်တဲ့ညကပဲဗျ ခရမ်းဆေးရုံကို တင်ထားရတယ်၊ ရေကျော်ကျောင်းမှာ ရန်ဖြစ်တော့ ပစ်တဲ့စစ် သားကို ဖမ်းထားတယ်လို့ ကြားတယ်ဗျ”ဟု ဒေသခံတစ်ယောက်က ပြောသည်။
ပစ်ခတ်ခဲ့သောစစ်သားအား ဖမ်းဆီးထားကြောင်း သိရပြီး၊ သေဆုံးစစ်သားအား အခြားတစ်မြို့တွင်မီးသဂြိုဟ်ရန် သယ်ဆောင်သွားပြီး မည်သည့်မြို့သို့ခေါ်ဆောင်သွားသည်ကို မသိရသေးပေ။
သြဂုတ်လ ၁ ရက်နေ့တွင်လည်း ရန်ကုန်တိုင်း ခရမ်းမြို့နယ် သစ်တောစစ်ဆေးရေးဂိတ်အား ကာကွယ်ရေးတပ်ဖွဲ့မှ ၄၀ မမဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး စစ်ကောင်စီမှ နှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သေးသည်။ mizzima