ချင်းပြည်နယ်၊ဟားခါးနှင့်ထန်တလန်အကြားတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံး၊ တန့်ဆည်တွင်လည်း ပျူစောထီး ၃ ဦးသေဆုံး

ချင်းပြည်နယ်၊ဟားခါးနှင့်ထန်တလန်အကြားတွင်ယနေ့ ဩဂုတ်လ ၃ ရက်နေ့တွင် ချင်းပြည်နယ်ဒေသကာကွယ်ရေးတပ်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံးကြောင်း CDF-Zophei ကသတင်းထုတ်ပြန်သည်။

ချင်းပြည်နယ်၊ ဟားခါး-ထန်တလန်အကြား သီမစ်ချောင်းအနီးတွင် ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်နှင့် စစ်တပ်အကြား တိုက်ပွဲ နှစ်ကြီမ် ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ၊ တိုက်ပွဲသည် မွန်းလွဲပိုင်းတွင် တစ်ကြိမ်၊ ညနေပိုင်းတွင် တစ်ကြိမ် ၂ ကြိမ်ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။

တိုက်ပွဲတွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲဖက်၌ CNA၊ CDF-Zophei၊ CDF-Hakha၊ CDF-Thantlang၊ CDF-Lautu နှင့် CJDC ရဲဘော်များပူးပေါင်း ပါဝင်ကြကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊တန့်ဆည်မြိုနယ် အင်္ကုက္ကားရွာသုသာန်အနီးတွင် ကင်း စောင့်နေသော ပျူစောထီးများကို သြဂုတ်လ၂ ရက်နေ့ ည ၈ နာရီခန့်တွင် PDFပူးပေါင်းအဖွဲက မိုင်းဆွဲတိုက်ခိုက်ရာ ၃ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း သိရသည်။

တန့်ဆည်PDF တပ်ရင်း(၆)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၁၆)၊ Guerrilla Warfare- KPK၊ TSR၊ Taze Tiger၊ Nine Star၊ PLA၊ PRLF၊ ပလဖ နှင့် ပကဖ တို ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ မိုင်းဆွဲခံရပြီးနောက် မိုင်းထိသွားသော အကြမ်းဖက်ပျူစောထီးများ အော်ဟစ်ညည်းညူနေခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့သေးကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s