စစ်ကောင်စီကတိမတည်ဟု အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ဝေဖန်

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် မြန်မာစစ်ကောင်စီတို့ သဘောတူထားသည့် အချက် ၅ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် မြန်မာစစ်အစိုးရထံမှ ခိုင်မာသည့် ကတိကဝတ် သို့မဟုတ် အမှန်တကယ် အကောင်အထည်ဖော်လိုသော စိတ်ဆန္ဒ မတွေ့ရသေးကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

အာဆီယံ (၁၀) နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည် ကမ္ဘောဒီးယားနိုင်ငံတွင် တွေ့ဆုံဆွေးနွေးကြရာတွင် မြန်မာစစ်ကောင်စီနှင့် ပြီးခဲ့သောနှစ်တွင် ရရှိထားသော “သဘောတူညီချက်” ၅ ရပ်ကို ကို စစ်ကောင်စီက လိုက်နာရန် ထပ်မံတိုက်တွန်းခဲ့ကြသည်။

အင်ဒိုနီရှားနိုင်ငံခြားရေး ဝန်ကြီး Retno Marsudi က ထို အစည်းအဝေးတွင် မြန်မာစစ်ကောင်စီသည် ကတိများစွာကို ပျက်ခဲ့ကြောင်း ပြောဆိုသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲမှ ပူးတွဲကြေညာချက်ထုတ်ပြန်ရန် သဘောတူခဲ့ကြောင်းနှင့် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် စာပိုဒ်များကို ဆက်လက် ဆွေးနွေးနေကြောင်း သူမက ပြောကြားခဲ့သည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s