စစ်ကောင်စီက မြိတ်နှင့်ထားဝယ်တွင် ညမထွက်ရအမိန့် ထပ်မံထုတ်ပြန်

မြိတ်နှင့်ထားဝယ်မြို့နယ်များတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များနှင့် လက် အောက်ခံအဖွဲ့စည်းများအား ခြောင်းမြောင်းတိုက်ခိုက်မှုများရှိလာ၍ ညမထွက်ရအမိန့်ကို ပြန်လည်ထုတ် ပြန်ခဲ့ကြောင်း သက်ဆိုင်ရာမြို့ခံများထံက သိရသည်။

မြိတ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ် ခံခဲ့ရပြီး စစ်ကောင်စီတပ်သားများရှိနေသည့် ရပ်ကွက်မီးသတ်ကင်းတဲတစ်ခုလည်း ဗုံးဖြင့်ပစ်ခတ်ခံခဲ့ရ သည်။

ထို့ကြောင့် မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီတပ်သားများအပါဝင် ၎င်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများက ကားနှင့်ဆိုင်ကယ်များကို တင်းတင်းကြပ်ကြပ် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဖမ်းဆီးစစ်ဆေး မှုများလည်း ပိုမိုလုပ်ဆောင်လာကြောင်း မြို့ခံများထံက သိရသည်။

“မြို့ပေါ်မှာက အခုရက်ပိုင်းတွေမှာ နေ့ရောညပါ ကားနဲ့ဆိုင်ကယ်တွေကို စစ်ဆေးနေပြီး လူငယ်တွေကိုပါ ဖမ်းဆီးစစ်ဆေးတာတွေ အရင်လို ပြန်လုပ်လာတာကို တွေ့ရတယ်” ဟု မြိတ်မြို့ခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မြိတ်မြို့ပေါ်တွင် ညမထွက်ရ အမိန့်ကို အများပြည်သူ သိရှိအောင် တရားဝင် စာဖြင့် သတိပေးထုတ်ပြန်ခြင်းမျိုးမရှိဘဲ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ကလွင်ကျေးရွာ၊ ရေပုန်း၊ မြိတ်တောင် ကျေးရွာနှင့် မြိတ်တောင်နယ်မြေတို့တွင် ည ၈ နာရီမှ နံနက် ၄ နာရီ အထိ ညမထွက်ရအမိန့်ကို သက်ဆိုင် ရာရပ်ကွက်အလိုက် လိုက်လံကြေညာထားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ ဩဂုတ်လ ၃ ရက်နေ့က အကြောင်းပြချက်တစုံတရာမရှိဘဲ ထားဝယ်မြို့နယ် တွင် ညမထွက်ရအမိန့်ကို စာထုတ်ပြန်ခဲ့သည်။ အဆိုပါစစ်ကောင်စီ၏ ထုတ်ပြန်ချက်၌ ထားဝယ်မြို့တွင် ညမထွက်ရ အမိန့်ကို ည ၁၀ နာရီမှ နံနက် ၄ နာရီ အထိ သတ်မှတ်ထားသည်ဟု ဖော်ပြထားသည်။

ယခုကဲ့သို့ မြို့နယ်နှစ်မြို့တွင် စစ်ကောင်စီမှ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပြီးနောက် မြို့ခံများအား ဖမ်းဆီးမှုများရှိလာကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s