စစ်ကောင်စီ၏ ဝင်ငွေရလမ်းများ ဖြတ်တောက်ရေး MOGE ကို ဒဏ်ခတ်ပိတ်ဆို့ရန်နှင့် အပြောလျှော့ပြီး မြန်မာစစ်တပ်ကို လက် တွေ့ အရေးယူရန် အမေရိကန် လွှတ်တော်အ မတ် McConnell ကြေညာ

အမေရိကန်အထက်လွှတ်တော်အမတ်နှင့် ရီပတ်ဘလီကန် ခေါင်းဆောင် Mitch McConnell က မြန်မာနိုင်ငံမှ အကြမ်းဖက်စစ်ကောင်စီကို ကိုင်တွယ်အရေးယူရာတွင် အပြောလျှော့ပြီး အလုပ်ဖြင့် သက်သေပြရန်၊ စစ်တပ်၏ ဝင်ငွေရလမ်းများဖြတ်တောက်ရေး မြန်မာ့ရေနံနှင့်သ ဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ပိတ်ဆို့အရေးယူရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အမေရိကန်အထက်လွှတ်တော်အမတ် Mitch McConnellက ဩဂုတ်လ ၃ ရက်နေ့ (မြန်မာစံတော်ချိန် ဩဂုတ်လ ၄ ရက်နေ့) တွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ထိုသို့ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။
“အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken အနေနဲ့ သူ့ရဲ့အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံ အိမ်နီးချင်းတွေနဲ့ အရှေ့တောင်အာရှ နိုင်ငံများအ သင်းထံ ခိုင်မာတဲ့ သတင်းစကား ပေးပို့နိုင်လိမ့်မယ်လို့ ကျနော် လေးနက်စွာ မျှော်လင့်မိပါတယ်။ လက်လွတ်စပယ် သတ်ဖြတ်နေတဲ့ စစ်တပ်ကို အဓိပ္ပာယ်ရှိတဲ့ ပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့ အချိန်ကျပါပြီ” ဟု Mitch McConnellက ဆိုသည်။
အကြမ်းဖက် မြန်မာစစ်ကောင်စီသည် ဩဂုတ်လ ၃ ရက်နေ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ကို ကြိုဆိုခြင်းဖြင့် ရက်စက်ကြမ်းကြုတ်သော အာ ဏာ ရှင်နိုင်ငံအချင်းချင်း စုစည်းလာခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် မြန်မာစစ်ကောင်စီကို နိုင်ငံတကာ၏ တိုက်တွန်းချက်များ လိုက်နာရေးအတွက် အရေးမယူနိုင်ပါက မြန်မာပြည်သူများ ဆက်လက် သတ်ဖြတ်ခံနေရဦးမည်ဟု ၎င်းက ဆက်ပြောသည်။
“စစ်အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်ပြီး တရားမဝင် အုပ်ချုပ်မှုအောက်မှာ ဒုက္ခရောက်နေတဲ့ အပြစ်မဲ့ပြည်သူတွေကို အကူအညီပေးဖို့ မြန်မာနဲ့ အိမ်နီးချင်း အာဆီယံက ဆန္ဒမရှိရင် အမေရိကန်အုပ်ချုပ်ရေးပိုင်းအနေနဲ့ ကွန်ဂရက်လွှတ်တော်က ပေးအပ်ထားတဲ့အခွင့်အာဏာတွေကို အ သုံးချပြီး မြန်မာစစ်တပ်ကို အရေးယူရပါမယ်။ MOGE အပါအဝင် စစ်တပ်ရဲ့ ဝင်ငွေရလမ်း အရင်းအမြစ်တွေကို ပိတ်ဆို့ အရေးယူမှုတွေ လုပ်ရပါ့မယ်” ဟု ၎င်းကဆိုသည်။
လက်ရှိ မြန်မာပြည်သူများအတွက် အပြောလျှော့ပြီး မြန်မာစစ်တပ်ကို လက်တွေ့ အရေးယူမှုများ ဆောင်ရွက်ရမည့် အချိန် ကျရောက်ပြီဖြစ် ကြောင်း ၎င်းက ပြောဆိုသွားသည်။khit thit