ပုသိမ်အကျဥ်းထောင်တွင် သေဒဏ်ချမှတ်ခံ ထားရသူ ၂ ဦးနှင့် ထောင်တစ်သက် အမိန့်ချခံထားရသူ ၅ ဦးရှိနေ

ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသားများအနက် သေဒဏ်ချမှတ်ခံ ထားရသူ နှစ်ဦးနှင့် ထောင်တစ်သက်အမိန့်ချခံထားရသူ ငါးဦးရှိနေကြောင်း အကျဥ်းထောင် ဝန်ထမ်းများထံက သိရသည်။
ထိုသို့ အမိန့်ချခံထားရသူများမှာ အင်းစိန်ထောင်မှ ပုသိမ်အကျဥ်းထောင်သို့ပြောင်းရွှေ့ခံထားရသူများဖြစ်ပြီး သေဒဏ်ချမှတ်ခံထားရသည့် ရန် ကုန်တိုင်း ရွှေပေါက်ကံမြို့သစ်မှ ကိုကျော်ကျော်နိုင်နှင့် မလှလှနိုင်တို့နှစ်ဦးမှာ ဇနီးမောင်နှံဖြစ်ကြောင်း ထောင်ဝန်ထမ်းတစ်ဦးက ပြော သည်။
၎င်းအပြင် ထောင်တစ်သက်အမိန့်ချခံထားရသူများဖြစ်သည့် ကိုလှိုင်မင်းကျော် ၊ကိုအောင်ဖြိုးသွင်တို့ နှစ်ဦးမှာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့ နယ်မှဖြစ်ကြောင်း၊ ကိုဇင်မင်းထွန်းမှာ သာကေတမြို့နယ်မှ ဖြစ်ကြောင်း၊ကိုဇော်ဝင်းမြင့်နှင့် ကိုအောင်ကိုကိုဇော်တို့နှစ်ဦးမှာ လှိုင်သာယာမြို့ နယ်မှဖြစ်ကြောင်း ၎င်းကဆိုသည်။
“သေဒဏ်ချခံထားရတဲ့ လင်မယားနှစ်ယောက်ကတော့ ၂၀၂၁ ၊စက်တင်ဘာလက ပုသိမ်ထောင်ကိုရောက်လာကြတာပါ၊ ပြီးတော့ ထောင် တစ် သက်အမိန့်ချခံထားရတဲ့ ငါးယောက်ကတော့ ၂၀၂၂ ၊ဇန်နဝါရီလမှာ ပုသိမ်ထောင်ကိုရောက်လာခဲ့တာပါ၊ သူတို့ ခုနစ်ယောက်လုံးက အင်းစိန် ထောင် တရားရုံးမှာ အမိန့်ချခံရပြီးမှ ပုသိမ်ထောင်ကိုရောက်လာတာပါ”ဟုထောင်ဝန်ထမ်းက ဆိုသည်။
လက်ရှိတွင် အဆိုပါနိုင်ငံရေးအကျဥ်းသား ခုနစ်ယောက်အား အခြားနိုင်ငံရေးအကျဥ်းသားများနှင့် အတူမထားဘဲ နေရာခွဲထားကြောင်း ၎င်းတို့အားလုံးကျန်းမာရေးကောင်းမွန်ကြောင်း အကျဥ်းထောင်ဝန်ထမ်းကဆက်လက်ပြောသည်။
မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၇၀ ကျော်ရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူ ညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ထုတ်ပြန်ချက်များအရ သိရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်အကျဥ်းထောင်တွင် မတရား ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဥ်းသား ၃၀၀ ကျော် နှင့် နိုင်ငံရေး အကျဥ်းသူ ၅၀ နီးပါး ရှိနေသည်ဟုသိရပြီး ထောင်တွင်းတရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့သူ ၁၀၀ ကျော်ခန့်ရှိကြောင်း ပုသိမ်အကျဉ်းထောင်ဝန် ထမ်းများထံက သိရသည်။mizzima