ယူကရှိန်းအား ကျုးကျော်မှု စစ်ကောင်စီထောက် ခံကြောင်းကို ရုရှားချီးကျူး

ယူကရိန်းအကျပ်အတည်းနှင့် ပတ်သက်၍ အာဏာသိမ်း မြန်မာစစ်ကောင်စီ၏ ရပ်တည်မှုအပေါ် နေပြည်တော်ရောက် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ချီးကျူးလိုက်သည်။

ယနေ့ (ဩဂုတ် ၃) နံနက်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာပြီးနောက် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် Sergey Lavrov က အထက်ပါအတိုင်း ပြောသည်ဟု ရုရှားသတင်းဌာန TASS က ရေးသားသည်။ 

“မြန်မာက မျှမျှတတ ရပ်တည်ပေးတယ်။ အနောက်အုပ်စုက သူ့ဆန္ဒအတိုင်း ပတ်ဝန်းကျင်က လူတွေကို အဆုံးအဖြတ်ပေးနေတဲ့အချိန် မြန်မာကတော့ ဖြစ်ပေါ်နေတဲ့ အခြေခံအကြောင်းရင်းကို ကောင်းကောင်းနားလည်တယ်” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်တွင် ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဖိအားပေးမှုများ ရင်ဆိုင်ကြုံတွေ့ နေရသည့် မြန်မာအပေါ် ရုရှားနိုင်ငံ၏ စာနာနားလည်မှုနှင့် ပတ်သက်၍ Sergey Lavrov က ထပ်လောင်း ကတိပြုခဲ့သည်ဟုလည်း  သိရသည်။​

စက်တင်ဘာလအတွင်း ကျင်းပရန်ရှိသည့် စီးပွားရေးဖိုရမ်ကို မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်ဟု မျှော်လင့်ထားကြောင်းလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုသည်။ 

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနှင့် မည်သည့်အကြောင်းအရာများ တွေ့ဆုံဆွေးနွေးသည်ကိုမူ အသေးစိတ် မသိရပေ။

ခရီးစဉ်မတိုင်မီ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူက ထုတ်ဖော်ပြောဆိုရာတွင် စစ်ကောင်စီနှင့် စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် သဘာဝ ဓာတ် ငွေ့ထုတ်လုပ်ရေး အပါအဝင် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရန်၊ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍများ ပါဝင်သည်ဟု သိရသည်။​ 

နေပြည်တော်ရောက် ရုရှားနိုင်ငံခြားရေးဝန်ကြီးသည် ယနေ့တွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့သည်။ 

ရုရှားနိုင်ငံခြားရေးဝန်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပနေသည့် အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေးမတိုင်မီ နေပြည်တော်သို့ လာရောက်ခြင်းဖြစ်သည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် စစ်ကောင်စီကိုယ်စားပြု ဦးဝဏ္ဏမောင်လွင် တက်ရောက်ခွင့် မရပေ။ 

အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားနိုင်ငံ၏ အဆင့်မြင့်ဆုံးကိုယ်စားလှယ်တစ်ဦး စစ်ကောင်စီကို ပထမဆုံး လာရောက်တွေ့ဆုံခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်တွင် ရုရှားကာကွယ်ရေးဝန်ကြီး နေပြည်တော်သို့ လာရောက်ကာ မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားနိုင်ငံသို့ နှစ်ကြိမ်တိုင်သွားရောက်ခဲ့သည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s