ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်း၊ တော်လန်းနယ် မြေရဲစခန်းကို ၄၀ မမ ဗုံးသီးဖြင့်ပစ်ခတ်၊ မြောက်ဥက္ကလာ၊ အင်းစိန်၊ ဒဂုံတို့တွင် ယခုည ဗုံးများပေါက်၊ မကွေးမြို့နယ်တရားရုံးနှင့်ဥပ ဒေရုံး ဗုံးခွဲခံရ

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ တော်လန်းကျေးရွာ နယ်မြေရဲစခန်းကို ယနေ့ နံနက်ပိုင်းတွင် ၄၀ မမ ဗုံးသီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၃ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန် ၊ တော်လန်းကျေးရွာ နယ် မြေရဲစခန်းကို တောင်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ၄၀ မမ ဗုံးသီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆောက်အဦတချို့ ပျက်စီးသွားကြောင်း သိရှိရသည်။

အလားတူ မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာလမ်းဆုံတွင် ယနေ့ နံနက် ၉ နာရီ ၂၅ မိနစ်အချိန် နှင့် ည ၁၀ နာရီ ၈ မိနစ်အချိန် ဗုံးများပေါက်ကွဲခဲ့ကြောင်း၊ ပစ် ခတ်သံများပါကြားရကြောင်း ဒေသခံများက ပြောသည်။

ထို့ပြင် အရှေ့ဒဂုံနှင့်မြောက်ဒဂုံ အစပ် ၇/၈ လမ်းဆုံအနီးတွင်လည်း ယနေ့ည ၉ နာရီ ၄၀ မိနစ်အချိန် ပေါက်ကွဲသံ ၂ ကြိမ် ကျယ်လောင်စွာကြားရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံပြောဆိုကြသည်။

ရန်ကုန်တိုင်း၊ အင်းစိန်မြိုနယ်တွင်လည်း ယနေ့ ည ၉ နာရီ ၂၅ မိနစ်အချိန် ပေါက်ကွဲသံကြားရပြီး မည်သည့်နေရာတွင် ပေါက်ကွဲသည်ကို မသိရှိရသေးဟု ပေါက်တော၀ အနီးတွင် နေထိုင်သူပြည်သူတစ်ဦးက ပြောသည်။

အလားတူ မကွေးတိုင်း၊ မကွေးမြို့နယ် တရားရုံးနှင့် ဥပဒေရုံးကို ယနေ့ဩ ဂုတ်လ ၃ရက်နေ့၊ ညနေ ၆နာရီခွဲအချိန် လက်လုပ်မိုင်းနှစ်လုံးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း MDA နဂါးတပ်မတော်က သတင်းထုတ်ပြန်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s