လက်ပန်ကျင်း ကျေးရွာရှိ ပြည်သူ ၁၀ဦးကို စစ်ကောင်စီတပ်က ပစ်သတ်၍ နေအိမ် ၁၅လုံး ခန့်ကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ပန်ကျင်းကျေးရွာနေ ဒေသခံပြည်သူ ၁၀ ဦးကို ပစ်သတ်၍ နေအိမ် ၁၅ လုံးခန့်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမူ များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဥ်သည် သြဂုတ်လ ၁ ရက်နေ့ တွင် စစ်ကောင်စီတပ်က လေကြောင်းသုံး၍ လက်ပန်ကျင်းကျေးရွာကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာမှ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

” စစ်ကောင်စီတပ်က ရဟတ်ယာဥ် လေးစီး အပြင် မြေပြင်စစ်ကြောင်း နှစ်ကြောင်း ခွဲပြီး ရွာကို ဝင်စီးတယ် ၊ ပိတ်မိနေတဲ့ ပြည်သူ တော်တော် များ ဖမ်းဆီး ခံရတာ ရှိတယ် ၊ ဖမ်းဆီး ခံရတဲ့ ပြည်သူ များ ထဲမှ ၁၀ ယောက် ကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားတယ်၊ လည်ချောင်း ၊ ဗိုက် နှင့် ဦးခေါင်း များကို သေနတ် နဲ့ ပစ်သတ်ထားတာမျိုးတွေ ၊ ဓား နဲ့ ထိုးတာမျိုးတွေကို အလောင်းမှာ တွေ့ရတယ် ၊ ဒါ့အပြင် အိမ်မွေးတိ ရစ္ဆာန် တွေ ဖြစ်တဲ့ နွားတွေ ၊ ဝက်တွေကို လူမဆန်စွာ သတ်ဖြတ်တယ် ၊ ပြီးတော့ နေအိမ် ၁၅ လုံးခန့်ကို လည်း မီးရှို့သွားတယ် ” ဟု ဒေသခံ တစ် ဦးက ဆိုသည် ။

ထို့အပြင် ဓားစာခံအဖြင့် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လက်ပန်ကျင်း ကျေးရွာမှ ဒေသခံပြည်သူ ၁၄ ဦးသည် ယခု အချိန်ထိ ပြန်လည် လွတ် မြောက်လာခြင်း မရှိသေးသည့်အတွက် မိသားစုဝင်များအနေဖြင့် စိုးရိမ်သောက ရောက်နေရကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s