လက်လုပ် Sniper များထုတ်လုပ်အောင်မြင်ကြောင်း ဆရာစံ- PDF ပြော

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အခြေစိုက် လှုပ်ရှားနေသည့် ဆရာစံ- PDF သည် လက်လုပ် ၅ ဒသမ ၅၆ Sniper များ ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သြဂုတ်လ ၃ ရက်နေ့တွင် ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်သည်။

“ကုန်ကျစရိတ်ကတော့ ၁၈သိန်းဝင်းကျင် ကုန်ကျပါတယ်၊ ထပ်ထုတ်မှာပါ၊ အလက် အရေအတွက်ကိုတော့ ပြောလို့မဖြစ်ဘူးဗျ၊ နောက်မှ အရေအတွက် တင်ပေးမယ်။” ဟု ဆရာစံ- PDF တာဝန်ရှိသူက ပြောပြသည်။

ထုတ်ပြန်ရာတွင် ကိုယ်ပိုင်ထုတ်လုပ်ရေးနှင့် အဆင်ပြေအောင် အတတ်နိုင်ဆုံးကြိုးစားလုပ်ဆောင်ပြီး အတတ်နိုင်ဆုံး အဖွဲ့ဝင်ရဲဘော်များ၊ ပြည်သူများ နှင့် နောင်လာမည့်ကလေးများ၏ အနာဂါတ်အတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဆရာစံ ပြည်သူ့ကာကွယ်ရေးတပ်က ဖော်ပြသည်။

ယခုလက်ရှိတွင် ၄၀မမ တစ်လက်ကို ငွေကျပ်သိန်း ၁၅၀ကျော်လောက် ပေးဝယ်နေရသည့်အချိန်တွင် ငွေကျပ်သိန်း၂၀ ဝန်းကျင်ခန့်ကုန်ကျကာ သတ္တုရည်ကြိုဖြင့် ပြုလုပ်သည့် လက်လုပ် ၄၀မမ ကို ထုတ်လုပ်လျက်ရှိကြောင်း ဆရာစံ- PDF ထံမှ သိရသည်။

လက်လုပ်လက်နက်များကို အောင်မြင်စွာထုတ်လုပ်နေသည့် ဆရာစံ- PDF သည် ပြည်သူများအတွက် တော်လှန်ရေး ပြီးဆုံးသည်အထိ ဒီထက်မက ကြိုးစားတိုက်ထုတ်သွားပါမည်ဟုလည်း ဆရာစံ- PDF တာဝန်ရှိသူကဆိုသည်။

ဆရာစံပြည်သူ့ကာကွယ်ရေးတပ်သည် တူမီးသေနတ် ၅ ဒသမ ၅၆ ကျည်တစ်တောင့်ထိုး၊ ၇ ဒသမ ၆၂ ကျည်တစ်ထောင့်ထိုး သေနတ်များအပြင် လက်နက်ကြီးအပိုင်းတွင် စိန်ပြောင်း၊ Rocket၊ တာဝေးစိန်ပြောင်း၊ Mytel မမ စသည့်လက်လုပ်လက်နက် အမျိုးမျိုးကို ထုတ်လုပ်ခဲ့ဖူးသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s