အရေးကြီး ကိစ္စမရှိဘဲ ပုသိမ်-ချောင်းသာ ကားလမ်းသို့မလာရန် Beach Defence Force သတိပေး

ဧရာဝတီတိုင်း ၊ ပုသိမ်-ချောင်းသာ ကားလမ်းသို့ အရေးကြီးကိစ္စမရှိဘဲ မလာကြရန် ကမ်းခြေကာကွယ်ရေးတပ်ဖွဲ့ (Beach Defence Force) က သြဂုတ်လ ၃ ရက်နေ့ ညပိုင်းက ထုတ်ပြန် ကြေညာခဲ့သည်။

Beach Defence Force အဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် “ကျွန်တော်တို့ Beach Defence Force(BDF)အနေဖြင့် ပုသိမ်- ချောင်းသာ ကား လမ်းအား အရေးကြီးကိစ္စမရှိဘဲ လုံးဝမသွားလာကြရန်နှင့် သွားလာသည့်အခါ စစ်ကောင်စီကားများနဲ့ ဝေးဝေးလိုက်ကြရန် ပြင်းပြင်း ထန်ထန် သတိပေးထုတ်ပြန်လိုက်ပါသည်”ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ချောင်းသာကမ်းခြေမှ ပုသိမ်ဘက်သို့ပြန်လာသည့် ဟိုတယ်နှင့်ခရီးသွား ဝန်ကြီး ဒေါက်တာ ဌေးအောင်နှင့် ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့ လိုက်ပါလာသည့်ယဥ်တန်းအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပုသိမ်-ချောင်းသာ ကားလမ်းပေါ်၌ တိုက်ခိုက်ရာတွင် Beach Defence Forceအဖွဲ့လည်း ပါဝင်ခဲ့သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s