ကလေးမြို့နယ်တွင် စစ်တပ်နှင့် PDF တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း သာယာကုန်းကျေးရွာမှာ ဩဂုတ် ၃ ရက် ညနေပိုင်းက ကလေးပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး Kalay-PDF တပ်ဖွဲ့ဝင်တဦး ကျဆုံးကာ စစ်ကောင်စီဘက်ကလည်း ထိခိုက်ကျဆုံးတာတွေ ရှိတယ်လို့ ထုတ်ပြန်ပြောဆိုပါတယ်။

ထောက်ကြန့်ကျေးရွာဘက်ကို ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သာယာကုန်းကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း Kalay-PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

“အကြမ်းဖက်စစ်ကောင်စီဘက်က စပြီး ချဉ်းကပ်လာတယ်။ တိုက်ပွဲက ပြင်းထန်တယ်။ အပြန်အလှန်ပစ်ပြီး လက်နက်ကြီးတွေနဲ့လည်းပစ်တော့ ကိုယ့်ဘက်ကလူကို ထိတယ်။ သူတို့ဘက်ကလည်း အကျအဆုံးရှိတယ်။ မှန်းလို့လုံးဝမရဘူး ဖြစ်နေတာ။ တိုက်ပွဲက ရွာထဲမှာဖြစ်တာဆိုတော့ သူတို့ (စစ်ကောင်စီ) ဘက်က သေနတ်ကောက်နေတာတွေ လဲနေတာတွေ တွေ့တယ်။ ဘယ်လိုမှ ရေတွက်လို့မရဘူး။”

Kalay-PDF တပ်ရင်း ၆ က အသက် ၁၉ နှစ်အရွယ် မောင်ဝေမင်းသော် တိုက်ပွဲမှာ ကျဆုံးသွားတယ်လို့ PDF တာဝန်ရှိသူတယောက်က ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိပြီး Kalay-PDF တပ်ဖွဲ့မှာ ကျည်မလုံလောက်တဲ့အတွက် ကျည်လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်း တက်လာ‌နေတာကို သတင်းရတဲ့အတွက် ဒေသခံတွေဟာ ဩဂုတ် ၁ ရက်ကတည်းက ဘေးလွတ်ရာ ထွက်ပြေးတိမ်း ရှောင်နေကြတယ်လို့ ပြောပါတယ်။

ကလေးမြို့နယ်၊ ထောက်ကြန့်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ကလည်း တိုက်ပွဲြဖစ်ပွားခဲ့ပြီး Kalay–PDF တပ်သားတဦး ကျဆုံးခဲ့တယ်လို့ PDF အဖွဲ့က သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s