ကလေးမြို့နယ်တွင် နှစ်ရက်တာတိုက်ပွဲအ တွင်း စစ်ကောင်စီဘက်မှ ၃၅ ဦးသေ ဆုံးပြီး တော်လှန်ရေးရဲဘော် ၃ ဦးကျဆုံး၊ ရေးမြို့နယ်တွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရမှု စစ်သား ၆ ဦးသေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ဩဂုတ်လ ၃ ရက်နေ့နှင့် ဩဂုတ်လ ၄ ရက်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၃၅ ဦးသေဆုံးပြီး တော် လှန်ရေးရဲဘော် ၃ ဦးကျဆုံးကြောင်း PDF ကလေးက တရားဝင် သတင်းထုတ်ပြန်သည်။
ကလေးမြိုနယ်တောင်ပိုင်း ကလေးနည်းပညာတက္ကသိုလ်၏တောင်ဘက် သာ ယာကုန်းရွာတွင် ဩဂုတ်လ ၂ ရက်နေ့မှ စတင်၍ တပ်စွဲထားသော အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲများအား PDF (Kalay) တပ်ရင်း ၁ ၊ ၂ ၊ ၃၊ ၅ ၊ ၆ ၊ ၇၊ ၈ ၊ ၁၂ တိုနှင့်အတူ ပ.က.ဖ (ကလေး) ၊ CNDF ၊ CDF – KKG ၊ RKDF ပူးပေါင်းတပ်ဖွဲများက ဩဂုတ်လ ၃ ရက်နေ့ ညနေ ၅ နာရီ ခွဲ အချိန်ခန့်တွင် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ည ၈ နာရီခွဲအချိန်ခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူများဖြင့် အဆက်မပြတ်ပစ်ခတ်မှုကြောင့် ပူးပေါင်းတပ်ဖွဲများ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။
ယနေ့ဩဂုတ်လ ၄ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်မှစတင်ကာ သာယာကုန်းရွာနှင့် အနီးဝန်းကျင်၌ တနေ့တာလုံးနီးပါး အကြမ်းဖက်စစ်ကောင် စီတပ်ဖွဲများနှင့် ပူးပေါင်းတပ်ဖွဲများ တိုက်ပွဲအပြင်းအထန် ဆက်လက်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ကလေးနည်းပညာတက္က သိုလ်အတွင်းမှလည်းကောင်း၊ ကလေးမြိုအတွင်းရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အတွင်းမှလည်းကောင်း လက် နက်ကြီးပစ်ကူများဖြင့် သာယာကုန်းရွာနှင့် ထောက်ကြန့်ရွာများ ဘက်သို ဦးတည်ကာ အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲများဘက်မှလည်း ကလေးနည်းပညာတက္က သိုလ်ဘက်သို လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ ဩဂုတ်လ ၃ ရက်နေ့မှ ယနေ့ညနေပိုင်းအထိ ဖြစ်ပွားလျက်ရှိသောတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦးခန့်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိထားကြောင်း ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲများ ဘက်မှ PDF (Kalay) တပ်ဖွဲဝင် ၁ ဦး ၊ ပ.က.ဖ တပ်ဖွဲဝင် ၂ ဦး စုစုပေါင်း ၃ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး၊ PDF (Kalay) တပ်ဖွဲဝင် ၁၀ ဦး၊ CNDF – Vakok တပ်ဖွဲဝင် ၂ ဦး ၊ ပ.က.ဖ တပ်ဖွဲဝင် ၄ ဦး၊ RKDF တပ်ဖွဲဝင် ၁ ဦး စုစုပေါင်း ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ ယနေ့ ဩဂုတ်လ ၄ ရက်နေ့ ကလေးမြိုနယ်တောင်ပိုင်းတွင် တိုက်ပွဲပြင်းထန်လျက်ရှိသည့် တချိန်တည်း ကလေးမြိုနယ် မြောက်ပိုင်းတွင်လည်း တမူးမှ ကလေးဘက်သို ဦးတည်မောင်းနှင်လာသည့် စစ်ကား ၁၄ စီး ယာဉ်တန်းသည် အင်အား ၆၀ ခန့် ဖြင့် ရှေ့ပြေးမိုင်းရှင်းရန် တပ်သားများက ခြေလျှင်လျှောက်တက်လာရာ နံနက် ၁၁ နာရီခန့်တွင် ၅၅ မိုင်နှင့် ရာဇဂြိုဟ်ရေလှောင်တမံလမ်းအကြား သုံးလောင်းကွေ့ အနီး PDF (Kalay) တပ်ဖွဲများက မိုင်း ၁၂ လုံးဖြင့် ဆက်တိုက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၂၀ ဦးခန့် နေရာတွင်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အထိနာသွားသော စစ်ကောင်စီတပ်ဖွဲ့များသည် ၅၅ မိုင်ရွာအတွင်းမှ အပြစ်မဲ့ပြည်သူအချိုကို ဖမ်းဆီးထားပြီး ညနေ ၆ နာရီခွဲအချိန် ခန့်တွင် ရာဇဂြိုဟ်ရွာအတွင်းသို လက်နက်ကြီးများ အဆက်မပြတ်ပစ် ခတ်၍ ဝင်ရောက်မွှေနှောက်ခဲ့ပြီး ရာဇဂြိုလ်ရွာအတွင်း၌ PDF (Kalay) တပ်ဖွဲများဖြင့် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် မွန်ပြည်နယ်၊ သံဖြူဇရပ်မှ ရေးမြို့နယ်ဘက်သို့ ယနေ့ ဩဂုတ်၄ ရက်နေ့ နံနက် ၁၁ နာရီအချိန် မောင်းနှင်လာတဲ့ စစ်ကား ၂ စီးနှင့် အိမ်စီးကားတစ်စီးတို့ကို ရေးပျောက်ကြားတပ်ဖွဲ့(YGF)နှင့် ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ဦးကျဆုံးကြောင်း YGF က တရားဝင် သတင်းထုတ်ပြန်သည်။ khit thit