ကြိုးပေးကွပ်မျက်မှုအပေါ် အလွန်စိတ်ပျက် စိုးရိမ်ပူပန်ကြောင်း သြစတြေးလျ နိုင်ငံခြား ရေးဝန်ကြီးပြော

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ အန်အယ်လ်ဒီ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် ဒီမိုကရေစီရေးလှုပ် ရှားသူ ၄ ဦးကို စစ်ကောင်စီက ကြိုးပေး ကွပ်မျက်မှုအပေါ် အဆုံးစွန်စိတ်ပျက်မှုနဲ့ အလွန်အမင်း စိတ်ပူပန်ကြောင်း  သြစတြေးလျ နိုင် ငံခြားရေးဝန်ကြီး ပန်နီဝေါင်းက ပြောကြားလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ သြဂုတ် ၄ ရက်က ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံပွဲမှာ  သြစတြေးလျနိုင်ငံခြား ရေးဝန်ကြီး ပန်နီဝေါင်းက သူ့ရဲ့အဖွင့်မိန့်ခွန်းထဲမှာ  ပြောကြားလိုက်တာပါ။

မြန်မာစစ်အုပ်စုက အာဆီယံဘုံသဘောတူညီချက်  အချက် ၅ ချက်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိတဲ့ အပေါ် ဩစတြေးလျဟာ ကမ္ဘောဒီးယားနဲ့ တခြား အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့အထပ်တူကျတဲ့ စိတ်ပျက်မှုတွေကို မျှဝေခံစားနေရပါကြောင်းလည်း မစ္စဝေါင်းက ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီပွားရေးအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဖမ်းဆီးခံ သြစတြေးလျပညာရှင် ပါမောက္ခ ရှောင်တာနယ်ကို ပြန်လွှတ်ပေးဖို့လည်း မြန်မာစစ်အာဏာရှင်ထံမှာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s