စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းကို တိုက်ခိုက်ရန် စီစဉ်ထားသည့် မိုင်းများ သ တင်းပေးကြောင့် သိမ်းဆည်းရှင်းလင်းခံရ

မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် ကာကွယ်ရေးတပ်ဖွဲ့က ထောင်ထားသည့်မိုင်းများ ပြည်သူတစ်ဦး၏ သတင်းပေးမှုကြောင့် သိမ်းဆည်းရှင်းလင်းခံလိုက်ရကြောင်း TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။

စဉ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီတပ်ယာဉ်တန်း ဖြတ်သန်းမည့်သတင်း ရရှိခြင်းကြောင့် ဇူလိုင်လ ၁၉ ရက်နေ့တွင် TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့က ရွှေပြည်ရွာနှင့် ညောင်ဝန်းရွာကြားတွင် မိုင်းများထောင်ထားကာ တိုက်ခိုက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

“ဇူလိုင်လ ၁၉ ရက်နေ့မှာ စစ်ခွေး(စစ်ကောင်စီတပ်ဖွဲ့)ယာဉ်တန်းလာမယ် ကြားလို့ မိုင်းငါးလုံးထောင်ပြီး စောင့်နေတာ။ ဒီကောင်တွေက အဲ့နေ့ကစပြီး အရပ်သားကားတွေကို ချောဆွဲပြီးတော့ပဲ ဖြတ်တော့တယ်။ နောက်ရက်တွေလည်း အဲ့လိုပဲ အရပ်သားကားတွေနဲ့ ဖြတ်တော့ အပြစ်မဲ့ ပြည်သူတွေ ထိခိုက်မှာစိုးလို့ တိုက်ခိုက်မှုမလုပ်နိုင်ခဲ့ဘူး” ဟု TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ပြောက်ကျားတပ်ဖွဲ့က ပြည်သူများ ထိခိုက်မှုဖြစ်မည်ကို စိုးရိမ်သည့်အတွက် အရပ်သားကားများ အသုံးပြုကာ သွားလာနေသည့် စစ်ကောင်စီတပ်ကို မ်ိုင်းဆွဲတိုက်ခိုက်မှုများ မပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မိုင်းများကို ကာကွယ်ရေးတပ်ဖွဲ့က ပြန်လည်ဖြုတ်သိမ်းရန်နှင့် မ်ိုင်းနှင့်တွဲကာ တပ်ဆင်ထားသည့် ဘက္ထရီများကို အားသွင်းရန် ကြိုးစားခဲ့သော်လည်း မိုင်းထောင်ထားသည့်နေရာအနီးတဝိုက်တွင် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် လုံခြုံရေးတင်းကျပ်ထားခြင်းကြောင့် ပြုလုပ်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

“အဲ့တုန်းက စဉ်ကူးနယ်ထဲက စခန်းငယ်တစ်ခုကို စစ်ခွေး(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေက ဝင်သိမ်းနေတာရယ်၊ လုံခြုံရေးအင်အား အရမ်းများတာရယ်ကြောင့် အဲ့ဒီနယ်ထဲ ပြန်ဝင်ဖို့ ခက်ခဲခဲ့တယ်။ မနေ့က(သြဂုတ်လ ၃ရက်နေ့)တော့ ရွှေပြည်နဲ့ ညောင်ဝန်းကြားမှာ ပြည်သူတစ်ယောက်က ထောင်ထားတဲ့ မိုင်းတွေ တွေ့တဲ့အခါမှာ ညောင်ဝန်းအုပ်ချုပ်ရေးမှူးကို သွားပြီးတော့ အကြောင်းကြားလိုက်တယ်။ အဲ့ကနေတစ်ဆင့် ကျွန် တော်တို့ ထောင်ထားတဲ့ မိုင်းတွေ သိမ်းဆည်းခံလိုက်ရတာ” ဟု TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

ပြည်သူတစ်ဦး၏ သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်က အင်အား ၅၀ ဝန်းကျင်ဖြင့် လာရောက်ကာ ကာကွယ်ရေးတပ်ဖွဲ့ ထောင်ထားသည့် မိုင်းငါးလုံးကို ရှင်းလင်းသိမ်းဆည်းသွားခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်က သိမ်းဆည်းသွားသည့် မိုင်းများသည် တလုံးလျှင် ငွေကျပ် ၁၅၀,၀၀၀ကျော် ကုန်ကျသည့်အတွက် ငွေကျပ် ၈၀၀,၀၀၀ နီးပါး ဆုံးရှုံးခဲ့ရကြောင်းလည်း ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

“အခုလို သိမ်းဆည်းခံလိုက်ရတော့ တိုက်ခိုက်မှုတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိသွားပြီ။ လက်ရှိမှာ ဖြစ်သွားတာက တချို့ မကူညီဘဲနေတဲ့ ပြည်သူတွေရဲ့ လုပ်ရပ်ကြောင့်မို့ကို ဖြစ်သွားတာပါ။ အဲ့အတွက်ကိုလည်း ဘယ်သောအခါမှ သူတို့ကို ငဲ့ညာပေးတော့မှာ မဟုတ်ဘူး။ စစ်ကောင် စီနဲ့ ဝေးဝေးမှာနေဖို့ သတင်းပေးဒလန်မလုပ်ကြဖို့ကို အကြိမ်ကြိမ်ကြေညာချက်တွေ ထုတ်ခဲ့ပြီးသွားပြီ။ အဲ့အတွက် အချိန်ယူမယ် အရှိန်ယူမယ်။ ပြီးတာနဲ့ တော်လှန်ရေးနဲ့ မစ်ရှင်တွေကို ပြင်းပြင်းထန်ထန်လုပ်သွားဖို့ ရှိပါမယ်” ဟု ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြော သည်။

ထို့အပြင် TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့၏ တော်လှန်ရေးရန်ပုံငွေအတွက် တော်လှန်ရေးရဲမေတစ်ဦးက သူပန်ဆင်သည့် နားကပ်ကို လေလံတင်ရောင်းချရန် လှူဒါန်းထားပြီး ပြည်သူများ ဝိုင်းဝန်းပါဝင်ပေးကြရန်လည်း တိုက်တွန်းထားသည်။

ယင်းသို့ လေလံတင်ရာမှရရှိသည့် အလှူငွေအားလုံးကိုလည်း TBK ပြောက်ကျားတပ်ဖွဲ့၏ လက်နက်ကြီးထုတ်လုပ်မှုတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က မိုးကုတ်နှင့် မိုးမိတ်မြို့နယ်ဘက်တွင် ကာကွယ်ရေးတပ်ဖွဲ့နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွက် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ်များကို ဖြတ်ကာ စစ်ကူသွားရောက်ခြင်း နှင့် မြို့နယ်အတွင်း တပ်အရွှေ့အပြောင်းများ ပြုလုပ်လျက်ရှိကြောင်း TBK ပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။

အဆိုပါ စစ်ကောင်စီတပ်များကို ထိပ်တိုက်တိုက်ခိုက်ရန်အတွက် ကာကွယ်ရေးတပ်ဖွဲ့များတွင် လက်နက်ခဲယမ်း ပစ္စည်းလုံလောက်မှုမရှိခြင်းကြောင့် ပြောက်ကျားစနစ်ဖြင့်သာ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s