“တူမီးမှမောင်းပြန်သို့” ကမ်ပိန်းတွင် ပူးပေါင်းပါဝင်ပေးကြရန် ကန်ပက်လက် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ မေတ္တာရပ်ခံ

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး စီမံကိန်းနှင့်ဘဏ္ဍာရေး အဖွဲ့မှ ချင်းကာကွယ်ရေတပ်ဖွဲ့(ကန်ပက်လက်) CDF – Kanpetlet အတွက် မောင်းပြန်သုံးလက်ဝယ်ယူ နိုင်ရန် လိုအပ်သော ကျပ်သိန်း ၃၀၀ အတွက် ဝိုင်းဝန်းကူညီပေးကြရန် မေတ္တာရပ်ခံကြောင်း ဩဂုတ်လ ၄ ရက် ယမန်နေ့က ထုတ်ပြန်ထားသည်။

CDF – Kanpetlet သည် နွေဉီးတော်လှန်ရေးတွင် အစောဆုံးလက်နက်စွဲကိုင်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သော်လည်း လက်ရှိအချိန်ထိ တူမီးကိုအားပြု၍ တော်လှန်နေရဆဲဖြစ်ကြောင်း ဆိုသည်။

“အရေးကြီးလိုအပ်မှုအရပြုလုပ်တဲ့ကမ့်ပိန်းမှာ ပါဝင်ပေးကြဖို့နဲ့ ကန်ပက်လက်မြို့အနေနဲ့လည်း ထောက် ပို့တွေရဲ့ပါဝင်မှုကို ကျေးဇူးမမေ့ပါဘူး” ဟု ကန်ပက်လက်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဉီးမှ မဇ္စျိမကိုပြောသည်။

၎င်းတို့အနေဖြင့် လစဉ်လိုအပ်သည့် လက်နက်ခဲယမ်း၊ ရိက္ခာနှင့် အခြားကဏ္ဍများအတွက် ရန်ပုံငွေရရှိနိုင် ရန် ပြည်တွင်းပြည်ပရှိ ကန်ပက် လက်သူ/သားများသာမက မြန်မာပြည်သားများနှင့်အတူ အခြားအဖွဲ့ အစည်းများစွာနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း ဆိုသည်။

ယင်းသို့ဆောင်ရွက်ရာတွင် အင်တာနက်ရရှိမှုအားနည်းခြင်း၊ နည်းပညာနှင့်အလှမ်းဝေးမှုတို့ကြောင့် ရည် ရွယ်ပြုလုပ်ခဲ့သည့် ရန်ပုံငွေရှာ ဖွေရေးအစီအစဉ်များ လူမှုကွန်ရက်များတွင်များစွာ ထိရောက်ပျံ့နှံ့မှုမရှိဘဲ လျာထားဘတ်ဂျက်မပြည့်မီခြင်းများ မကြာခဏတွေ့ကြုံရကြောင်း ဖော်ပြထားသည်။

ယခု ကျပ်သိန်း ၃၀၀ မောင်းပြန်သုံးလက်ကမ်ပိန်းတွင် ထောက်ပို့ရဲဘော် Captain Zero နှင့်ပူးပေါင်း၍ လုပ်ဆောင်နေခြင်းဖြစ်ပြီး မျှော်မှန်းထားသည့် ပမာဏပြည့်မီရန် များစွာလိုအပ်နေကြောင်း ဆိုသည်။

CDF – Kanpetlet တွင် တပ်ရင်း ခုနစ်ရင်းရှိပြီး စစ်ကောင်စီတပ်နှင့် မကြာခဏ တိုက်ခိုက်မှုများဖြစ်ပွား နေပြီး လက်နက်အင်အားအဆမတန်ကွာခြားမှုကြောင့် စခန်းလက်လွှတ်ခဲ့ရခြင်းများလည်း တွေ့ကြုံခဲ့ရ ကြောင်းသိရသည်။

ကန်ပက်လက်မြို့နယ်နှင့်မြို့ပေါ်ရှိ အဓိကကျသောနေရာများအား စစ်ကောင်စီတပ်မှ နေရာယူတပ်စွဲထား ပြီး ခန့်မှန်းခြေ အင်အား ၃၀၀ ဝန်း ကျင်ခန့်ရှိကြောင်း ဆိုသည်။

ယခုပြုလုပ်သော တူမီးမှမောင်းပြန်သို့စီမံကိန်း အောင်မြင်နိုင်ရန်အတွင် မြန်မာနိုင်ငံအနှံ့ရှိ မိဘပြည်သူ များနှင့်အတူ ကန်ပက်လက်သူ/သားများအနေဖြင့် တတ်နိုင်သမျှထည့်ဝင်ပေးကြရန်နှင့် မြန်မာ၊ ဗြိတိန်၊ ထိုင်း၊ စင်္ကာပူ၊ အမေရိကန်၊ ဂျပန်နှင့် ကိုရီးယာနိုင်ငံများမှ တိုက်ရိုက်ထောက်ပံ့ပေးနိုင်ပြီး “Chin Defence Force –Kanpetlet” နှင့် “ထောက်ပို့ရဲဘော်” လူမှုကွန်ရက်စာမျက်နှာများမှတဆင့် ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s