ပုလဲမြို့နယ် သာယာကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံး

စစ်ကိုင်းတိုင်း ပုလဲမြို့၏ အနောက်တောင်ဘက် ခုနစ်မိုင်ခန့်အကွာရှိ သာယာကုန်း ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက သြဂုတ်လ ၄ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ကောင်စီတပ်သားနှင့်ပျူစောထီးပူးပေါင်းအဖွဲ့ဘက်မှ ခုနစ်ဦး သေဆုံးပြီး ဒေသခံကာကွယ်ရေးတပ် ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Royal Eagle အဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ပျူစောထီးနဲ့စစ်ကောင်စီပူးပေါင်းအဖွဲ့က ခန့်မှန်းအင်အား ၈၀ လောက်က အင်မထီးပျူရွာကနေ မနက် ၆ နာရီလောက်မှာ ထွက်လာတယ်။ သာ ယာကုန်းရွာအနီးအရောက်မှာ စလစ်မိုင်းခြောက်လုံးနဲ့ မိုင်းခွဲ တိုက်ခိုက်ခဲ့တယ်။ ခုနစ်ယောက်ကတော့ မြေပြင်မှာ တစ်ခါတည်းလဲကျသွားတယ်” ဟု Royal Eagle အဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးကမဇ္ဈိမကိုပြောသည်။

ယင်းမိုင်းဆွဲ တိုက်ခိုက်မှုတွင် ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၁)နှင့် ပ.က.ဖ အဖွဲ့တို့ ပူးပေါင်း ၍တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အ ထိနာသွားသည့် ပျူစောထီးနှင့်စစ်ကောင်စီပူးပေါင်းအဖွဲ့က သာယာကုန်းကျေးရွာရှိ နေအိမ်(၃၀)ခန့် နှင့်အင်းကန်ကျေးရွာမှနေအိမ်နှစ်လုံးကို သြဂုတ် လ (၄) ရက် နံနက် ၁ဝ နာရီခန့်တွင် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က သြဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဒေသခံပြည်သူ တစ်ဦးကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့ကြောင်းလည်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s