ပုသိမ်မြို့တွင် စစ်ကောင်စီသတင်းပေးဟု နာ မည်ကြီးနေသည့် အမျိုးသမီး၏ဖခင် နေအိမ်၌ အသတ်ခံရ

ဧရာဝတီတိုင်း၊ပုသိမ်မြို့၊အမှတ်(၄) ရပ်ကွက်၊ ပြည်တော်သာတွင် သြဂုတ်လ ၅ ရက်နေ့ မနက် ၄ နာရီဝန်းကျင်အချိန်က စစ်ကောင်စီသတင်း ပေးဟု နာမည်ကြီးနေသည့် အမျိုးသမီး၏ ဖခင်ဖြစ်သူအသတ်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးနေသည့်အတွက် ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့၏ သတိပေးခြင်းကိုခံထားရသူ မသူဇာဖြိုးသွင်၏ ဖခင် အသက် ၈၀ အရွယ် ဦးဖြိုးသွင်ဆိုသူ နေအိမ်၌ အသတ်ခံခဲ့ရခြင်းဖြစ်သည်။

“ခေါင်းကိုတုတ်နဲ့ရိုက်ပြီးမှ လည်ပင်းကို ဝါယာကြိုးနဲ့ပတ်ပြီး သတ်သွားတာ၊ သတ်တဲ့လူက ဦးဖြိုးသွင်ကိုသတ်ပြီး ခြင်ထောင်ထဲကိုတောင် ပြန်ထည့်ခဲ့သေးတယ်၊ သွေးအေးအေးနဲ့လုပ်သွားတာ ထင်တယ်၊ ပိုက်ဆံတွေနဲ့ ဖုန်းတစ်လုံးတော့ ယူသွားတယ်လို့ ကြားတယ်၊ မနေ့ညက အဲ့ဒီအိမ်မှာ ဦးဖြိုးသွင်တစ်ယောက်ပဲ ရှိနေတာပါ”ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။

ဦးဖြိုးသွင်သည် ယခင်က ရှေ့နေအလုပ်ကို လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်သည်ဟု သိရပြီး၊ ၎င်း၏ ပုဂ္ဂိုလ်ရေးကိစ္စများကြောင့် အသတ်ခံရခြင်းဖြစ်နိုင်ကြောင်း၊ ပစ္စည်းကိုယူကာ လူကိုသတ်ခဲ့သည့်အတွက် သူခိုးလက်ချက်လည်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ဝင်က ဆိုသည်။

ထိုသို့ အသတ်ခံရသည့် ဖြစ်စဥ်နှင့်ပတ်သက်၍ ပုသိမ်ခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ဆက်သွယ်မေးမြန်းရာ ၎င်းတို့လက် ချက် မဟုတ်ကြောင်း မဇ္စျိမကိုပြောသည်။

ဦးဖြိုးသွင် အသတ်ခံရပြီး ယနေ့မနက်ပိုင်းတွင် စစ်ကောင်စီတပ်များ ၊စရဖ များနှင့် ရဲတပ်ဖွဲ့ဝင်များ ပုသိမ်မြို့၊အမှတ် (၄) ရပ်ကွက်အတွင်း ခြေရှုပ်နေခဲ့သည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s