ပဲခူး၊ မန္တလေးနှင့် တနင်္သာရီတို့တွင် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ပျုစောထီးနှင့် စစ်တပ် သ တင်းပေးတို့ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် အကြမ်းဖက် စစ်တပ်မှ အုပ် ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ပျူစောထီးနှင့် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၃ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိကြောင်း ကာကွယ်ရေး အဖွဲ့များထံမှ သိရသည်။
လက်ပံတန်းမြို့နယ်တွင် ရာအိမ်မှူး ၁ ဦးပစ်ခတ်ခံရ
=============================
ပဲခူးတိုင်း လက်ပံတန်းမြို့နယ် ဥတိုချောင်းဖျား ကျေးရွာ ရာအိမ်မှူး မြင့်ဦး ရေချိုး နေစဉ် ဩဂုတ်လ ၃ ရက်နေ့ ည ၁၀ နာရီခန့်၌ သာယာဝတီခရိုင် တပ် ရင်း(၃၈၀၂) တပ်ခွဲ-၄ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဒုတာဝန်ခံ ဒေါင်းလေးအဖွဲ့မှ ဇေယျာသော် စစ်ဆင်းရေး အဖြစ် ဝင်ရောက် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း သိရသည်။
ပစ်ခတ်ခံရသော ရာအိမ်မှူး မြင့်ဦးသည် ပေါင်နှင့် ဦးခေါင်းတို့တွင် သေနတ်ကျည်များ ထိမှန်ခဲ့သော်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့၏ ပတ်ကင်းများ ရောက်ရှိလာသောကြောင့် သေဆုံးခြင်း ရှိ၊ မရှိကို အတည်မပြုနိုင်ဘဲ ပြန် လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
အဆိုပါ ရာအိမ်မှူးသည် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ဒေသခံပြည်သူများနှင့် CDM ဝန်ထမ်းများကို စစ်တပ်အား ဖမ်းဆီးခိုင်းခြင်း၊ ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ ၏ အချက်အလက်များကို စစ်ကောင်စီထံ သတင်းပို့ခြင်း၊ မီတာခများ အတင်းကောက်ခံခြင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကို ဆဲဆို စိန်ခေါ်များကြောင့် ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့မှ ထုတ်ပြန်ထား သည်။
ချမ်းမြသာစည်မြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ
==================================
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် တမ္ပဝတီ ရပ်ကွက် အုပ်ချုပ်ရေးမှူး သန်းစီကို ကို သြဂုတ်လ ၄ ရက်နေ့ ည ၈ နာရီခန့်တွင် အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်းဒေသခံ ပြည်သူများ ထံမှ သိရသည်။
အလားတူ ယမန်နေ့ည ၈ နာရီခွဲအချိန် ချမ်းမြသာစည်မြို့နယ် ချီပါရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး သန့်စည်လည်း ပစ်ခတ်ခံရကြောင်း၊ သေဆုံးမှု ရှိ၊ မရှိ မသိရကြောင်း ဒေသခံမျာထံမှ သိရှိရသည်။
သရက်ချောင်းမြို့နယ်တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်သတ်ခံရ
===========================================
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကင်းရှေ့ကျေးရွာတွင် စစ်တပ် သတင်း ပေးဟု သတ်မှတ်ခံရသူ ပေါက်တိုင်းရွာသား ကုလား ဆိုသူကို အမည်မသိ သေနတ်သမားများက သြဂုတ်လ ၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးသွားကြောင်း ဒေသခံ ပြည်သူ များထံမှ သိရသည်။
သေဆုံးသွားသော ကုလားဆိုသူသည် ရောင်းမော်ရွာတွင် ပြုလုပ်သည့် ပျူစောထီး အစည်းအဝေးများကို တက်ရောက်သူဖြစ်ပြီး အကြမ်းဖက် စစ်တပ်ကို သ တင်း ပေးခြင်းများ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေသူ ဖြစ်ကြောင်း သိရသည်။
မြင်းခြံမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ပျူစောထီး ၁ ဦး ပစ်သတ်ခံရ
=========================================
မန္တလေးတိုင်း မြင်းခြံမြို့နယ် ကျောက်ပြုတ်နှင့် လယ်သစ်ရွာ အကြားတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျောက်ပြုတ်ရွာသား မောင်မြင့်နှင့်လယ်သစ်ရွာသား လက်နက်ကိုင် ပျူစောထီး မောင်နိုင်တို့ကို သြဂုတ်လ ၃ ရက်နေ့ ည ၇ နာရီခန့်တွင် မြင်းခြံ PDF တပ်ဖွဲ့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ဆိုသူတို့သည် ရင်ဘတ်တွင် သေနတ်ကျည် ၄ ချက် စီ ထိမှန်ကာ သေဆုံးခဲ့ပြီး ၎င်းတို့ ၂ ဦးထံမှ ဗုံးသီး ၁ လုံး၊ ဓားဆူ ၁ ချောင်းနှင့် လေးဂွတို့ သိမ်းဆည်းရမိခဲ့ကြောင်း မြင်းခြံ PDF တပ်ဖွဲ့မှ ထုတ်ပြန်ထား သည်။ khit thit