မီးဘေးသင့်ပြည်သူများကို‌ ထောက်ပံ့မည့် “အမေ့လက်ဆောင် အမေ့ယပ်တောင်” အစီအစဉ် စတင်မည်

စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ ဒေသများတွင် အကြမ်းဖက်စစ်တပ်ကြောင့် ဒုက္ခရောက်ခဲ့ကြသည့် မီးဘေးသင့်ပြည်သူများအတွက် MOHA DM (လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီး ဌာန) နှင့် OFP ၊ Global Fundraiser Group (GFG) တို့၏ ပူးပေါင်းအစီအစဥ်အဖြစ် “အမေ့လက်ဆောင် အမေ့ယပ်တောင်” အစီအစဉ်လေး မကြာမီ စတင်တော့မည် ဖြစ်သည်။

အဆိုပါ အစီအစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် အမြဲအမြတ်တနိုးအသုံးပြုခဲ့သည့် ယပ်တောင်ကို မဲ စနစ်ဖြင့် ရောင်းချသွားမည့် ရရှိငွေများကို အကြမ်းဖက်စစ်တပ်ကြောင့် အတိဒုက္ခရောက်ခဲ့ကြသည့် မြန်မာပြည်အရပ်ရပ်ရှိ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပြီး ပိုင်ဆိုင်မှု ဆုံးရှုံးခဲ့ရသည့် မီးဘေးသင့် ပြည်သူများကို ပြန်လည် ထူထောင်ရန်အတွက် အသုံးပြုသွားမည် ဖြစ်သည်။

“တော်လှန်ရင်းတည်ဆောက်၊ တည်ဆောက်ရင်း တော်လှန်” ဆိုသလို စစ် တပ်၏ အကြမ်းဖက်မှုကြောင့် ပြာပုံအတိဖြစ်ခဲ့ရသော ကျေးရွာများကို MOHADM က ဦးစီးပြီး အိုးအိမ်များကို အသစ်ပြန်လည်တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း ပွဲစီစဉ်သူများ ထံမှ သိရှိရသည်။

“အမေ့လက်ဆောင် အမေ့ယပ်တောင်”အစီအစဉ်အတွက် လက်မှတ်များကို ဩဂုတ်လ ၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရောင်းချသွားမည်ဖြစ် သည်။

ယပ်တောင်လေးရဲ့ ကံထူးရှင်ကို ဩဂုတ်လ ၂၆ ရက်(သောကြာနေ့)တွင် ကြေ ညာပေးသွားမည်ဖြစ်သည်။

“အမေ့လက်ဆောင် အမေ့ယပ်တောင်”အစီအစဉ်မှ လက်မှတ်ရောင်းချရငွေအားလုံးကို OFP နှင့် GFG မှတစ်ဆင့် MOHADM သို့ လွှဲပြောင်း ပေးအပ်သွားမှာဖြစ်ပြီး နိုင်ငံပေါင်း ၂၄ နိုင်ငံ၏ ငွေကြေးစနစ်များနှင့် အလွယ်တကူဝယ်ယူနိုင်ရန် ဈေးနှုန်းများ သတ်မှတ်ထားပြီး အခြေခံဈေး နှုန်းအနေနှင့် လက် မှတ်တစ်စောင်ကို မြန်မာကျပ်ငွေအဖြစ် ကျပ် ၂၀၀၀၀၊ US ၁၀ဒေါ်လာ သတ် မှတ်ထားသည်။

လက်မှတ်ရောင်းချခြင်း အစီအစဉ် အသေးစိတ်များကို https://www.facebook.com/အမေ့လက်ဆောင်-အမေ့ယပ်တောင်-104711952334524/ ပေ့တွင် ဝင်ရောက် ကြည့်ရှုနိုင်မည် ဖြစ်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s