မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းများ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရပြီး အရာရှိ ၁ ဦးအပါအဝင် စစ်သား ၁၀ ဦးခန့်သေဆုံး

မုံရွာ-မန္တလေး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းများကို သြဂုတ်လ ၂ ရက်နေ့ ညနေပိုင်းက မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T.G.R) ဦးဆောင်ကာ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့​ပြီး အရာရှိ ၁ ဦးအပါအဝင် စစ်သား ၁၀ ဦးခန့် သေဆုံးကြောင်း T.G.R တပ်ဖွဲ့မှ ဗိုလ် တိုက်ဂါးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ပထမ အကြိမ် ဗုံးသီးချ တိုက်ခိုက်မှုကို ညနေ3 နာရီ ၂၈ မိနစ်ခန့်တွင် စစ်ကိုင်းမှ ထွက်လာသည့် စစ်ကား ၃၆ စီးပါ ယာဥ်တန်း၏ ၂ စီးမြောက်ကားကို T.G.R Women Drone Froce တပ်ဖွဲ့မှ ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ ၁ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဒုတိယ အကြိမ် ဗုံးသီးချ တိုက်ခိုက်မှုကို ညနေ ၃ နာရီ ၄၀ မိနစ်ခန့်တွင် T.G.R Women Drone Froce တပ်ဖွဲ့မှ မုံရွာ-မန္တလေး လမ်းပိုင်းတွင် ရပ်တန့်ထားသော စစ်ကား ၁၉ စီးကို ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး အရာရှိ ၁ ဦးအပါအဝင် တပ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို T.G.R Women Drone Froce တပ်ဖွဲ့မှ ဦးဆောင်ပြီး ဇာမဏီ ပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်တောက်ထွန်း(MBTT)၊ Saw Bwar Gyi (MBTT) တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s