ရွှေပေါက်ကံရဲစခန်းကို ဗုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ရန်ကုန်တွင် ယနေ့ တစ်နေကုန် ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများဖြစ်ပွား
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံရဲစခန်းကို ယနေ့ ညပိုင်းတွင် ဗုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း Generation Y Guerilla – GY G မှ တာဝန်ရှိရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၄ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန်တွင် Generation-Y Guerilla (GYG) အဖွဲနှင့် မဟာမိတ် Myit Ma Kha Special Force တို ပူးပေါင်း၍ ရွှေပေါက်ကံ ရဲစခန်းကို ဗုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်မှု ရှိ၊ မရှိ မသိရသေးကြောင်း အဆိုပါ အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
“ဗုံးကွဲပြီးတော့ ပစ်ခတ်သံ လည်းကြားရတယ်။ ပစ်ခတ်သံ ၃ ချက်လောက်တော့ရှိမယ်” ဟုဒေသခံတစ်ဦးက ပြောဆိုသည်။
ရန်ကုန်တွင် ယနေ့ တစ်နေ့လုံးဗုံးကွဲမှုများ ပစ်ခတ်မှုများဖြစ်ခဲ့ပြီး လှည်းကူး မြို့နယ်တွင် ဗုံးပေါက်ကွဲခြင်း၊ တောင်ဥက္ကလာတွင် ဗုံးကွဲသံနှင့်ပစ် ခတ်သံများကြားရကြောင်း၊ မြောက်ဥက္ကလာ၊ ရွှေပေါက်ကံတွင် ယနေ့ နေ့လည် ၁၂ နာရီ ၁၀ မိနစ်က ပစ်ခတ်သံများကြားရကြောင်း ၊ လှိုင်သာ ယာ ၃ ရပ်ကွက်တွင်လည်း ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် ပေါက်ကွဲသံကြားရကြောင်း၊ ဒဂုံဆိပ်ကမ်းတွင်လည်း ယနေ့ နံနက် ၈ နာရီဝန်း ကျင်က ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။ khit thit