ရွှေဘို၊ ဆိပ်ခွန်ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ၄၀ မမ ဗုံးသီးများဖြင့် တိုက် ခိုက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရှိ ရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို C&T ShweBo နှင့် မဟာမိတ်အဖွဲ့များက ဩဂုတ်လ ၂ ရက်နေ့တွင် ၄၀ မမ ဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
‘ဆိပ်ခွန်ကျေးရွာ ရဲစခန်းတွင် တပ်စွဲထားသော အင်အား ၃၅ ဦးခန့်ရှိ စကစ တပ်များကို ၄၀ မမ ဗုံးသီးများဖြင့် ၆ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ စကစ’ဘက်မှ အထိအခိုက် ကျဆုံးစာရင်းကို မိမိတို့အနေဖြင့် အတိအကျ မသိရှိရသေးပါ’ ဟု C&T ShweBo က သတင်းထုတ် ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုကို C&T SHWEBO LPDF၊ ပြည့်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင် တပ်ရင်း (၅) တပ်ခွဲ (၃)၊ Shwebo Federal Army LPDF၊SNAKE EYES LPDF၊ MDF – SHWEBO၊ ရွှေဘိုစွန်ရဲ – LPDF၊ Alpha 7 LPDF၊ ဗိုလ်ကျားရိုင်း- ရွှေဘို၊ ဒေါင်းမာန် LPDF၊ နှင့် ရွှေဘို တိုက်နယ် – ၂ မှ ပကဖအဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆိပ်ခွန်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ည ၇ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်သည် အနီးဝန်းကျင်ရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း C&T ShweBo အဖွဲ့က ထုတ်ပြန်ထားသည်။ khit thit