CDM စစ်သား၏ သစ္စာဖောက်မှုကြောင့် ရမည်းသင်း PDF အဖွဲ့စခန်း ဝင်ရောက်စီးနင်းခံရဟုဆို

ရမည်းသင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Y – PDF Yamethin) မှ CDM စစ်သား၏သစ္စာဖောက်မှုကြောင့် စခန်းဝင်ရောက်စီးနင်းခံရကြောင်း Y-PDF Yamethin က ဩဂုတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် အင်တိုင်းကျေးရွာအနီးရှိ လင်းယုန်နက်ဦးဆောင်သည့် Y-PDF Yamethin ယာယီစခန်းအား ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

“ ဇူလိုင်လ ၃၀ ရက်နေ့ ညနေတွင် Mission ပြုလုပ်ရန် အသီးသီးတာဝန်ခွဲဝေပြင်ဆင်နေချိန် စွန်ရဲ(ခ) Kaung sat အကောင့်ပိုင်ရှင် ကောင်းဆက်လွင် (CDM စစ်သား)သည် သစ္စာဖောက်၍ထွက်ပြေးပြီး စစ်ခွေး များအားလမ်းပြခေါ်ယူခဲ့ရာ အဖွဲ့မှာလူစုခွဲအလုပ်လုပ်နေချိန်ဖြစ်သော ကြောင့် လူအင်အား၊ လက်နက် အင်အားမမျှတသဖြင့် စခန်းစွန့်ခွာ တိမ်းရှောင်ခဲ့ရပါသည်” ဟု Y-PDF Yamethin တာဝန်ခံ လင်းယုန်နက် ကဆိုထားသည်။

အဆိုပါစခန်းအားစီးနင်းခံရခြင်းကြောင့် လက်နက်ခဲယမ်း၊ ရိက္ခာများနှင့် ဆိုင်ကယ်သုံးစီး အပါအဝင် တန်ဖိုးငွေ ကျပ်သိန်း ၂၀၀ ခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း အဆိုပါအဖွဲ့မှ ထုတ်ပြန်သည်။

စခန်းစီးနင်းခံရသော်လည်း Y-PDF Yamethin မှ တာဝန်ခံ လင်းယုန်နက်အပါအဝင် ရဲဘော်များအားလုံး ဘေးကင်းလုံခြုံစွာဖြင့် အထိအခိုက်မရှိတိမ်းရှောင်နိုင်ခဲ့ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s