စစ်ကိုင်း၊ မကွေးတိုင်းတို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်မှ ၃၈ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ယမန်နေ့နှင့်ယနေ့ သြဂုတ်လ ၅ ရက်နေ့တွင် တိုက်ခိုက်ကြရာ စစ်သား ၃၈ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသ ကာကွယ် ရေးတပ်ဖွဲ့များထံမှ သိရသည်။

ကလေးမြို့နယ်တွင် စစ်သား ၂၀ ဦးသေဆုံး

========================

ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့် စစ်ကိုင်းတိုင်း၊ ကလေးမြိုတာဟန်းရပ်ကွက် ကျန်စစ်သားလမ်းဘက်မှ တောင်ဖီလာဝန်ထမ်းအိမ်ယာဘက်သို့ ဦးတည်၍ စစ်ကား ၂ စီး မောင်းနှင်လာစဉ် တောင်ဖီလာလမ်းနှင့် ဝန်ထမ်းအိမ်ရာလမ်း ထောင့်အရောက် PDF (Kalay) တပ်ဖွဲဝင်များက အသင့်တပ်ဆင်ထားသော မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားပေါ်ရှိ အကြမ်းဖက်စစ်သား ၆ ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး အခြား ၄ ဦးမှာ စစ်ဆေးရုံသို့ ပိုဆောင်စဉ် လမ်း၌ သေဆုံးခဲ့ကြောင်း သိရှိရသည်။

တချိန်တည်းတွင် ယနေ့ နံနက်ပိုင်း ကလေးမြိုနယ်တောင်ပိုင်း ကမ်းပါးနီ တံတား ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများမှ အင်အား ၃၀ ခန့်သည် မြောင်းချောင်းတံတားဘက်သို ဦးတည်ကာ လမ်း လျှောက် တက် လာပြီး တံတားအနီး၌ PDF (Kalay) မိုင်းတပ်ဖွဲမှ တပ်ဆင်ထားသော မိုင်း အချို့ ကို ဖြုတ်ရှင်းနေစဉ် အသင့်စောင့်ဆိုင်း လျက်ရှိသော PDF (Kalay) မိုင်း တပ်ဖွဲဝင်များက မိုင်းများဆက်တိုက်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက် စစ် သား ၁၀ ဦးခန့် သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာအပြင်း အထန်ရရှိခဲ့ ကြောင်း ၊ ထိုနောက် နံနက် ၁၀ နာရီခွဲခန့်တွင် ကမ်းပါးနီတံတားအနီးသို့ စစ် ရဟတ် ယာဉ် ၁ စီး ဆင်းသက်လာခဲ့ပြီး မိုင်းထိမှန်သေဆုံးသော အလောင်း များ နှင့် ဒဏ်ရာ ရရှိသူ များကို လာရောက်သယ်ထုတ်သွားခဲ့ကြောင်း သိရှိရ သည်။

ထီးချိုင့်မြို့တွင် စစ်တပ် စစ်ကြောင်း မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံး

====================================

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ ဘောလုံးကွင်းကို ရောက်ရှိလာသည့် အကြမ်းဖက် စစ်တပ်ကို ယနေ့ သြဂုတ်လ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၂ဝ မိနစ်ခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဘောလုံးကွင်း အတွင်း မိုင်းဆွဲ တိုက်ခိုက် ခဲ့သောကြောင့် စစ်သား ၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Tigyaing Revolution -TR အဖွဲ့ထံမှ သိရသည်။

မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဆိုက်ကားဆရာ ၁ ဦးနှင့် လမ်းသွား လမ်းလာ ပြည်သူ ၂ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကာ မြို့မတောင်ပေါ်ရဲ စခန်းမှလဲ ရမ်းသမ်း ပစ်ခတ် မှုကြောင့် ရွာသစ်ကုန်း ရပ်ကွက်ရှိ ပြည်သူပိုင် နေအိမ်တချို့ ကျည်ထိမှန် ခဲ့ ကြောင်း သိရသည်။

အလားတူ ယနေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန် ကက္ကုလမ်းဆုံတွင် ဂိတ်စစ်ပြီး ကား ၁ စီး ၊ဆိုင်ကယ်(၂)စီးဖြင့် စစ်တပ်နှင့်ရဲများ မြတောင်ရွာဘက် ပြန်လာစဉ် မိုင်း ၂ လုံးဖြင့် မိုင်း ဆွဲ တိုက်ခိုက်ရာ ဆိုင်ကယ်ပေါ်ပါ ရဲ ၂ ဦး သေဆုံး ပြီး ၂ ဦး အပြင်းအထန် ဒဏ် ရာ ရရှိသွားကြောင်း ထီးချိုင့် တော်လှန်ရေး သတင်း ရင်း မြစ် TR Team က သတင်းထုတ်ပြန်သည်။

မြိုင်မြို့တွင်စစ်သားများပါသည့် ၁၂ ဘီးကား မိုင်းဆွဲခံရ

==============================

မကွေးတိုင်း မြိုင်မြို့နယ် ကျောက်ဆောက်ရွာကို မီးရှို့ဖျက်ဆီးပြီး ၁၂ ဘီး ကားဖြင့် မြိုင်သို့ ပြန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို နံ့သာမြိုင် ဂေါက်ကွင်း အနီး မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၏ နံ့သာမြိုင်တပ်ခွဲမှ ယနေ့ သြဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည် မ ပြုနိုင် သေးကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ထံမှ သိရသည်။

ကျောက်ထု-ရွှေအောင်သာ လမ်းပိုင်းတွင် စစ်သား ၁ ဦးသေဆုံး

===================================

မကွေးတိုင်း ကျောက်ထု အမြှောက်တပ်မှ ခြေလျင် ထွက်လာသည့် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်တပ် စစ်ကြောင်းကို ယနေ့ သြဂုတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် ကျောက်ထု PDF (YRPA) အဖွဲ့မှ ကျောက်ထု-ရွှေ အောင် သာ လမ်းပိုင်းတွင် ပြောက်ကျားနည်းဖြင့် စောင့်ကြို ပစ်ခတ် တိုက် ခိုက်ခဲ့ပြီး စစ်သား ၁ ဦး လဲကျသေဆုံးကာ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်ထု PDF တပ်ဖွဲ့ထံမှ သိရသည်။

ဒေသခံ ပြည်သူများ အနေဖြင့် ကျောက်ထု-ထီးလင်း လမ်းပိုင်းကို အသုံးမ ပြုကြရန်နှင့် ထိတွေ့တိုက်ပွဲများ ထပ်မံ ဖြစ်ပွားလာနိုင်ကြောင်း ကျောက်ထု PDF (YRPA)တပ်ဖွဲ့မှ သတိပေး ထုတ်ပြန်ထားသည်။

ပုလဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး

=========================

သြဂုတ်လ ၄ ရက် နံနက် ၇ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊အင်မထီးကျေးရွာပျူစခန်းရှိ အကြမ်းဖက်စကစနှင့် နောက်လိုက်ပျူစောထီး များသည် မင်းတိုင်ပင်ကျေးရွာသို့ ပြည်သူပိုင်အိုးအိမ်များမှ ရိက္ခာများယူရန် ထွက်လာသဖြင့် ပုလဲမြို့နယ်၊ သာယာကုန်းကျေးရွာအနီးတွင် မြန်မာ့တော်ဝင် နဂါးတပ်တော်(M.R.D.A)က မိုင်းဆွဲတိုက်ခိုက်ရာ စစ်သားနှင့်ပျူစောထီး ၅ ဦးသေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်က သတင်းထုတ်ပြန်သည်။

တန့်ဆည်တွင် ပျူစောထီး ၆ ဦးသေဆုံး

======================

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကဘဲရွာမှ ကင်းလှည့်ထွက်လာသော ပျူစော ထီးများသည် တဆယ်ကျေးရွာ အနီး ရောက်ရှိလာစဉ် ဩ ဂုတ်လ ၄ ရက်နေ့ ည နေ ၆နာရီခန့်အချိန် PDFများ‌ထောင်ထားသော တိုက်မိုင်းမိပြီး ၅‌ ဦး သေဆုံး ကြောင်း၊ တန့်ဆည်မြို့နယ် ချောင်းဆုံ(တ)ရွာရှိ ပျူစောထီး ခေါင်းဆောင်စိန်ချို ၏ နေအိမ်ကို တန့်ဆည်PDF တပ်ရင်း (၆) နှင့် ပ.က.ဖရဲဘော်များက ဩဂုတ် လ ၅ ရက်နေ့ ညနေ၄နာရီ ၅၀ မိနစ်တွင် အီနာဂါဗုံးသီးကျဲ၍ စနိုက်ပါဖြင့် ပစ် ခတ် ရာ နေအိမ်တွင်းရှိ ပျူစောထီး၁ဦးသေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိ ကြောင်း တန့်ဆည် PDF ထံမှ သိရှိရသည်။

အရာတော်တွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး

===============================

စစ်ကိုင်းတိုင်း၊အရာတော်မြို့မှ မုံရွာဘက်ကို သွားနေသည့် စစ်ကောင်စီ ယာဉ် တန်းကို ကျောက္ကာနှင့် ရေနံဖို ရွာအ ကြား ယနေ့ ဩဂုတ် လ၅ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s