ဒီပဲယင်း၊ ကိုင်းကံရွာကို စစ်တပ်က မီးတင်ရှို့နေ၊ ရွာလုံးကျွတ် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကိုင်းကံရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ သြဂုတ်လ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်က စတင်ကာ မီးတင်ရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်း ဝင်ရောက် စီးနင်း ထားသောကြောင့် ပျက်စီး ဆုံးရှုံးမှု အခြေအနေနှင့် ပြည်သူများ ဖမ်းဆီးသတ် ဖြတ် ခံရမှု ရှိမရှိကိုလည်း အတည် မပြုနိုင်သေးကြောင်း သိရသည်။
” ကိုင်းကံရွာ မီးလောင်မှုက ဆုံးရှုံးမှု များနိုင်တယ်။ လောလောဆယ် လမ်းကြောင်း မရှင်းသေးတဲ့အတွက် ရွာထဲ မဝင်နိုင်သေးတော့ အတိအ ကျ မသိရသေးဘူး။ စစ်ခွေးတွေ ပြည်သူတွေကို သတ်ဖြတ် ဖမ်းဆီးမှု ရှိမရှိကိုလည်း အတည် မပြုနိုင်သေးဘူး” ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
လက်ရှိချိန်တွင် ကံကုန်းရွာ အနီးအနားရှိ လျှော်ဖြူ၊ မကျည်းအုပ် ကျေးရွာများမှ ပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကံကုန်းရွာအတွင်း၌သာ ရှိနေသေးကြောင်း သိရသည်။ khit thit