မန္တလေးတွင် ယမန်နှစ် PDF များ စီးနင်းဖမ်း ဆီးသတ်ဖြတ်ခံရမှုတွင် စစ်တပ်ကို သ တင်းပေးခဲ့သူ နေနီအောင် အသတ်ခံရပြီး အ လောင်းစွန့်ပစ်ခံခဲ့ရ ၊ စစ်တပ်က နန်းတွင်းစစ်ကြောရေးသို့ နေနီအောင်ကို ခေါ်ယူ နှုတ်ပိတ်လိုက်ဟုဆို

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်မှ စစ်တပ် သတင်း ပေးခဲ့သူဟု သတ်မှတ်ခံရသူ နေနီအောင် သည် ဩဂုတ်လ ၂ ရက်နေ့တွင် အသတ်ခံရပြီး အလောင်းကို အမြန်လမ်းဘေးတွင် စွန့်ပစ်ခံခဲ့ရကြောင်း ဒေသခံများက ပြောဆိုသည်။
မန္တလေး ၊ ချမ်မြသာစည်မြို့နယ်၊ ထွန်းတုံးမြို့သစ်ရှိ Apex ဘော်ဒါကို ယမန် နှစ် ဇွန်လ ၂၂ ရက်နေ့ စစ်တပ်က ဝင်ရောက်စီးနင်းခဲ့မှုတွင် PDF ၄ ဦးနှင့် ပြည်သူ ၄ ဦး သေဆုံးကာ PDF ၆ ဦး အဖမ်းခံခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်တွင် စစ်တပ်သတင်းပေး အဖြစ် နေနီအောင်က ပါဝင်ဆောင် ရွက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
နေနီအောင်သည် ၂၀၂၁ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ ထွန်တုံးမြို့သစ်၊ Apex ဘော်ဒါဆောင် စီးနင်းရခံမှု၏ နောက် ဆက်တွဲ မန္တလေး PDF ခေါင်း ဆောင် ဗိုလ်ထွန်းတောက်နိုင် အပါအဝင် PDF များ ဖမ်းဆီးခံရခြင်း၊ PDF ၄ ဦးနှင့် ပြည်သူ ၄ ဦး သေဆုံးစေခဲ့မှုတွင် အဓိက သတင်းပေးခဲ့သူဖြစ်ကြောင်း၊ သတင်းပေးခဲ့မှု ကိုလည်း ၎င်း၏ အသိုင်းအ၀ိုင်းတွင် ၎င်းကိုယ်တိုင်ထုတ်ဖော် ဝန်ခံခဲ့ကြောင်း၊ ယင်းနောက်ပိုင်း အောင်ပင်လယ်ရဲစခန်းနှင့်ပူးပေါင်းကာ ပြည်သူများကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်၊ ခြိမ်းခြောက်၊ ငွေကြေးတောင်းခံ ပြန်လွှတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ထို့နောက် ဘုန်းကြီးဝတ်၍ တိမ်းရှောင် နေထိုင်ခဲ့ကြောင်း သိရှိရသည်။
ဩဂုတ်လ ၁ ရက်နေ့တွင် စစ်တပ်က နေနီအောင်ကို နန်းတွင် စစ်ကြောရေးသို့ ခေါ်ယူသွားခဲ့ပြီး ဩ ဂုတ်လ ၂ ရက်နေ့တွင် မန္တလေးတိုင်း အမရပူရမြို့နယ်၊ အမြန်လမ်း မိုင်တိုင် ၃၆၄ နှင့် ၄ ဖာလုံတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသော နေနီအောင်နှင့်အတူ အမျိုးသားတစ်ဦး၏ အ လောင်း ကို တွေ့ရှိရကြောင်း သိရှိရသည်။
“သူ့ကို နန်းတွင်းထဲခေါ်ပြီး စစ်တပ်က နှုတ်ပိတ်လိုက်တယ်လို့ သိရတယ်။ သူနဲ့ စစ်တပ်နဲ့ ရဲအကြားမှာ ညှိမရတဲ့ကိစ္စ တွေဖြစ်လာတယ်။ သူ က တပ်ကို သတင်းပေးသလိုလိုနဲ့ ဩဇာပေးမှု တွေဖြစ်လာတယ်။ အဲဒီမှာလည်း သူနဲ့ အတော် အဆင်မပြေဖြစ်တယ်။ သူ့ ဖမ်းခိုင်းလိုက် အောင် ပင်လယ်စခန်းမှာ ဒုက္ခရောက်တဲ့သူတွေလည်းအများကြီးပဲ။ ထွန်တုံး ပစ်ခတ်မှုဖြစ်ပြီးတော့ သူက ဘုန်းကြီးဝတ်နဲ့ ရှောင်နေတာ။ နောက်ဆုံးသိရတာက နန်းတွင်းကို သူ့ခေါ်ပြီး နှုတ်ပိတ်လိုက်တယ်လို့သိရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
မန္တလေးသတင်းရင်းမြစ် VOMDY ကလည်း နေနီအောင်ကို နှုတ်ပိတ်ခံခဲ့ရသည့် သတင်းကို ကြားသိရပြီး အမြန်လမ်း တွင် စွန့်ပစ်ထားသော အလောင်းမှာလည်း နေနီအောင်ဖြစ်နေသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။
“အလောင်းမှာ တွေ့ရတဲ့ လက်မောင်းတက်တူးနဲ့ သူ့လက်မောင်းတက်တူးအရ သူဖြစ်ကြောင်း အတည်ပြုနိုင်တာပါ” ဟု မန္တလေးသတင်းရင်းမြစ်က ပြော သည်။
၂၀၂၁ ခုနှစ်ဇွန်လ ၂၂ ရက်နေ့ မန္တလေး၊ ထွန်တုံးမြို့သစ်ရှိ Apex ဘော်ဒါ ဆောင်ကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ် တပ်ဘက်မှ ဒုတိယဗိုလ်မှူးကြီး အောင်မျိုးကျော်အပါအဝင် အရာရှိများ၊ စစ်သည်များ သေဆုံးခဲ့သည်။ PDF များဘက်မှလည်း ၄ ဦးသေဆုံးကာ အများအပြား အဖမ်းခံခဲ့ရပြီး PDF နှင့်သက်ဆိုင်ခြင်း မရှိသည့် ပြည်သူ ၄ ဦးမှာလည်း ကားပေါ်တွင် ပစ်သတ်ခံခဲ့ရသည်။khit thit