မန္တလေး မြို့ပြကာကွယ်ရေးနှင့် ရှေ့တန်းပြည်သူ့ဆေးတပ်ဖွဲ့မှ လက်နက်ဝယ်ယူရန် “10M Challenge” ပြုလုပ်

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ Mandalay People Rescue (MPR) မန္တလေးမြို့ပြကာကွယ်ရေးနှင့် ရှေ့တန်းပြည်သူ့ဆေးတပ်ဖွဲ့မှ လက်နက်ဝယ်ယူရန်အတွက် သိန်း ၁၀၀ Challenge ကို သြဂုတ်လ ၅ ရက်မှ သြဂုတ်လ ၃၁ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

” ဇူလိုင် ၁၇ ရက်နေ့ ညနေပိုင်းမှာ ကျနော်တို့ရဲ့ Safe House နှစ်လုံး ဝင်စီးခံရတယ်၊ သေနတ်အတို လေးလက်နဲ့ ကျည် ၂၃၀ လောက် ပါသွားတယ်ဗျ၊ ခုချိန်မှာ မစ်ရှင်လုပ်ဆောင်ဖို့ လက်နက်လိုအပ်နေတဲ့အတွက် ခုလို “10M Challenge” သိန်း ၁၀၀ Challenge ကို လုပ်ရခြင်းဖြစ်ပါတယ်။”ဟု MPR သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုထူးအောင်က ဆိုသည်။

ယခုပြုလုပ်သော သိန်း ၁၀၀ Challenge တွင် ပြည်သူတစ်ဦးချင်းပါဝင်ရန် ဖိတ်ခေါ်ထားပြီး ပါဝင်လှူဒါန်းသူများအနေဖြင့် Mandalay People Rescue (MPR) ၏ Page Messenger နှင့် MPR သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုထူးအောင်၏ Facebook Account Messenger တွင်လည်း လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

MPR အဖွဲ့သည် မန္တလေးတွင် အခြေပြု လှုပ်ရှားနေသည့် မြို့ပြ ပြောက်ကျားအဖွဲ့တစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် ဧပြီလ ၃ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ စစ်ကောင်စီ ဒေါက်တိုင် များအား သုတ်သင်ရှင်းလင်းခြင်းနှင့် မြို့ပေါ်ရှိ စစ်ကောင်စီလက်နက် ကိုင်များ၏နေရာများကို ဗုံးပစ်တိုက် ခိုက်ခြင်းများကို ပြုလုပ်နေသောအဖွဲ့ဖြစ်သည်။

မန္တလေးမြို့တွင် မြို့ပြပြောက်ကျားအဖွဲ့များနှင့် မြေပြင်ဆန္ဒပြလှုပ်ရှားမှု အားကောင်းမလာစေရန် ထောက်ပို့နှင့် UG များကို စစ်ကောင်စီကပိုက်စိပ်တိုက်ဖမ်းဆီးမှုများ ပြုလုပ်နေလျက်ရှိရာ မန္တလေး UG တပ်ဖွဲ့ဝင် ၁၀၀ ခန့်ထိ ဖမ်းဆီးခံထားရပြီး ထိခိုက်ဒဏ်ရာရထားသူများလည်းရှိကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s