မြန်မာအာဏာသိမ်းစစ်အုပ်စု၏ ‘အတုအ ယောင်’ ရွေးကောက်ပွဲကို ပယ်ချရန် အမေရိကန် တိုက်တွန်း 

လာမည့်နှစ်တွင် စီစဉ်ထားသော မြန်မာအာဏာသိမ်းစစ်အုပ်စု၏ “အတုအယောင် ရွေးကောက်ပွဲများ”ကို ပယ်ချရန် နိုင်ငံတကာအသိုင်းအဝိုင်းအား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က သောကြာနေ့တွင် တိုက်တွန်းပြီး ယင်းရွေးကောက်ပွဲများက လွတ်လပ်မှုရော တရားမျှတမှုပါ ကင်းမဲ့လိမ့်မည်ဟု ပြောဆိုသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက စစ်တပ်နောက်ခံသော ပြည်ခိုင်ဖြိုးပါတီအား အနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲများအတွင်း မဲမသမာမှုများ ရှိသည် စွပ်စွဲကာ စစ်တပ်သည် ၎င်း၏ အာဏာသိမ်းခြင်းအား တရားဝင်ပြောဆိုလျက် ရှိသည်။ 

ထို အာဏာသိမ်းလိုက်သည့်အချိန်မှစကာ မြန်မာနိုင်ငံတွင် ဝရုန်းသုန်းကား အခြေအနေ ဖြစ်ပေါ်နေပြီး နိုင်ငံအနှံ့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့် စီးပွားရေးလည်း ယိုင်နဲ့လာနေသည့်တိုင်အောင် လာမည့် ဩဂုတ်လ၌ ရွေးကောက်ပွဲသစ်များ ကျင်းပရန် စီစဉ်ထားကြောင်း စစ်ကောင်စီက ပြောဆိုလျက်ရှိခြင်း ဖြစ်သည်။ 

စစ်အာဏာသိမ်းအုပ်စု၏ လာမည့်နှစ်၌ အတုအယောင် ရွေးကောက်ပွဲများ ကျင်းပမည့် အစီအစဉ်များကို နိုင်ငံတကာ အသိုက်အဝန်းက အ တည်မပြုကြရန် အမေရိကန်အနေဖြင့် ခိုင်ခိုင်မာမာ တိုက်တွန်းအပ်သည်ဟု ကမ္ဘောဒီးယားက ဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေး၌ ဘလင့်ကင်က ပြောဆိုသည်။ 

“လက်ရှိ အခြေအနေအောက်က ဒီ ရွေးကောက်ပွဲတွေဟာ လွတ်လပ်မှုနဲ့ တရားမျှတမှု ရှိနိုင်မှာ မဟုတ်ဘူး”ဟု အရှေ့တောင်အာရှနိုင်ငံများအ သင်း အာဆီယံအစည်းအဝေး၌ ၎င်းက ပြောဆိုခြင်းဖြစ်သည်။ မြန်မာစစ်ကောင်စီ၏ အတိုက်အခံများနှင့် ဆွေးနွေးခြင်းကို ပျက်ကွက်မှုကြောင့် အဆိုပါ အာဆီယံ အစည်းအဝေးတွင် မြန်မာအား ဖယ်ချန်ထားသည်။ 

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်သည် နေပြည်တော်သို့ ရောက်ရှိပြီး ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံရာ အဆိုပြုထားသော ၂၀၂၃ ဩဂုတ်လ ရွေးကောက်ပွဲများ အောင်မြင်အောင် စစ်ကောင်စီအား ဆန္ဒပြုခဲ့သည်။ 

စစ်‌ကောင်စီ၏ နိုင်ငံ “တည်ငြိမ်ရေး” ကြိုးပမ်းမှုများကို ရုရှက ထောက်ခံကြောင်းလည်း လက်ဗရော့ဗ်က ပြောခဲ့သည်။ 

အဆိုပါ လက်ဗရော့ဗ်၏ မြန်မာခရီးစဉ်သည် ပဋိပက္ခအား ဖြေရှင်းနိုင်ရေး သံတမန်ရေးကြိုးပမ်းနေသည့် အာဆီယံကို ပြောင်ပြောင်းတင်း တင်း စိန်ခေါ်လိုက်ခြင်းပဲဟု ဘလင့်က ပြောသည်။ 

ထိုပြင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာစစ်အာဏာသိမ်းအုပ်စုအား စီးပွားရေး ဖိအားများ တိုး၍ ပေးရန်၊ လက်နက်စီးဝင်မှုများ ပို၍ ရပ်တန့်စေရန်နှင့် စစ်ကောင်စီ၏ ဘဏ္ဍာငွေ စီးဝင်မှုများကို ရပ်တန့်ရန်လည်း ဘလင့်ကင်က တိုက်တွန်းပြောဆိုခဲ့သည်။  mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s