မြဝတီခရိုင်တွင် စစ်ကောင်စီက နယ်ကျော်ဝင်ရောက်ရန် ကြိုးစားလာသဖြင့် တိုက်ပွဲပြင်း ထန်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ-ဝေါလေ ကားလမ်း(သုံးထပ်ကွေ့)အနီးမှာ  ဩဂုတ်လ ၅ ရက် မနက် ၈ နာရီကျော်လောက်ကစတင်ပြီး စစ်ကောင်စီက လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်ပြီး နယ်မြေကျော်ဝင်ရောက်ဖို့ ကြိုးစားလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့တနေ့တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အထိအခိုက်များပြားပြီး  ညနေ ၄ နာရီလောက်က ပြန်လည်ဆုတ်ခွာသွားခဲ့ရာ စစ် မြေပြင်သတင်းပေးပို့ချက်အရ စစ်ကောင်စီတပ်ဘက်က အနည်းဆုံးတပ်သား ၁ ဦး သေဆုံးပြီး ၄ ဦးထက် မနည်း ဒဏ်ရာ ရရှိခဲ့‌သလို ကော်ဘရာစစ်သည် ၂ ဦး ပွန်းပဲ့ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ် ၂ ရက် မနက်ပိုင်းက မြဝတီ-ဝေါလေ ကားလမ်း(သုံးထပ်ကွေ့)အနီးမှာ  စစ်ကောင်စီရဲ့  တပ်မ ၄၄၊ နဗဟ ၄၄၁ လက်အောက်ခံတပ်တွေ၊ လက်ရုံးတပ်ဖွဲ့တွေက ထိုးစစ်ဆင်ဝင်ရောက် လာတဲ့အတွက် ကော်ဘရာစစ်ကြောင်းနဲ့ နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသလို စစ်ကောင်စီရဲ့ မှော်ဘီလေတပ်က Yak 130 လေယာဉ်နဲ့ ညနေ ၄ နာရီလောက်က တိုက်ပွဲဖြစ်ပွားရာနေရာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါလေကြောင်းပစ်ခတ်မှုအတွင်း ကော်ဘရာစစ်ကြောင်းက တပ်ဖွဲ့ဝင်တွေ  ဘေးကင်းလုံခြုံခဲ့သလို နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရရှိသူမျ ားပြားခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တာကြောင့် အရေအတွက်စာရင်းကို အတည်မပြုနိုင်သေးပေမယ့် ကော်ဘရာစစ်ကြောင်းက တပ်ဖွဲ့ဝင်၂ ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အလားတူ ဩဂုတ် ၁ ရက် မနက် ၉ နာရီလောက်က စတင်ပြီး ညအချိန်ထိ စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့ ရင်ဆိုင်တိုက်ပွဲဖြစ် ပွား ခဲ့ရာ နယ်မြေကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများပြီး ဆုတ်ခွာခဲ့ရသလို သေဆုံး၊ ထိခိုက်ဒဏ်ရာရစာရင်း အတိအကျ အတည်ပြုနိုင်ဖို့ စိစစ်ဆဲဖြစ်ပြီး ကော်ဘရာစစ်ကြောင်းဘက်က တစုံတရာ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြဝတီ-ဝေါလေ ကားလမ်း(သုံးထပ်ကွေ့)အနီးနဲ့ ဆက်စပ်နေရာတွေကို  ဇူလိုင်လ ၇ ရက်ကစတင်ပြီး စစ်ကြောင်းအ လိုက် နယ်မြေကျော်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့အတွက် ကော်ဘရာစစ်ကြောင်းက ပြည်သူလူထုရဲ့ အသက်အိုးအိမ်၊ စည်းစိမ်နဲ့ ပြည်သူ့လုံ ခြုံရေးအတွက် တာဝန်ထမ်းဆောင်နေတဲ့အတွက် နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s