အကြမ်းဖက်စစ်ကောင်စီက ဒေါ်လာငွေလဲနှုန်းကို သတ်မှတ်စျေးနှုန်း တစ်ဒေါ်လာ ၁၈၅၀ ကျပ်မှ တစ်ဒေါ်လာ ၂၁၀၀ ကျပ်သို့ ပြောင်းလဲ၊ ပို့ကုန်ရငွေဒေါ်လာ ၆၅ ရာခိုင်နှုန်းကိုသာ မြန် မာ ငွေလဲလှယ်ခိုင်းပြီး ၃၅ ရာခိုင်နှုန်း ဒေါ်လာ ကိုင်ခွင့်ပြု ဟု အပြောင်းအလဲ လုပ်ပြန်

အကြမ်းဖက်စစ်ကောင်စီက ဒေါ်လာငွေလဲနှုန်းထားကို တစ်ဒေါ်လာ ၁၈၅၀ ကျပ်မှ တစ်ဒေါ်လာ ၂၁၀၀ ကျပ်သို့ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း ယနေ့ ညနေပိုင်းတွင် ကြေညာသည်။
ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာလျှင် ၂၆၉၀ နှင့် ၂၇၀၀ ကျပ်အကြား စျေးနှုန်းပေါက်နေချိန်တွင် တစ်ဒေါ်လာ ၂၁၀၀ ကျပ်သို့ ပြောင်းလဲ သတ် မှတ်ခြင်းဖြစ်ရာ စျေးကွက်အတွက် ထူးခြားမှုမရှိနိုင်ဟု စျေးကွက်ကျွမ်းကျင်သူများက ဆိုကြသည်။
“အခုဖြစ်နေတာက စီးပွားရေးတစ်ခုလုံး ပြိုလဲလို့ဖြစ်နေတာ။ ငွေလဲနှုန်းဆိုတာ စီးပွားရေး ကောင်းသလား၊ ဒေါ်လာဝင်ငွေ ရှိလား စတဲ့ အဲဒီလို အခြေခံ အချက်တွေအပေါ်မှာ မူတည်ပြီး ကိုယ့်ငွေကြေးခိုင်မာမှု ကိုယ့်စီးပွားရေး ဘယ် လောက်လည်ပတ်နိုင်လဲ ဆိုတာမျိုးတွေနဲ့ တွက်ချက်ရတာ။ ငွေလဲနှုန်း ဆိုတာ စီးပွားရေးတစ်ခုလုံးရဲ့ Indicator ပဲ။ အခု လက်ရှိ ဖြစ်နေတာက စစ်အာဏာသိမ်းလိုက်လို့ ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ပြီး စီးပွားရေးတစ်ခုလုံးပြိုလဲတာ။ ငွေလဲနှုန်းကို နှုန်းရှင် ပြန်သတ်မှတ်ရင်တောင် ဆေးမမီတော့ဘူး။ စောင့်ကြည့်ပါ” ဟု စျေးကွက်ကျွမ်းကျင်သူတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီက ပို့ကုန်ဝင်ငွေ၏ ဒေါ်လာ ၆၅ ရာခိုင်နှုန်းကို မြန်မာငွေလဲလှယ်ခိုင်းထားပြီး ၃၅ ရာခိုင်နှုန်းကို ဒေါ်လာ ကိုင်ဆောင်ခွင့်ပြုကြောင်း ယနေ့ ထပ်မံ ကြေညာပြန်သည်။ သို့ရာတွင် စျေးကွက်ကျွမ်းကျင်သူများကမူ ကျပ်ငွေ တန်ဖိုးထိုးကျမှုသည် ပြည်သူများနှင့်စီးပွား ရေးသမားများ၏ စစ်တပ်အပေါ် ယုံကြည်မှု ပျောက်ဆုံးခြင်း ကြောင့် ဖြစ်သဖြင့် နိုင်ငံရေး ဆိုးဝါးသည်နှင့်မျှ မြန်မာကျပ်ငွေသည် ဂျပန်ခေတ် ငွေစက္ကူကဲ့သို့ တန်ဖိုးမဲ့ဖြစ်လိမ့်မည်ဟု ဆိုကြသည်။ khit thit