Monthly Archives: Aug 2022

NUG၊ PDF တို့နှင့် ထိတွေ့ဆက်ဆံခြင်းမပြုရန် အာဆီယံကို စစ်ကောင်စီတောင်းဆို

အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တို့နှင့် ထိတွေ့ဆက်ဆံခြင်းမပြုရန် စစ်ကောင်စီက အာဆီယံကို တောင်းဆိုလိုက်သည်။

ထို့ပြင် စစ်ကောင်စီသည် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံက ထုတ်ပြန်ခဲ့သည့် ကြေညာချက်ကိုလည်း ကန့်ကွက်ခဲ့သည်။

စစ်ကောင်စီ၏ ကန့်ကွက်အကြောင်းကြားစာတွင် အာဆီယံအနေဖြင့် NUG၊ PDF တို့နှင့် ထိတွေ့ဆက်ဆံခြင်းမပြုရန် တောင်းဆိုခဲ့ခြင်းဖြစ် သည်။

NUG နှင့် PDF တို့သည် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေသည်ဟု စစ်ကောင်စီက တစ်ဖက်သက် စွပ်စွဲထားပြီး မြန်မာနိုင်ငံကို ပုံမှန်အနေအထားသို့ ပြန်လည် ရောက်ရှိရေး ကူညီရန်အမှန်တကယ် ဆန္ဒရှိသည်ဆိုပါက NUG နှင့် PDF တို့နှင့် ထိတွေ့ဆက်ဆံရန် ပြောဆိုမှုများနှင့် အားပေးသည့်လုပ်ရပ်များကို ရှောင်ရှားရမည်ဟု စစ်ကောင်စီကဆိုသည်။

(၅၅)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ တက်ရောက်ခဲ့ပြီး မလေးရှား၊ စင်ကာပူ အစရှိသည့် နိုင်ငံများက စစ်ကောင်စီကို ပြင်းပြင်း ထန်ထန်ဝေဖန်ခဲ့သည်။

အာဆီယံက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ငါးရပ်ကို စစ်ကောင်စီက အကောင်အထည် ဖော်မှုမရှိကြောင်း အာဆီယံကဆိုသည်။

အာဆီယံ၏ အဆိုပါ ထုတ်ပြန်မှုနှင့် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်အပါအဝင် လေးဦးကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူများဟု အာဆီယံက ရေး သားထားမှုအပေါ် စစ်ကောင်စီက ကန့်ကွက်ခဲ့သည်။

(၅၅)ကြိမ်မြောက်အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးနှင့် ဆက်စပ် အစည်းအဝေးများကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၆ ရက်အထိပြုလုပ်ခဲ့ပြီး စစ်ကောင်စီ၏နိုင်ငံခြားရေးဝန်ကြီး နေရာအား ခုံအလွတ်သာ ထားရှိ၍ တက်ရောက်ခွင့်မပြုခဲ့ပေ။ mizzima

ကလေးမြို့ ရာဇဂြိုဟ်ကျေးရွာထဲ စစ်ကောင်စီတပ်မှ ပြည်သူနေအိမ်များဖောက်ထွင်းကာ မီး ရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ်ကျေးရွာထဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်များမှ ငွေကြေးကြွယ်ဝချမ်းသာမည်ဟု ယူဆသောအိမ်များကို ဩဂုတ်လ ၅ ရက်တွင် ဖောက်ထွင်းခိုးယူပြီး အပြစ်မဲ့ပြည်သူနေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

”စစ်ခွေး(စစ်ကောင်စီတပ်သား)တွေက ပိုက်ဆံရှိမယ်လို့ထင်တဲ့အိမ်တွေဖောက်တာ၊ အိမ်ဖောက်ခံရတာက ၁၀ အိမ်ဝန်းကျင်ဗျ၊ မီးရှို့ခံရတာကတော့ ၁၀ အိမ်ဝန်းကျင်ပါ၊ လက်နက်ကြီးထိမှန်တဲ့အိမ်ခြေက ငါးအိမ်ခန့်ရှိတယ်၊ စစ်ခွေးတွေကြောင့် ရှောင်ပြေးနေတဲ့ပြည်သူတွေထဲက အိမ်ကို အဝတ်အစားတွေ သွားယူတဲ့ သူထဲက နှစ်ယောက်လည်း ပစ်သတ်ခံရတယ်လို့ကြားတယ်။”ဟု ရာဇဂြိုဟ်ဒေသခံတစ်ဦးက ပြော သည်။

အဆိုပါ ပစ်သတ်ခံရသူနှစ်ဦးမှာ စစ်ကောင်စီတပ်မှ ဓားစာခံအဖြစ်ခေါ်ထားသူများလည်းဖြစ်နိုင်ကြောင်း ဒေသခံများကပြောသော်လည်း မဇ္ဈိမအနေဖြင့် အသေးစိတ်သိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

တမူးမြို့မှ ကလေးမြို့ဘက်သို့ မိုင်းရှင်းရန် ဆင်းလာသည့် ယာဉ် ၁၀ စီးပါ စစ်ကောင်စီယာဉ်တန်းအား ဩဂုတ်လ ၄ ရက်တွင် ၅၅မိုင် ရွာအနီးတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (တွန်းဇံ) CDF – Ton Zang နှင့် မဟာမိတ်ပူးပေါင်းတပ်များမှ စောင့်ကြို၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ဦးရေ ၅၀ သေဆုံးပြီး ၁၀ဦး ထက်မနည်း ဒဏ်ရာရရှိကြောင်းCDF – Ton Zang က ထုတ်ပြန်ထားသည်။

ထိုသို့ ထိခိုက်ကျဆုံးမှုများနေသည့် စစ်ကောင်စီတပ်သည် ဩဂုတ်လ ၅ရက် နံနက်ပိုင်းတွင် အင်အား ၃၀၀ ခန့်ဖြင့် ရာဇဂြိုလ်မြို့သို့ ဝင်ရောက် ၍ ပြည်သူပိုင် နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခြင်းဖြစ်ကြောင်း၊ ရာဇဂြိုလ်မြို့တွင် အိမ်ခြေ ၂,၀၀၀ ကျော်ရှိကြောင်း သိရသည်။mizzima

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် အပါအဝင် NLD ခေါင်းဆောင် များ ကို အဂ တိမှု များဖြင့် လိမ်လည် တရားစွဲသော တရား လို ညွှန်ကြားရေးမှူး ဗိုလ် ကြီး ဟောင်း ရဲထက် လူမှုရေးဖောက်ပြန်မှုနှင့် လာဘ်စားမှုများ ကျူး လွန်ထား

မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီက ဒေါ်အောင်ဆန်း စု ကြည်၊ သမ္မတဦးဝင်းမြင့် အပါအဝင် NLD ခေါင်းဆောင်တွေကို အကျင့် ပျက် ခြစားတယ်ဆိုပြီး အမှုဆင် လိမ်လည် ဖမ်းဆီးတရားစွဲရာမှာ စသုံးလုံးနဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို လက် ကိုင်တုတ်အဖြစ် ကောင်းကောင်း အသုံးချနေပါတယ်။

ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ နိုင်ငံ့ ခေါင်းဆောင်တွေကို လိမ် လည် စုံစမ်း အမှုတည်ဆောက်တဲ့ စသုံးလုံးဌာနရဲ့ အကြောင်း ရန်ကုန် ခေတ် သစ်က ဖော်ထုတ် ရေးသားခဲ့ပြီဖြစ်ပြီး အဂတိတိုက်စားမှု တိုက်ဖျက်ရေး ကော် မရှင်ဘက်က ညွှန်ကြားရေးမှူး ရဲထက် ဦးဆောင်တဲ့ အဖွဲ့က ပါဝင် ပတ်သက် နေတာပါ။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ တင်ဦးကစလို့ တစ်ဖွဲ့ လုံး က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ့ ခေါင်းဆောင်တွေကို လိမ် လည် အမှုဖွင့် ရာမှာ ပါဝင်ကြပြီး တကယ့်မြေပြင်တရားရုံးမှာ တရားလိုအဖြစ် ထွက်ဆို ပါဝင်သူကတော့ ညွှန်ကြားရေးမှူး ဗိုလ်ကြီးဟောင်း ရဲထက်ပဲဖြစ်ပါတယ်။

တကယ်တော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှာ ညွှန်ကြား ရေး မှူး လုပ်နေတဲ့ ဗိုလ်ကြီးဟောင်း ရဲထက်ဟာလည်း လူမှုရေးဖောက်ပြန်မှုတွေ၊ လာဘ်စားမှုတွေ ကျူးလွန်ထားပြီး နာမည်ပျက်နေသူဖြစ်ပါတယ်။

“အရင် ဦးသိန်းစိန်အစိုးရလက်ထက် အဂတိကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ဟောင်း မြဝင်းရဲ့ တပည့်အရင်းပါ။ ညွှန်မှူး ဗိုလ်ကြီးဟောင်း ရဲထက်က။ ဗိုလ်ချုပ် ဟောင်း မြဝင်းဆိုတာ အဂတိကော်မရှင် ဥက္ကဋ္ဌ လုပ်ပြီး လာဘ်စားခဲ့တဲ့အမှု တွေ ဆိုတာ အတော်များပါတယ်။ ရဲထက်ရဲ့ ဆရာကတော့ မြဝင်းနဲ့ ဩဂုတ်လ ၄ ရက်နေ့ ပြုတ်သွားတဲ့ အဂတိကော်မရှင် အတွင်းရေးမှူး ထင်ကျော်တို့ပဲ။ ထင်ကျော်(စစ်တက္ကသိုလ်အပတ်စဉ် ၂၅) ဆိုတာကလည်း အရမ်းကို ကော်မရှင် မှာ ခြယ်လှယ်ပြီး သူတိုးပေးချင်တဲ့ ရာထူးတိုးပေး၊ ရုံးကို သူ့ရုံးလို လုပ်တဲ့သူလေ။ ဩဂုတ်လ ၄ ရက်နေ့မှာ ကျန်းမာရေးအရ အနားယူခွင့်ပြုတယ်ဆိုပြီး အဖြုတ် ခံလိုက်ရတာ” လို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။

ညွှန်ကြားရေးမှူး ဗိုလ်ကြီးဟောင်း ရဲထက်ဟာ အရင်က စက်မှုဝန်ကြီးဌာန၊ ဒု လက်ထောက် ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။မိုးကျရွှေကိုယ် အသွင်ပြောင်း အရာရှိဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ စက်မှုဝန်ကြီးဌာန ဖျက်သိမ်းလိုက်တဲ့ အတွက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို လက်ထောက် ညွှန် ကြား ရေးမှူးအဖြစ် ပြောင်းရွှေ့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်က အဂတိကော်မရှင်မှာ ဗိုလ်ချုပ်ဟောင်းမြဝင်းက ဥက္ကဋ္ဌဖြစ်ပြီး ထင်ကျော်က ရုံးအဖွဲ့မှူးဖြစ်ပါတယ်။ နှစ်ဦးစလုံးကတော့ သူ့ဆရာ လက်ရင်း တွေပါပဲ။ စက်မှုဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်စဉ်နဲ့ အဂတိ တိုက်ဖျက် ရေးကော်မရှင်မှာ တာဝန်ထမ်းဆောင်စဉ်မှာလည်း ဌာနတွင်း လာဘ်ပေး လာဘ်ယူမှုတွေနဲ့ လူမှုရေးဖောက်ပြန်မှုတွေကို ကျူးလွန်ခဲ့ပေမယ့်လည်း သူဆရာတင်ထားတဲ့သူတွေကြောင့် ရာထူးမပြုတ်ဘဲ ဆက်နေနိုင်ခဲ့ပါတယ်။

ရဲထက်ရဲ့ ထင်သာမြင်သာရှိတဲ့ လူမှုရေးဖောက်ပြန်မှုကတော့ ၂၀၁၅ ခုနှစ်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ နိုင်ငံတကာရေးရာ ဌာနမှ ရုံးအုပ် အမျိုးသမီးနဲ့ ဖောက်ပြန်ခဲ့တာပါ။

အဲဒီ လူမှုရေး အရှုပ်အရှင်းကိစ္စကို တိုင်စာတွေအရ ကော်မရှင်ဘက်က အမှန် တကယ် ရဲထက် ကျူးလွန်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါတယ်။ အဲ ဒီအမှုကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးမောင်မောင်လှ (စစ်တက္ကသိုလ်အပတ်စဉ် ၂၅ ) က စစ်ဆေးခဲ့ပြီး လူမှုရေး အရှုပ်အရှင်း အမှန် တကယ်ကျူးလွန်တာဖြစ်တယ်ဆိုတာ စိစစ်တွေ့ရှိခဲ့ပေမယ့်လည်း ရုံးအုပ် အမျိုးသမီးကိုပဲ မန္တလေးရုံးခွဲ ပြောင်း ရွှေ့ခဲ့ပြီး ဗိုလ်ကြီးဟောင်း ရဲထက်ကို အရေး မယူခဲ့ပါဘူး။

လူမှုရေးအရှုပ်အရှင်းအတွက် ရဲထက်ကို အရေးယူမခံရအောင်လည်း ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ဟောင်းမြဝင်းနဲ့ ရုံးအဖွဲ့မှူး ထင်ကျော်တို့က ၀ိုင်းဝန်း ကာ ကွယ်ပေးခဲ့ကြပါတယ်။ ဒါ့အပြင် အခြားလာဘ်ပေးလာဘ်ယူမှုတွေမှာလည်း အလားတူပါပဲ တိုင်ကြားမှုတွေရှိပေမယ့် အကာအ ကွယ်ပေးမယ့်သူတွေကြောင့် ရဲထက်ဟာ အလုပ်ပြုတ်မသွားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ သူရဲ့ ရာထူးအာဏာတည်မြဲရေးအတွက် ဗိုလ်ကြီးဟောင်း ရဲထက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို လိမ်လည်အမှုဆင်မှုမှာ တရားလို အဖြစ် ရှေ့ဆုံးက ဦးဆောင်ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ရဟတ်ယာဉ်ဝယ်ယူမှု၊ လရောင် တောစီမံကိန်း၊ မောင်ဝိတ်ထံမှ ငွေယူမှုတွေ အပါအဝင် အမှုဆင် လိမ်လည် ထားတဲ့ အဂတိမှုတွေအတွက် ညွှန်ကြားရေးမှူး ဗိုလ်ကြီးဟောင်းရဲထက်က တရားလိုအဖြစ် တရားစွဲပါတယ်။

စသုံးလုံးနဲ့ စစ်တပ်က ရေးပေးလိုက်တဲ့ စာတွေကို စာအုပ်ကြီး ရှေ့ချ တရား ရုံးရှေ့မှာ တစ်လုံးမကျန် ဖွင့်ဖတ်နေတဲ့အထိ စစ်တပ်ရဲ့ လက် ကိုင်တုတ် အဖြစ် အသုံးတော် ခံခဲ့ပါတယ်။

အဲဒီအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေက ညွှန်မှူး ရဲထက်ရဲ့ စာအုပ်ကြည့် ရွတ်ဆိုနေတဲ့ ထွက်ဆိုချက်တွေကို ကန့်ကွက်ခဲ့ရပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံခေါင်းဆောင်တွေကို လိမ်လည် တရားစွဲဆိုသူ ညွှန်ကြားရေးမှူး ဗိုလ်ကြီးဟောင်းရဲထက်ဟာ အဂတိမှုတွေ၊ လူမှု ရေး ဖောက် ပြန် မှုတွေကျူးလွန်သူသာဖြစ်ပြီး သူ့ရာထူးအာဏာ တည်မြဲ တိုး တက်ရေး အတွက် စစ်တပ်ရဲ့ လက်ကိုင်တုတ် ဘက်တော်သားအဖြစ် ဆက်လက် အသုံး တော်ခံလျက်ရှိနေပါတယ်။khit thit

မြစ်ကြီးနားမြို့ အမှတ် ၃ ရဲစခန်းကင်းဂိတ်တွင် ပစ်ခတ်မှုဖြစ်၊ ရဲ ၄ ဦး သေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ် ကဝါးခရွာက  ရဲစခန်းအမှတ် – ၃ မှာ သြဂုတ် ၆ ရက် မနက် ၆ နာရီလောက်က ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ စျေးသည်တဦးက ပြောပါတယ်။

မနက် ၆ နာရီ ဂိတ်တံခါးဖွင့်ချိန် ရဲစခန်းက ကင်းတဲဂိတ်ထဲကို ရဲဝတ်စုံ  ဝတ်ထား သူ ၄ ဦး လာရောက်ပစ်ခတ်ခဲ့တာကြောင့် နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ဈေးသည်က ပြောပါတယ်။

“၀တ်စုံနဲ့ဆိုတော့ သူတို့အချင်းချင်ထင်ပြီး အငိုက်မိသွားတယ်။ သေဆုံးသူ ၄ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၀ ဦး ထက်မနည်းရှိနေတယ်။ ဒီမနက်က ဗုံးသံ၊ သေနတ်သံ၊ စက်သေနတ်သံ အစုံပဲ ၁ နာရီနီးပါး ကြာတယ်။”

မျက်မြင်တွေ့ရှိသူတဦးက “အမည်မသိအဖွဲ့ ၄ ဦးမှာ ၁ ဦးက ထိခိုက်ဒဏ်ရာရပြီး ဒဏ်ရာရသူကို ဆိုင်ကယ်နဲ့တင်ပြီး မောင်းပြေးသွားကြတယ်။ သွေးတွေက လမ်းတလျှောက်ရှိတယ်။ သေလားရှင်လားတော့ မသိဘူး” လို့ ပြောပါတယ်။

ခရီးသွားပြည်သူတဦးက “အမှတ် (၃) ရဲစခန်းက ခရီးသွားလမ်းမကြီးကို ညနေ ၆ နာရီဆို ဂိတ်ကြီးပိတ်လို့ လမ်းသွားလမ်းလာများ တခြားလမ်းကနေပတ်ပြီး သွားနေရလို့ ဒုက္ခ ရောက်နေကြတာ ကြာပြီ။ ဒီနေ့တော့ ပိုဆိုး၊ မနက်မှာပစ်ခတ်မှုဖြစ်လို့ အခုထိ လမ်းမကြီးကို ပိတ်ထားတယ်” လို့ ပြောပါတယ်။

မြစ်ကြီးနား ကဝါးခရွာက  ရဲစခန်း အမှတ် ၃ တိုက်ခိုက်ခံရတာ ဒီတကြိမ်နဲ့ဆို လေးကြိမ်ထက်မနည်း ရှိနေပြီလို့ သိရပါတယ်။  DVB

မန္တလေး မြို့ပြကာကွယ်ရေးနှင့် ရှေ့တန်းပြည်သူ့ဆေးတပ်ဖွဲ့မှ လက်နက်ဝယ်ယူရန် “10M Challenge” ပြုလုပ်

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ Mandalay People Rescue (MPR) မန္တလေးမြို့ပြကာကွယ်ရေးနှင့် ရှေ့တန်းပြည်သူ့ဆေးတပ်ဖွဲ့မှ လက်နက်ဝယ်ယူရန်အတွက် သိန်း ၁၀၀ Challenge ကို သြဂုတ်လ ၅ ရက်မှ သြဂုတ်လ ၃၁ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

” ဇူလိုင် ၁၇ ရက်နေ့ ညနေပိုင်းမှာ ကျနော်တို့ရဲ့ Safe House နှစ်လုံး ဝင်စီးခံရတယ်၊ သေနတ်အတို လေးလက်နဲ့ ကျည် ၂၃၀ လောက် ပါသွားတယ်ဗျ၊ ခုချိန်မှာ မစ်ရှင်လုပ်ဆောင်ဖို့ လက်နက်လိုအပ်နေတဲ့အတွက် ခုလို “10M Challenge” သိန်း ၁၀၀ Challenge ကို လုပ်ရခြင်းဖြစ်ပါတယ်။”ဟု MPR သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုထူးအောင်က ဆိုသည်။

ယခုပြုလုပ်သော သိန်း ၁၀၀ Challenge တွင် ပြည်သူတစ်ဦးချင်းပါဝင်ရန် ဖိတ်ခေါ်ထားပြီး ပါဝင်လှူဒါန်းသူများအနေဖြင့် Mandalay People Rescue (MPR) ၏ Page Messenger နှင့် MPR သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုထူးအောင်၏ Facebook Account Messenger တွင်လည်း လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

MPR အဖွဲ့သည် မန္တလေးတွင် အခြေပြု လှုပ်ရှားနေသည့် မြို့ပြ ပြောက်ကျားအဖွဲ့တစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် ဧပြီလ ၃ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ စစ်ကောင်စီ ဒေါက်တိုင် များအား သုတ်သင်ရှင်းလင်းခြင်းနှင့် မြို့ပေါ်ရှိ စစ်ကောင်စီလက်နက် ကိုင်များ၏နေရာများကို ဗုံးပစ်တိုက် ခိုက်ခြင်းများကို ပြုလုပ်နေသောအဖွဲ့ဖြစ်သည်။

မန္တလေးမြို့တွင် မြို့ပြပြောက်ကျားအဖွဲ့များနှင့် မြေပြင်ဆန္ဒပြလှုပ်ရှားမှု အားကောင်းမလာစေရန် ထောက်ပို့နှင့် UG များကို စစ်ကောင်စီကပိုက်စိပ်တိုက်ဖမ်းဆီးမှုများ ပြုလုပ်နေလျက်ရှိရာ မန္တလေး UG တပ်ဖွဲ့ဝင် ၁၀၀ ခန့်ထိ ဖမ်းဆီးခံထားရပြီး ထိခိုက်ဒဏ်ရာရထားသူများလည်းရှိကြောင်း သိရသည်။ mizzima

အောင်လင်းဒွေး မိတ်ဆွေ အဂတိ ကော်မရှင် အတွင်းရေးမှူး ထင်ကျော် လူမှုရေး ဖောက်ပြန်မှု၊ လုပ်ပိုင်ခွင့် ကျော်လွန်မှု၊ အကျင့်ပျက်ခြစားမှုများဖြင့် အရေးယူ ခံရခြင်း မရှိဘဲ ရာထူးမှ အနားပေးခံရ

အကြမ်းဖက်စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး၏ မိတ်ဆွေ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် အတွင်းရေးမှူး ထင်ကျော်ကို လူမှုရေး ဖောက်ပြန်မှု၊ ရုံးတွင်းလုပ်ပိုင်ခွင့် ကျော်လွန်မှု၊ အကျင့်ပျက်ခြစားမှုတွေနဲ့ အရေး ယူခံရမှု တစ်စုံတစ်ရာ မရှိဘဲ ကျန်းမာရေး အရ အနားယူခွင့် ပြုလိုက် တယ် လို့ စစ်ကောင်စီက ဩဂုတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

“ကော်မရှင်ထဲမှာ အချင်းချင်း ပြန်တိုင်ကြတာ။ ခင်ဗျားတို့ ခေတ်သစ် မီဒီယာ ကလည်း ဦးထင်ကျော်အကြောင်း ရေးတာ တက်တယ်လေ။ အဲဒီမှာ သူ့လူ ဖြစ် တဲ့ လွင်အောင်ကို ညွှန်ချုပ်ရာထူးတိုးပေးတာတွေ အဲဒါတွေက တိုင်းသိ ပြည် သိ ဖြစ်ကုန်တာ။ အဲဒါတွေလည်းပါတယ်။ နောက်ပြီး လူမှုရေး ဖောက် ပြန်မှု ရှိတာ။ သူနဲ့ ဖြစ်တဲ့ အမျိုးသမီးက ဦးစီးအရာရှိ။ အဲဒီကိစ္စလည်းပါတယ်။ နောက် ဆုံး ပြစ်ချက်များပြီး ရှင်းမရလို့ အနားပေးလိုက်တာပါပဲ” လို့ ရန်ကုန် ခေတ်သစ်ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ရန်ကုန်ခေတ်သစ်က အဂတိကော်မရှင်ဥက္ကဋ္ဌ တင်ဦးနဲ့ အတွင်းရေးမှူး ထင် ကျော် တို့အကြောင်း ဇွန်လ ၁၇ ရက်နေ့မှာ သတင်းဖော်ပြခဲ့ပါတယ်။

ကော်မရှင်အတွင်းရေးမှူးမှ အနားပေးခံလိုက်ရသည့် ထင်ကျော်က စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေး နဲ့ စစ်တက္က သိုလ်DSA အပတ် စဉ် ၂၅ အတူတူ တက်ရောက်ခဲ့သူဖြစ်ပါတယ်။ သူဟာ အရင်က အဂတိကော်မရှင်မှာ ညွှန်ချုပ် အဖြစ် အငြိမ်းစား ယူခဲ့ပြီး စစ်ကောင်စီ လက် ထက်မှာ အဂတိကော်မရှင် အဖွဲ့ ဝင် အတွင်းရေးမှူး ဖြစ်လာသူဖြစ်ပါတယ်။

အဂတိကော်မရှင် အတွင်းရေးမှူး ရာထူးကို အောင်လင်းဒွေးက သူ့ကို ပေးခဲ့ တာ လည်းဖြစ်ပါတယ်။ ထင်ကျော်က ဗိုလ်မှူးဟောင်းဖြစ်ပြီး အရင်က စက်မှု ဝန်ကြီးဌာနက ညွှန်ကြား ရေး မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အဂတိကော်မရှင်မှာ ၈နှစ် ကျော် ၉ နှစ်အတွင်း ရုံးအဖွဲ့မှူး၊ ညွှန်ချုပ် ရာထူးတွေနဲ့ အငြိမ်းစား ယူခဲ့တာ ဖြစ်ပါတယ်။

ထင်ကျော်ဟာ အဂတိတိုက်ဖျက်ရေး ကော်မရှင်မှာ ရုံးအဖွဲ့မှူး ၊ ညွှန်ကြား ရေး မှူး ရာထူး ထမ်းဆောင်ချိန်က တပည့်မွေး၊ လူမွေး၊ လာဘ်စားမှုတွေလုပ်လို့ သမ္မတရုံးကို အတိုင်ခံခဲ့ရပါသေးတယ်။ သမ္မတရုံးဘက်က သတိပေးဆုံးမ လောက်နဲ့ပြီးခဲ့တာပါ။

အဲ့အချိန်ကတည်းက ဌာနတွင်းတပည့်မွေး ရာထူးပေးနဲ့ အကျင့်မကောင်း စိတ်ဓာတ်မကောင်းတဲ့ သူအဖြစ် ထင်ကျော်က မှတ်တမ်းရှိခဲ့သူ လည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ထင်ကျော်ဟာ အဂတိကော်မရှင် အတွင်းရေးမှုး ရာထူး ကို အောင်လင်းဒွေးအကူအညီနဲ့ ရယူပြီးတဲ့နောက်မှာ သူ့စိတ်ကြိုက် အဂတိ ကော်မရှင်ကို ပုံဖော်လုပ်ဆောင်ပါတယ်။

ထင်ကျော်က ကော်မရှင်အတွင်းရေးမှူးဖြစ်လာပြီး ၁ လအကြာမှာ သူ့တပည့် အရင်း မော်တော် ယာဉ်ဌာန ညွှန်ကြားရေးမှူး လွင်အောင်ကို ရာ ထူး တိုး စာမေး ပွဲမရှိ၊ EC Board အစည်းအဝေးမရှိဘဲ သူ့တဦးတည်းဆုံးဖြတ်ချက်နဲ့ ဒုညွှန်ချုပ်ရာထူးတိုးပေးလိုက်ပါတယ်။

ဒုညွှန်ချုပ်လွင်အောင် ဒုညွှန်ချုပ်ရာထူးရပြီး သိပ်မကြာခင်မှာ ညွှန်ချုပ်ရာထူး အဆင့် ကို ထင်ကျော်က ထပ်တိုးပေးပါတယ်။ ဒုညွှန်ချုပ် လွင်အောင်ကို ညွှန် ချုပ် ရာထူး တိုးရာမှ အောင်လင်းဒွေးအကူအညီနဲ့ပဲ ရာထူးတိုးပေးခဲ့တာပါ။ လွင်အောင် ရာထူးတိုးတာဟာ ဒုညွှန်ချုပ်နဲ့ညွှန်ချုပ်ကြားကာလ ၉လသာ ကြာ ခဲ့ပါတယ်။

အဂတိလိုက်စားမှု ကော်မရှင် ဖွဲ့စည်းပုံအရ ညွှန်ချုပ် ၃နေရာမှာ ကော်မရှင် အတွင်းရေးမှူး ထင်ကျော်ရဲ့ တပည့် လွင်အောင် စီမံဌာန ညွှန်ချုပ်အဖြစ် ခန့် အပ်ပြီး ကော်မရှင်တစ်ခုလုံးကို ချုပ်ကိုင်ထားပါတယ် ။

အဂတိကော်မရှင်အတွင်းမှာ အောင်လင်းဒွေးလူ ၊ မင်းအောင်လှိုင်လူ စစ်တပ် ထောက်ခံသူတွေနဲ့ပတ်သက်တဲ့ အမှုတွေကို လုံး၀ စစ်ဆေးမှု မရှိဘဲ ပစ်စာ အဖြစ် သဘောထားပါတယ်။

ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ချုပ် ဒေါက်တာ မြင့်မြင့်သန်းအမှုဆိုရင် အောင်လင်းဒွေးရဲ့ သူငယ်ချင်းရဲ့ ဇ နီး ဖြစ်တာကြောင့် စစ်ဆေးမှုမရှိတော့ဘဲ လာဘ်ငွေယူ ပစ်စာအဖြစ် သဘော ထားတွေလည်းရှိပါတယ်။

အဂတိအတွင်းရေးမှူး ထင်ကျော်ဟာကလည်း ဝန်ထမ်းတွေရဲ့ အိမ်ရာ ချထား မှုကစလို့ ငွေကြေးလစာစီမံတာအထိ အဂတိလိုက်စားမှုတွေရှိလို့ တိုင်ကြား ခံရပါတယ်။

အဂတိအတွင်းရေးမှူး ထင်ကျော် ဌာနတွင်းအကျင့်ပျက်ခြစားနေတာကို တိုင် တဲ့သူက သူငယ်ချင်း စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေးကို သွားတိုင် ကြားတာမို့ အရာမရောက်ခဲ့ပါဘူး။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှာ အဖွဲ့ဝင် ၁၂ ဦး ရှိပေမယ့် ဘယ်သူ ကမှ ဥက္ကဋ္ဌ တင်ဦးနဲ့ အတွင်းရေးမှူး ထင်ကျော်ကို ကျော်လို့မရခဲ့ပါဘူး။

တင်ဦးနဲ့ ထင်ကျော်ကလည်း စစ်တပ်အကျိုးကို အရိုးကြေကြေ အရည်ခမ်းခမ်း တာဝန် ထမ်းဆောင်မယ့်သူဖြစ်တာကြောင့် အဂတိကော်မရှင်ဟာ စစ်ကောင် စီရဲ့ လက်ကိုင်တုတ် ကော်မရှင်အဖြစ် နိုင်ငံရေး အသုံးချခံနေရတာ လည်း ဖြစ် ပါတယ်။

အခုနောက်ဆုံးမှာတော့ ထင်ကျော်ကို ကျူးလွန်ထားတဲ့ အဂတိမှုတွေ လူမှု ရေးဖောက်ပြန်မှုတွေ ရှိပေမယ့်လည်း အရေးယူမရှိဘဲ ကျန်းမာ ရေး အရ ဆိုပြီး အနားပေးလိုက်တာဖြစ်ပါတယ်။khit thit

ဆိပ်ဖြူမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၄ ဦး သေဆုံး

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာ သြဂုတ် ၃ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ကားကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ၂ ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ စစ်ကောင် စီဘက်က ၄ ယောက် သေဆုံးကာ အများအပြားဒဏ်ရာ ရခဲ့တယ်လို့ ဆိပ်ဖြူဘာမထီ ပြောက် ကျား တပ်ဖွဲ့က သြဂုတ် ၅ ရက်မှာထုတ်ပြန်ပါတယ်။

ဖလံမရွာနားမှာ သြဂုတ် ၃ ရက် မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်အင်အား ၅၀ လောက်ဟာ ဖောကား ၂ စီးနဲ့ တက်လာချိန် ဆိပ်ဖြူဘာမထီပြောက်ကျားအဖွဲ့နဲ့ ချောက်ပကဖတို့ ပူးပေါင်းမိုင်းဆွဲခဲ့တာလို့ ဆိပ်ဖြူဘာမထီ ပြောက်ကျားတပ်ဖွဲ့မှ တပ်ခွဲမှူး ကိုပိုင်က ပြောပါတယ်။

ဒါအပြင် ဖလံမရွာနဲ့ အိုင့်ကြီးရွာကြားမှာ မနက် ၁၁ နာရီလောက်က အိမ်စီးကား တစီးအပါဝင် စစ်ကောင်စီတပ်အင်အား ၃၀ လောက် ခြေလျင် စစ်ကြောင်းထိုးလာလို့ နောက်တကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်လောက် သေဆုံးကာ အများအပြားဒဏ်ရာရခဲ့တယ်လို့ ကိုပိုင်က ဆက်ပြောပါတယ်။

“စစ်(…)အလောင်းတွေကိုတော့ ကားပေါ်ကို ထမ်းတင်သွားတာ။ မှန်ဘီလူးနဲ့ အဝေးက လှမ်းကြည့် လို့ မြင်ရတာ။ ဒဏ်ရာရသူတွေကိုလည်း တွဲခေါ်သွားတာတွေ့ရတယ်။”

စစ်ကောင်စီတပ်က ဖလံဖရွာဘက်ကနေ အိုင့်ကြီးရွာနားကို လက်နက်ကြီးတွေနဲ့ ၃ ချက်လောက်ပစ်ခတ်ခဲ့ပေမဲ့ မပေါက်ကွဲခဲ့ဘူးလို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဆိပ်ဖြူမြို့နယ်ကို ဇူလိုင် ၇ ရက်ကတည်းက စစ်ကြောင်းတွေ ဆက်တိုက်ထိုးနေပြီး ဆက်သွယ်ရေးဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားလို့ သတင်းထုတ်ပြန်တာ နောက်ကျခဲ့ရတယ်လို့ ဆိုပါတယ်။

အခုလို မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးတဲ့ အခြေနေကို သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ DVB

မြန်မာ့အရေး ၄ နှစ်ကနေ အနှစ် ၂၀ အထိကြာသွားနိုင်ဟု စင်ကာပူပြော

စစ်တပ်က အာဏာသိမ်းထားသည့် မြန်မာနိုင်ငံ၏ အခြေအနေမှာ အလွန်ကြောက်မက်ဖွယ်ရာကောင်း ပြီး အချိန် ၄ နှစ်မှ အနှစ် ၂၀ အထိကြာကောင်းကြာသွားနိုင်သည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး စင်ကာ ပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က အထက်ပါအတိုင်း ပြောဆိုကြောင်း The StraitsTimes သတင်းစာက ရေးသားသည်။​ အာဆီယံအပေါ် ကတိပြုထားသည့် ငြိမ်းချမ်းရေးအစီ အစဉ် လုံးဝတိုးတက်မှုမရှိဘဲ စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်ခြင်း မရှိဟုလည်း ဆိုသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ကြောက်စရာ အရမ်းကောင်းတဲ့ အခြေအနေပါ။ စစ်အာဏာသိမ်းမှုကနေ ပြည်တွင်းစစ်ဖြစ်နေပြီ။ အာဆီယံ တူ ညီဆန္ဒ ၅ ချက်လည်း ဘာတိုးတက်မှုမှ မရှိဘူး” ဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

“ဒီအခြေအနေက ဘယ်လောက်ထိ ကြာနေမလဲ။ ကျွန်တော်ကြားမိတဲ့ ခန့်မှန်းခြေကတော့ လေးနှစ်က နေ အနှစ် ၂၀ အထိပဲ။ ကျွန်တော်တော့ အကောင်းမမြင်ဘူး”

ထင်ရှားသည့် နိုင်ငံရေးသမား ကိုဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် အခြားနိုင်ငံ ရေးအကျဉ်းသားနှစ်ဦးကို စစ်ကောင်စီက ကွပ်မျက်သည့် လုပ်ရပ်အပေါ် အာဆီယံခေါင်းဆောင်များက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ကြသည်။

အာဆီယံနိုင်ငံခြာရေးဝန်ကြီးများ အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် မြန်မာ့အရေးနှင့် ပတ်သက်၍ နက်ရှိုင်းစွာစိတ်ပျက်မိကြောင်း ဖော် ပြထားသည်။ အာဆီယံထုတ်ပြန်ချက်ကို ပယ်ချကြောင်း၊ အာဆီ ယံပဋိညဉ်အရ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် စစ်ကောင်စီက ယမန်နေ့တွင် တုံ့ပြန် ထားသည်။ myanmar now

« Older Entries Recent Entries »