Monthly Archives: Aug 2022

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ ကိုးအင်းကျေးရွာ၌ ဩဂုတ်လ ၇ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ နှစ်ဖက်အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

မြိတ်အခြေစိုက် ခလရ တပ်ရင်း(၁၇)နှင့်(၁၀၁) သို့ပြန်လာသော အင်အား ၇၀ နီးပါးရှိသည့် စစ်ကောင်စီ တပ်ဖွဲ့ သည် သိန္ဒောကျေးရွာအုပ်စုဖက်မှ တကူကျေးရွာအုပ်စု ကိုးအင်းကျေးရွာသို့ ဩဂုတ်လ ၇ ရက်နေ့ ညနေ ၄ နာရီအချိန်တွင်ရောက်ရှိစဉ် ဘက်မလိုက်ပြောက်ကျားအဖွဲနှင့် SWDF အဖွဲ့ မဟာမိတ်တပ်ပေါင်း စုများမှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ တိုက်ပွဲဖြစ်တဲ့အချိန်မှာ စစ်တပ်ဖက်က သူတို့ ကို မပစ်ဖို့နဲ့ တိုက်ပွဲတိုက်ဖို့လာတာမဟုတ်ဘူး တပ်ရင်းကိုပြန်ဖို့လာတာဖြစ်တယ်ဆိုပြီး လှမ်းအော်တာ ကြားလိုက်တယ်”ဟု ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်သားများ အော်ဟစ်တောင်းဆိုခဲ့သော်လည်း နှစ်ဖက်စစ်ရေးတင်းမာနေရာမှ စစ်ကောင်စီတပ်က ၆၀ မမဖြင့်အချက် ၅၀ နီးပါးပစ်ခတ်ခဲ့ရာ အပြန်လှန်တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်း တပ်ဆုတ်ခွာချိန်တွင် ကော်တောနှင့် သမီးလှရွာတို့ရှိ ဒေသခံပြည်သူ ၁၀၀ နီးပါးကို ဖမ်းဆီးကာ လူသားဒိုင်းကာအဖြစ်ပြုလုပ်၍ ဆုတ်ခွာခဲ့ပြီး နောက် သမီးလှရွာတံတားအရောက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထံမှသိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့သည် ဘန်လင်ရွာ အရောက်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံ မှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ တပ်ဆုတ်သွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နယ်မြေ ရှင်းလင်း ရေးပြုလုပ်ရာ စစ်ကောင်စီတပ်မှကျန်ခဲ့သည့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။ mizzima

ချောင်းဦးတွင် စစ်တပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေ၊ သပိတ်ကျင်းတွင်လည်း စစ်ကား မိုင်းဆွဲခံရပြီး စစ်သား ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဒေသကာကွယ်ရေး တပ်များက မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံး ကြောင်း ဒေသကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၈ ရက်နေ့ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ချောင်းဦး-အမြင့်လမ်းခွဲမှ ဆင်း လာသည့် အကြမ်းဖက်စစ်ကောင်စီဝင်များကို ကင်မွန်းတော်ပျူစောထီး ရွာ အထိ CHUPDF တပ်ခွဲ ၄ မိုကင်းဆွဲတိုက်ခိုက်မှု သုံးကြိမ်၊ တပ်ခွဲ ၂ ၏ ရှေ့ ထွက်မိုင်းဖြင့် နှစ်ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၆ ကြိမ်၊ CHUPDF ရွေ့လျား တပ် စိတ်နှင့် ထိတွေ့မှု တစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ၊ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဝင် ၁၂ ကောင်သေကာ ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း CHUPDF က ယနေ့ ဩဂုတ်လ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီဝင်များသည် စုစုပေါင်း အင်အား ၁၂၀ ခန့်ရှိပြီး ချောင်းဦး-အမြင့်လမ်း၏ တောင်ဘက်မှ ဖြန့်ခွဲ၍ ပေါက်ပင်ရွာ အရှေ့ဘက် ဝက် တိုး ကွင်းနှင့် ငအိုးကြီးကွင်းဘက်သို့ ဝင်ရောက်ခဲ့ပြီး ငအိုးကြီးကွင်းရှိ လယ် စောင့်တဲတစ်လုံးနှင့် ပြည်သူ့ နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပေါက် ပင်ကျေးရွာနှင့် ရှမ်းထူးကျေးရွာမြောက်ပိုင်းကို ဖြတ်၍ ကင်မွန်းတော် ပျူစော ထီးရွာသို့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း CHUPDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်မှုများအတွင်း ချောင်းဦးမြို့နယ်နှင့် CHUPDF မှ ရဲဘော်များ အန္တရာယ်ကင်းကင်း ဆုတ်ခွာနိုင်ခဲ့ပြီး ဒေသန္တရာလက်လုပ်မိုင်း ၁၆လုံးမှာမူ အကြမ်းဖက်စစ်ကောင်စီ၏ ဖော်ယူမှုခံခဲ့ရကြောင်း ထုတ်ပြတ်ချက် အရသိရှိရသည်။

အလားတူ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တွင် ဩဂုတ်လ ၉ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်အချိန် ဧရာ၀တီမြစ်အတွင်း စစ်တပ် ရိက္ခာတင်သင်္ဘော ၆ စီးအတွက် လုံခြုံရေးယူရန် လာရောက်သော စစ်ကား ၃ စီးကို ရှားတောရွာနှင့် ရွှေကျွန်းပင်အကြားတွင် ပဒေသသာမိုင်း ၇ လုံးဖြင့် ၃ နေရာခွဲတိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးသွားကြောင်း သိရှိရသည်။

“ပထမစခွဲတယ် ကားတစ်စီးရပ်သွားတယ်။ နောက်ကားလာရပ်တဲ့အချိန် ထပ်ခွဲ တယ်။ ခွေးတွေဆင်းပြေးပြီးသေနတ်တွေ နဲ့ရမ်းပစ်တယ်။ နောက်ထပ်ထပ်ခွဲ တယ်။ တစ်စီးကထိထိမိတော့ ၅ ကောင်အနည်း ဆုံးကြွတယ်”ဟု ကြာညှပ် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ် စိုး ကြီးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံ သို့ ပြောဆိုသည်။ khit thit

မောင်တောတွင် စစ်ကောင်စီက တပ်အင်အားတိုးမြှင့်၊ ဖမ်းဆီးခံအုပ်ချုပ်ရေးမှူးများ မိသား စုနှင့် အဆက်အသွယ်မရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်​တောင်ပိုင်းကျေးရွာတွေမှာ သြဂုတ် ၇ ရက် ည ၁၁ နာရီကျော်က စစ်ကောင်စီဘက်က စစ်အင်အားတိုးချလာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားလာမှာကို စိုးရိမ်နေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကင်းချောင်းကျေးရွာမျက်မြင်ဒေသခံတစ်ဦးက “ကင်းချောင်း ကျေးရွာနားမှာ စစ်ကား သုံးစီးနဲ့ စစ်အား ၁၀၀ လောက်​ ချလာတယ်။ သူတို့က ရွာရဲတောင်နဲ့ မြောက်ကို ဖြန့်ကြက်ပြီး ထွက်သွား ကြတယ်။”လို့ ပြောပါတယ်။

သြဂုတ် ၇ ရက်မှာ စစ်ကောင်စီတပ်က အငူမော်ဆိပ်ကမ်းမှ ကမ်းထိုးရေယာဥ်နဲ့ စစ်ကား ၁၉ စီး အင်အားဖြည့်တင်းလာပြီး ညအချိန်မှာ မောင်တောတောင်ပိုင်းကျေးရွာတွေဖြစ်တဲ့ ကင်းချောင်း၊ ရွှေဗဟို၊ သရိကုန်ဘောင်၊ ကိုင်းကြီး၊ မောရဝတီ၊ ဥဒေါင်းစတဲ့ ရွာတွေကို  စစ်အင်အား တိုးချလာတယ်လို့  ဒေသခံတွေက ပြောပါတယ်။

အခုလို စစ်အင်အား အလုံးအရင်းနဲ့ တိုးချလာတာကြောင့် မောင်တောမြောက်ပိုင်းလို တိုက်ပွဲတွေ ဖြစ်လာမှာကို  ဒေသခံတွေက စိုးရိမ်နေကြတာပါ။

မောရဝတီဒေသခံတစ်ဦးက “မောရဝတီ စစ်ဗျူဟာမှာ ပိုပြီး အင်အားဖြည့်တာ တွေ့ရတယ်။ စစ်ဗျူဟာကလည်း ဒရုန်းတွေကို ပစ်ခတ်နေတယ်။ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ကြတာပေါ့”လို့ ဆိုပါတယ်။

အခုနှစ် မေ ၁၇ ရက်ကစလို့ စစ်ကောင်စီတပ်က စစ်ကား ၁၇ စီးနဲ့ အငူမော်ကတဆင့် ဘူးသီးတောင်မြို့ကို လူအင်အား၊ လက်နက်၊ ရိက္ခာနဲ့ လောင်စာတွေ ဖြည့်တင်းခဲ့သလို ဇူလိုင် ၂၈ ရက်မှာလည်း စစ်ကား ၈ စီး၊ ဇူလိုင် ၂၉ ရက်မှာလည်း  စစ်ကား ၁၈ စီးအထိ အင်အားဖြည့်တင်းထားကြောင်း မောင်တောဒေသခံတွေထံက သိရပါတယ်။

အခု သြဂုတ် ၇ ရက်မှာလည်း မောင်တောတောင်ပိုင်းကို စစ်ကား ၁၉ စီးနဲ့  အင်အားဖြည့်တင်း လာတာဖြစ်ပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူး ၃ ယောက်နဲ့  အရပ်သား ၂ ယောက် စုစုပေါင်း ၅ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားရာမှာ သြဂုတ် ၈ ရက်အထိတွေ့ခွင့်မရလို့ စိုးရိမ်နေတဲ့ အကြောင်း မိသားစုထံက သိရပါတယ်။

ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ကိုကိုအောင်(ခ) ဘုန်းကံနိုင်၊ တရိမ်းကျေးရွာအုပ်ချုပ်ရေးမှူး အိမ်စိုးမောင်း(ခ)ဇာလီ၊ သာယာကုန်းကျေး ရွာတာဝန်ခံ မောင်ဘသိန်းနဲ့  အရပ်သား ဦးထွန်ရွှေနဲ့ ဦးထွန်းအေးကြိုင်တို့ကို  ရာဇတ်သတ်ကြီးဥပဒေ ပုဒ်မ ၃၀၂/၃၀၇ /၃၂၆ /၁၁၄ တို့နဲ့ မောင်တောမြို့နယ် တရားရုံးမှာ အမူဖွင့်လှစ်ကာ ချုပ်ရမန် ၂ ကြိမ်ရယူထားတယ်လို့ မောင်တောမြို့နယ်တရားရုံးကနေ သိရပါတယ်။

ကြိမ်ချောင်းကျေးရွာက အဖမ်းခံထားရတဲ့ အုပ်ချုပ်ရေးမှူး ဦးဘုန်းကံနိုင်ရဲ့ ဇနီးဖြစ်သူက “မိသားစုတွေနဲ့ ဒီနေ့အထိတွေ့ခွင့်မရသေးဘူး။ သူတို့ကတော့ ဖုန်းဆက်ရင် ကျန်းမာစွာရှိတယ်လို့ပဲ ပြောပါတယ်။ ဒါပေမဲ့ ဒီနေ့အထိဖုန်းပြောခွင့်မရပါဘူး။”လို့  ပြောပါတယ်။

ဖမ်းဆီးခံရသူ ၅ ယောက်ဟာ မောင်တောမြို့နယ်မြောက်ပိုင်းမှာ ဇူလိုင် ၁၈ ရက်က စစ်ကောင်စီနဲ့ အေအေတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် ပိုင်း မသင်္ကာမှုနဲ့ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

သာယာကုန်းကျေးရွာတာဝန်ခံမိသားစုဝင်တစ်ဦးက “တိုက်ပွဲဖြစ်တာနဲ့ ကျနော်တို့ရွာက မိုင် ၁၀ မိုင်လောက်ဝေးတာ။ တိုက်ပွဲဖြစ်တာနဲ့ ပတ် သက်မှုဘာမှ မရှိဘဲ အခုလို မတရားဖမ်းဆီးထားတာကတော့ တရားလွန်တယ်။ ဖမ်းချင်ရင် အေအေ စခန်းတွေကို တိုက်ခိုက်ပြီး ဖမ်းဆီးရမှာ။”လို့ ပြောပါတယ်။

လက်ရှိ ဖမ်းဆီးခံထားရသူ ၅ ဦးကို ကြိမ်ချောင်းကျေးရွာအနီးရှိ နယ်ခြားစောင့်တပ်ဖွဲခွဲ နခခ(၇)တပ်ရင်းမှာ ထိန်းသိမ်းထားတယ်လို့  မိသားစုဝင်တွေက ပြောပါတယ်။ DVB

မြန်မာစစ်အစိုးရက အတိုက်အခံများကို ခြေ ရာခံရန် မျက်နှာမှတ်သားသည့် တရုတ်နည်းပညာကို အသုံးပြုနေ

ပြည်သူများကို  ပိုမိုစောင့်ကြည့်ရန် အာဏာသိမ်း စစ်အစိုးရက မျက်နှာကိုမှတ်သားသည့် နည်းပညာကို အသုံးပြုလာ ခြင်းကြောင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် တော်လှန်ရေးအဖွဲ့များ၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်လာနေသည်။

တရုတ်နည်းပညာကုမ္ပဏီကြီးများဖြစ်သော Huawei၊ Dahuaနှင့် Hikvisionတို့မှ ကင်မရာများကို လူမြင်ကွင်း နေရာများတွင် တပ်ဆင်ထားပြီး မျက်နှာနှင့် ယာဉ်လိုင်စင်ပြားများကို အလိုအလျောက်စကင်န်ဖတ်ကာ စာရင်းသွင်းခြင်းနှင့် အာဏာပိုင်များက အလိုရှိနေသူများကို အ ချက်ပြပေးသည့် ဉာဏ်ရည်တုနည်းပညာဖြင့် တပ်ဆင်ထားကြောင်း DW သတင်းဌာနက ဖော်ပြခဲ့သည်။

ယင်းနည်းပညာကို တိုးမြှင့်သုံးစွဲခြင်းက မြန်မာစစ်အစိုးရကို ဆန့်ကျင်သူတိုင်း၏ လုံခြုံရေးအတွက် အကျိုးဆက် များ ရှိနိုင်သည်ဟု ကျွမ်း ကျင်သူများက ယုံကြည်ကြသည်။

“ဒါက မြေပြင်မှာတင်မဟုတ်ဘဲ နောက်ထပ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေပါတယ်။ အခု ဒစ်ဂျစ်တယ် အာဏာရှင်အစိုးရကို တွန်းလှန်နေရပါတယ်” ဟု ရန်ကုန်အခြေစိုက် တက်ကြွလှုပ်ရှားသူ သဉ္ဇာရွန်းလဲ့ရီက ပြောကြားသည်။

 လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့(HRW)က မြန်မာတွင် တရုတ်ထုတ်မျက်နှာမှတ်သားသည့်စနစ်များ အသုံးပြုမှုနှင့် ပတ်သက်၍ အစီရင်ခံစာတစ်စောင်ကို မတ်လတွင် ထုတ်ပြန်ခဲ့ပြီး လူ့အခွင့်အရေးအတွက် ပြင်းထန်သော ခြိမ်းခြောက်မှုဖြစ်ကြောင်း သတိပေးခဲ့သည်။

 “လုံခြုံသောမြို့” ဟု အမည်ပေးထားသည့် လုံခြုံရေး အစီအစဉ်ပထမအဆင့်တွင် စစ်တပ်အာဏာသိမ်းမှု မစ တင်မီ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာတွင် နေပြည်တော်တစ်ဝိုက်ရှိ မြို့နယ်များတွင် ရာနှင့်ချီသော ကင်မရာများ တပ်ဆင်ထားကြောင်း သတင်းတွင် ဖော်ပြထားသည်။ အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်တွင်လည်း ကင်မရာများ တပ်ဆင်ထားကြောင်း DW က ဖော်ပြခဲ့သည်။
 
ကင်မရာများသည် “ကျူးကျော်ဝင်ရောက်စောင့်ကြည့်မှုသက်သေ” ဖြစ်ပြီး အတိုက်အခံများ၏ လှုပ်ရှားမှုများကို အဝေးမှ စောင့်ကြည့်၊ ခြေရာခံကာ နောက်ဆုံးတွင် စစ်အစိုးရက ဝင်ရောက်စီးနင်းမည်ဖြစ်ကြောင်း HRW အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး ဖိလစ်ရောဘတ်ဆန်က  DW သို့ ပြောကြားခဲ့သည်။

 မြန်မာနိုင်ငံတွင် အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့် တယ်လီနောကို ထိန်းချုပ်ခြင်းဖြင့် စစ်အစိုးရက အင်တာနက်အသုံးပြုခွင့်ကို ကန့်သတ်ထားပြီး အွန်လိုင်းအကြောင်းအရာများကို ဆင်ဆာဖြတ်ထားသည်။

 စစ်အစိုးရသည် အွန်လိုင်း “လှုပ်ရှားသူများ” ကို ထပ်မံစောင့်ကြည့်ပြီး တိုက်ဖျက်ရန် ဆက်သွယ်ရေးဝန်ဆောင် မှုများနှင့် အင်တာနက်ဝန် ဆောင်မှုပေးသူများတွင် spyware များ ထည့်သွင်းထားကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ mizzima

ဒီပဲယင်း၊ မူးကမ်းကြီးရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက် ဆက်တိုက် မီးတင်ရှို့နေ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် အိမ်ခြေ ၄ ထောင်ခန့် ရှိသော မူးကမ်းကြီး ရွာ ကို အကြမ်းဖက် စစ်တပ်က ယနေ့ သြဂုတ်လ ၉ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ ထပ်မံ မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မူးကမ်းကြီးရွာကို အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၈ ရက်နေ့တွင်လည်း ရွာအနောက်ပိုင်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့ သြဂုတ်လ ၉ ရက်နေ့တွင် ရွာတောင်ပိုင်းကို ထပ်မံ မီးရှို့ ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

” စစ်ခွေးတွေက မနေ့က ရွာအနောက်ပိုင်း အခု ရွာတောင်ပိုင်းကို ဆက်ရှို့နေတယ်။ ဆုံးရှုံးမှု များနိုင်တယ်။ ပျက်စီး ဆုံးရှုံးမှု အခြေအနေ ဘယ် လောက်ရှိတယ် ဆိုတာကတော့ အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေ ထိခိုက်မှု ရှိမရှိလည်း အတည် မပြုနိုင်သေးဘူး။ မီးခိုးတွေ တက်လာတာတော့ အများကြီးပဲ မီးအားကတော့ ပြင်းတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

မူးကမ်းကြီး ကျေးရွာသည် ဒီပဲယင်းမြို့နယ် အရှေ့ပိုင်းတွင် အိမ်ခြေ ၄ ထောင်ခန့်ရှိသော စည်ကားသည့် စံပြရွာကြီးဖြစ်ပြီး အကြမ်းဖက် စစ် တပ်က ဇွန်လ ၁၄ ရက်နေ့တွင် ပထမ အကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၆၈ လုံးပြာကျခဲ့ကြောင်း သိရသည်။ khit thit

ဆယ်ဇင်း‌ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီဖမ်းဆီးထားသည့် ဒေသခံ ၁၈ ဦးကို ကယ်ထုတ်နိုင်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာမှာ စစ်ကောင်စီတပ်စခန်းတခုကို  ဩဂုတ် ၈ ရက်မနက် KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အဲဒီစခန်းမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဒေသခံရွာသား ၁၈ ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

ဆယ်ဇင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတခုနဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် နယ်စပ်ရှိ ရွှေပြည်မြင့်ကျေးရွာတံတားအနီးရှိ ရှမ်းနီအမျိုး သားတပ်မတော် SNA တပ်စခန်း နှစ်ခုကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီကဖမ်းထားတဲ့ ဒေသခံတွေကို ကယ်ထုတ်ခဲ့တယ်လို့ ရွာခံတွေထံက သိရပါတယ်။

ဒေသခံတစ်ဦးက“ဝေဟုတ်ဆိုတဲ့ ရပ်ကွက်ထဲမှာ စစ်တပ်က ဖမ်းထားတဲ့သူတွေကို သွားကယ်ထုတ်ကြတော့တိုက်ပွဲဖြစ်တာပါ။ သွားကယ်ထုတ် ပြီးတော့ အဲ့စခန်းကို သိမ်းလိုက်တယ်။ ဇူလိုင်လ ၂၀ ရက်နဲ့ ၂၃ ရက်နေ့က စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်ဖွဲ့က ဖမ်းထားတဲ့ ဒေသခံအမျိုးသား ၁၈ ယောက်ကိုကယ်ထုတ်နိုင်တယ်”လို့ ပြောပါတယ်။

ဆယ်ဇင်းကျေးရွာမှာ ပြီးခဲ့တဲ့ဇူလိုင် ၁၆ ရက်က စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၂၁ ရက်မှာ ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နိုင်ဖို့ တိုက်ပွဲ ယာယီရပ်နားခဲ့တာဖြစ်တယ်။

တိုက်ပွဲကြောင့် ဆယ်ဇင်း‌ကျေရွာသား ၂၀၀၀ ကျော်ဟာ တာမခံ၊ မိုးညှင်းနဲ့ ဟုမ္မလင်းမြို့နယ်တွေဘက်ကို စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ DVB

ပြည်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦး အလင်းဝင်လာသည်ဟု စစ်ကောင်စီမှဝါဒ ဖြန့်နေ

ပဲခူးတိုင်း ပြည်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ခြောက်ဦး အလင်းဝင် လာသည်ဆိုကာ ဩဂုတ်လ ၆ ရက်နေ့က စစ်ကောင်စီဝါဒ ဖြန့် မီဒီယာများမှဖော်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အလင်းဝင်လာသည်ဆိုသည့်သတင်းမှာ မှားယွင်းနေကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဆိုသည်။

“ ပြည်ခရိုင်က ဘယ် PDF မှ အလင်းမဝင်ပါဘူးခင်ဗျ။ ကျနော်တို့က အလင်းထဲကလူတွေပါ။ စစ်ကောင်စီ ဝါဒဖြန့်သတင်းတွေပါ။ အရင်က CDM ဝင်ထားတဲ့ ကျောင်းဆရာ ဆရာမတွေ Non CDM ပြန်လုပ်တာပါ။ ဒါကို စကစဘက်က PDF တွေ အလင်းဝင်တယ်ဆိုပြီး ဝါဒဖြန့်နေတာ။ ကျနော်တို့အနေနဲ့ စစ်ကောင်စီ မပြုတ်ကျမချင်း တိုက်ပွဲဝင်သွားမှာပါ” ဟု ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ PDF ခြောက်ဦးတွင် အမျိုးသားငါးဦး အမျိုးသမီးတစ်ဦးဖြစ်ကာ ပြည်မြို့အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ပြည်) ဒကစထံ အ လင်းဝင်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာများမှ ရေးသားဖော်ပြထား သည်။

အလင်းဝင်ရောက်သည်ဆိုသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များမဟုတ်ဘဲ CDM ဝန်ထမ်းအချို့နှင့် တပ်တွင်းနီးစပ်သူများကို ဟန်ဆောင်ခိုင်းကာ ဓာတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူးကာ ဝါဒဖြန့်နေခြင်းဖြစ်ကြောင်း ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင်များမှပြောသည်။

ယခုနှစ် ဇွန်လမှစတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ အလင်းဝင်ရောက်နေကြောင်း စစ်ကောင်စီမှ ပြောဆိုထားသည်။ mizzima

ဝက်လက်မြို့နယ်၊ ရေလည်မှော်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ် က အ ကြောင်းမဲ့ မီးဝင်ရှို့ ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရေလည်မှော်ကျေးရွာကို အကြမ်းဖက် စစ် ကောင်စီ တပ်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ မီးဝင်ရှို့ ဖျက် ဆီးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။

ဩဂုတ်လ ၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ရေလည်မှော်ရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူပိုင် နေအိမ် ၅ လုံးနှင့်ပစ္စည်းများကို ဝင်ရောက်မီးရှို့သွားခြင်းဖြစ်‌ကြောင်း သိရှိရ သည်။

“တိုက်ပွဲတွေ ဘာတွေမဖြစ်ဘူး။ ရေလည်မှော်ကျေးရွာက ဧရာ၀တီမြစ်ဘေးက ရွာပါ။ မြစ်ကို ဆန်တက်လာတဲ့ စစ်သင်္ဘောပေါ်ပါလာတဲ့ စစ်ခွေးတွေ ထင် ပါတယ်။ နေအိမ် ၅ လုံး၊ ပဲမှော်စင်စက် ၂လုံး၊ မီးစက် ရေစက် ဆိုင်ကယ်တွေ အကုန်ပဲ မီးရှို့သွားတာ။ မီးရှို့ခံရတဲ့ အိမ်ပိုင်ရှင်တွေက ဦးသိန်းလွင်နဲ့ ဒေါ်နွဲ့ကျင် အိမ်၊ ဦးသိန်းထွန်း၊ဒေါ်သင်းအေးတို့ အိမ်၊ ဦးပြည့်မောင်၊ဒေါ်မြင့်မြင့်မာ တို့ရဲ့ အိမ်၊ ဦးအောင်ဝင်း၊ဒေါ်ငြိမ်းတို့ရဲ့ အိမ်၊ ဦးရွှေမုန်း၊ဒေါ်သီတာဦးတို့နေအိမ်တွေပါ။ သူတို့ထွက်သွားပြီးတော့ သံဃာတွေပါ မီးဝင်ငြိမ်းရတယ်” ဟု ဒေသခံတစ်ဦး က ပြောသည်။

မန္တလေးမှ ဧရာ၀တီမြစ်ကြောင်းအတိုင်း အထက်ဆန်သို့ စစ်သင်္ဘော ၆ စင်း ဆန် တက်လာသဖြင့် မြစ်ကမ်းဘေး ကျေးရွာများအနေဖြင့် သတိ ထား နေရ ကြောင်း ဒေသခံများက ပြောဆိုကြသည်။ khit thit

« Older Entries