Monthly Archives: Aug 2022

စစ်တပ်နှင့် SNAတို့ စစ်ကြောင်းထိုးနေသဖြင့် ပင်လယ်ဘူးမြို့နယ်က ကျေးရွာဒေသခံ ၆၀၀၀ ခန့် စစ်ဘေးရှောင်

စစ်ကိုင်းတိုင်း ကောလင်းခရိုင်၊ ပင်လယ်ဘူးမြို့နယ် သီးကုန်းရွာနဲ့ စေတီဦးရွာဘက်ကို စစ်ကောင်စီ တပ်နဲ့  ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တို့ ပူးပေါင်းပြီး ဩဂုတ် ၁၀ ရက်မှ ၁၃ ရက်အထိ စစ်ကြောင်း ထိုးနေတာကြောင့် ကျေးရွာ ၁၁ ခုက ဒေသခံ ၅၉၀၀ ကျော် စစ်ဘေးရှောင် နေရတယ်လို့ ပင်လယ်ဘူးဒေသခံတွေက ပြောပါတယ်။

အခုစစ်‌ကောင်စီ စစ်ကြောင်းထိုးရာကို လိုက်ပါနေတဲ့ ရှမ်းနီတပ်ဟာ ဟုမ္မလင်းအခြေစိုက် အမှတ် ၇၅၃ တပ်က စိုင်းပျူး ဦးဆောင်တဲ့အဖွဲ့လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပင်လယ်ဘူးဒေသခံ တဦးက “ စေတီဦးရွာဘက်ကို ၁၀ ရက်နေ့က စစ်ကြောင်းထိုးလာပြီး ၁၁ ရက်ညမှာ ရွာကို မီးရှို့တယ်။ မီးရှို့တော့ ဒေသခံ PDF တွေနဲ့ တိုက်ပွဲဖြစ်တယ်။ ၁၂ ရက်ကျတော့ သီကုန်းရွာကို မီးရှို့တယ်။ နှစ်ရွာပေါင်း အိမ် ၉၀ လောက် မီးလောင်တယ်။ ဒေသခံတွေက တော့ ထွက်ပြေးနေရတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ရှမ်းနီတပ်ဟာ ဩဂုတ် ၁၃ ရက်မှာတော့ စိုင်ရမ်းကြီးရွာနဲ့ ပလူသာရွာကြားမှာ ရောက်ရှိနေပါတယ်။ 

အခုလို စစ်ကောင်စီနဲ့ ရှမ်းနီတပ်တို့ စစ်ကြောင်းထိုးလာတာကြောင့် စေတီဦးရွာ၊ သီးကုန်းရွာ၊ သင်္ချိုင်းရွာ၊ ပလူသာရွာ၊ စိုင်ရမ်းကြီးရွာ၊ စိုင်ရမ်းလေးရွာ၊ ရွာရှည်ရွာ၊ တနင်းကုန်း၊ အင်ကုန်းရွာ၊ သစ်‌ဆေးကုန်းရွာနဲ့ ပင်လောင်းရွာက ဒေသခံ ၅၉၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ် လို့ ဒေသခံတွေက ပြောပါတယ်။DVB

ရွှေပြည်သာ၊ တောင်သာနှင်ပခုက္ကူတို့တွင် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး နှင့် စစ်တပ် ထောက်ခံသူများ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး၊ အင်းစိန်မှ စစ်တပ်ဘက်တော်သား မီးသတ်အရာရှိ လှိုင်မင်းထွန်း မနက်ဖြန် သဂြိုလ်မည်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၈ ရပ်ကွက်တွင် စစ်ကောင်စီခန့် ရာအိမ်မှူး ယဉ်ယဉ်အေး ပစ်ခတ်ခံရပြီး ယနေ့ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၈ ရပ်ကွက်တွင် နေထိုင်သူ စစ်ကောင်စီခန့် ရာအိမ်မှူး ယဉ်ယဉ်အေးသည် ၎င်း၏ ခင်ပွန်းဖြစ်သူနှင့်အတူ အုပ်ချုပ်ရေးမှူးရုံးမှ ပြန်လာစဉ် တပင်ရွှေထီးလမ်းမပေါ် ဇောတိကပန်းခြံ၊ အ.မ.က ၁၉ ကျောင်း ရှေ့နားတွင် အမည်မသိသူများက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ရာအိမ်မှူး ယဉ်ယဉ်အေး ပွဲချင်းပြီးသေဆုံး၍ အမျိုးသားမှာ ရှပ်ထိဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

” အဲဒီမိန်းမက တပ်သတင်းပေး၊ ဟောင်ဖွာဟောင်ဖွာ အာကျယ်အာကျယ်နဲ့ ရုံးမှာလည်း ဆရာလုပ်လုပ်နေတာ အရမ်းပဲ၊ ခုက ပွဲချင်းပြီး သေတယ်ကြားတယ်၊ အဲ့နားမှာ ရဲတွေ စစ်သားတွေ ရောက်ပြီးစစ်နေကြပြီ ” ဟု ဒေသသတင်းရင်းမြစ် ရွှေပြည်သာUG က ဒေသခံတစ်ဦး၏ ပြောဆိုချက်ကို ဖော်ပြထားသည်။

အလားတူ ဩဂုတ်လ ၁၂ ရက်နေ့ ညနေ ၅ နာရီအချိန် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် သပြေဝ ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ကိုကန်ထွန်းကို သေနတ်သမားက ဦးခေါင်းကို ၃ ချက်ပစ်ခတ်သွားသဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ နံနက် ၆နာရီ ၁၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၊မြို့သစ်ရှိ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ မောင်ထူး(လေတူးခေါ်) ကိူ အမည်မသိလက်နက်ကိုင် များက သေနတ်ဖြင့် ဦးခေါင်းကို ပစ်သွားသဖြင့် ဒဏ်ရာအပြင်းအထန်ရရှိပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

ယမန်နေ့ ဩဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်း အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ် ကွက်တွင် ပစ်သတ်ခံလိုက်ရသော စစ်တပ်အမာခံ ထောက်ခံသူ မီးသတ်အရာရှိ လှိုင်မင်းထွန်း၏ နာရေးကို ဩဂုတ်လ ၁၃ ရက်နေ့ ရေဝေးသုဿာန်တွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။ khit thit

ဟိုင်းကြီးကျွန်းတွင် ခွေးတစ်ကောင်အားသေ နတ်ဖြင့်ပစ်သည်ကို PDF များဝင်လာသည်အထင်ဖြင့် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်

ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့တွင် စစ်ကောင်စီတပ်သားက ခွေးတစ်ကောင်အား သေနတ်ဖြင့်ပစ်သည်ကို PDF များဝင်လာသည်အထင်ဖြင့် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

သြဂုတ်လ ၉ ရက်နေ့ နံနက် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် ဟိုင်းကြီးကျွန်းမြို့ပေါ် KTV တစ်ခုမှပြန်လာသည့် ကြည်းတပ်မှအရာရှိတစ်ဦးက လမ်းဘေး၌အိပ်နေသည့် ခွေးတစ်ကောင်အား အရက်မူးကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဟိုင်းကြီးရေတပ်ရှိ စစ်ကောင်စီတပ်များမှ ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“တပ်မတော်ရေနေ့ ရုပ်ရှင်ရိုက်တဲ့အဖွဲ့တွေနဲ့အတူ KTV ကပြန်လာတဲ့ ကြည်းတပ်အရာရှိက ဟိုင်းကြီးပြန်ဆက်ရုံးနားမှာ ခွေးကို သေနတ်နဲ့ပစ်တယ်။ အဲ့တာကို သူတို့လူပစ်တာကိုမသိဘဲနဲ့ ရန်းသမ်းပြီးလာစစ်ကြတာပါ” ဟု ဒေသခံကဆိုသည်။

ထို့နောက် ဟိုင်းကြီးကျွန်းမြို့ အမှတ် (၁)၊ (၂ )၊(၃) ရပ်ကွက်များတွင် လက်နက်အပြည့်အစုံဖြင့် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ပြီး ဒေသခံနှစ်ဦးကိုလည်း ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း ဟိုင်းကြီးကျွန်းမြို့ပေါ်တွင် ခကြာခဏဆိုသလို ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ mizzima

ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌဟောင်းနှင့် အခြေခံပညာသပိတ်ကော်မတီဝင်ကို အိုးဘိုထောင် တရားရုံးက ထောင် ၃ နှစ် ပြစ်ဒဏ်ချ

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံထားရတဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုနောင်ထက်အောင်နဲ့ အ ခြေခံပညာသပိတ်ကော်မတီ – BEGSC က ဆရာနိုင်းသီဟကျော်တို့ကို အိုးဘိုထောင်တွင်းတရားရုံးက မျက်ကွယ်တရားစီရင်ပြီး ထောင်ဒဏ်  ၃ နှစ် အမိန့်ချခဲ့ပါတယ်။

ဩဂုတ် ၁၀ ရက်က မျက်ကွယ်တရားစီရင်ခဲ့တာဖြစ်ပြီး ရန်ကုန်ပညာရေးတက္ကသိုလ်‌ ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုနောင်ထက်အောင်ဟာ မန္တလေးအိုးဘိုထောင်အတွင်း အစာငတ်ခံဆန္ဒပြပွဲကို ဦးဆောင်ခဲ့တာကြောင့် ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်တာ ခံထားရပါတယ်။

ဒီလို ရိုက်နှက်ခံရတဲ့အတွက် ရှေ့သွားကျိုး၊ ခေါင်းပေါက်၊ ကျောကွဲဒဏ်ရာတွေ ရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရပေမဲ့ ဆေးကုသခွင့် မရဘူးလို့  ဗကသများအဖွဲ့ချုပ်က ထုတ်ပြန် ထား ပါတယ်။

ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုနောင်ထက်အောင်နဲ့ အခြေခံပညာသပိတ်ကော်မတီ -BEGSC က ဆရာနိုင်းသီဟကျော်တို့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၀ ရက်က ဖမ်းဆီးခဲ့ပြီး ၅၀၅ (က) နဲ့ တရားစွဲခဲ့တာပါ။

ဒါ့အပြင် ဗကသများအဖွဲ့ချုပ်ဗဟိုအမှုဆောင်အဖွဲ့ဝင် ဝိဇ္ဇာသိပ္ပံအတွင်းရေးမှူး ကိုသက်တင်အောင် ကို ဇူလိုင် ၂၄ ရက်က တောင်ငူထောင်တွင်းတရားရုံးက ထောင်ဒဏ် ၆ နှစ်၊ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ-ဗကသများအဖွဲ့ချုပ် သပိတ်ခေါင်းဆောင် ကိုမြတ်သူကို ဩဂုတ် ၄ ရက်က အိုးဘိုထောင်တွင်းတရားရုံးက ထောင်ဒဏ်  ၃  နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ DVB

ရေစကြို၊ လှေကုတ်ရွာကို စစ်တပ်က ရွာလုံးကျွတ် နီးပါး မီးရှို့ဖျက်ဆီး၊ ချောင်းဦးနှင့် မြင်းမူ အစပ်ရှိ ရွာများကို စစ်တပ်က စီးနင်းနေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ လှေကုတ်ရွာကို အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရွာလုံးကျွတ် နီးပါးမီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ထက်ဝက်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိချိန်တွင် ဒေသခံ ပြည်သူ တ ချို့ သည် ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ မီးငြိမ်းသတ်မှုများ လုပ်ဆောင်နေသော်လည်း ပြည်သူအများစုသည် စစ်တပ် စစ်ကြောင်း ထပ်မံ ရောက်ရှိလာမည်ကို စိုးရိမ်သောကြောင့် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

” စစ်ခွေးတွေ မီးရှို့တာ ရွာထဲမှာရှိတဲ့ အိမ်ခြေ တစ်ဝက်ကျော်လောက် မီးထဲပါသွားတယ်။ အိမ်ခြေ အတိအကျတော့ အတည်မပြုနိုင်သေးဘူး။ ပြည်သူ တချို့ကတော့ ရွာထဲကို ပြန်ဝင်ပြီး မီးငြိမ်းနေတယ်။ ပျက်စီး ဆုံးရှုံးမှု များနိုင်တယ်။ ပြည်သူ အများစုကတော့ တိမ်းရှောင်နေတုန်းပဲ စစ်ခွေးတွေ ရွာထဲ ထပ်ရောက်လာမှာကို စိုးရိမ်နေကျတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်နှင့် မြင်းမူ အစပ်ရှိ ငါးယှန်၊ နတ်ရေကန်၊ စည်ပင်နှင့် ကုန်းရွာကျေးရွာများကို အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၁၃ ရက်နေ့တွင် ဝင်ရောက်စီးနင်းနေပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ် သစ် မီဒီယာသို့ ပြောဆိုသည်။

” မြင်းမူနဲ့ ချောင်းဦး အစပ်မှာရှိတဲ့ ရွာတွေကို အကြမ်းဖက် စစ်ခွေး စစ်ကြောင်းတွေ တစ်ရွာဝင် တစ်ရွာထွက် ဝင်စီးနေတာ တောက်လျောက်ပဲ ရွာလုံးကျွတ်ကို ထွက်ပြေးနေရတာ စစ်ခွေးတွေက ရွာထဲကိုဝင်ပြီး ပစ္စည်းတွေကို မွှေနှောက်နေတာ ဘာတွေ ယူသွားလဲ ဆိုတာလည်း မသိရသေးဘူး။ ပျက်စီးဆုံးရှုံးမှု အခြေအနေလည်း မသိရသေးဘူး။ အကုန်လုံးက ပြန်ကြည့်ဖို့ဆိုတာထက် လွတ်အောင်ကို မနည်းပြေးနေရတာ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။ khit thit

စက်သုံးဆီ တစ်လီတာလျှင် ၂,၉၀၀ ကျပ် ကျော်အထိ နေရာဒေသအလိုက်ဈေးတက်နေ

ပြည်တွင်းတွင် စက်သုံးဆီဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေရာ ယနေ့ ဩဂုတ်လ ၁၃ ရက်တွင် ၉၂ တစ်လီတာလျှင် ၂,၈၅၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂,၉၂၅ ကျပ်အထိ ဈေးတက်နေကြောင်း ဒေသခံများထံမှသိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်မှ အမေရိကန် တစ်ဒေါ်လာလျှင် ၁,၈၅၀ ကျပ် မှ ၂,၁၀၀ ကျပ်သို့ ပြောင်းလဲခဲ့ပြီးနောက် စက်သုံးဆီဈေးနှုန်းများမှာ နေရာဒေသအလိုက် စျေးတက်လာခြင်း ဖြစ်သည်။

ဩဂုတ်လ ၁၂ ရက်နေ့တွင် နေရာဒေသအလိုက် ၉၂ တစ်လီတာလျှင် ငွေကျပ် ၂,၂၄၅ ကျပ်မှ ၂,၇၂၀ကျပ်၊ ၉၅ တစ်လီတာလျှင် ၂,၃၁၀ ကျပ်မှ ၂,၇၁၅ ကျပ်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဓာတ်ဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ ဩဂုတ်လ ၁၃ရက်တွင် နေရာဒေသအလိုက် ၉၂ တစ်လီတာလျှင် ငွေကျပ် ၂,၃၂၀ ကျပ်မှ ၂,၈၅၅ ကျပ် ၊ ၉၅ တစ်လီတာလျှင် ၂,၃၉၀ ကျပ်မှ ၂,၉၅၅ ကျပ် အထိ ဈေးတက်နေခြင်းဖြစ်သည်။

လက်ရှိ တစ်နိုင်ငံလုံးရှိ မြို့ကြီးများတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် စက်သုံးဆီများ ပြတ်လပ်နေ‌ပြီး ပြည်သူများ ဝယ်မရ ဖြစ်နေကြောင်းလည်း မဇ္ဈိမအနေဖြင့် စုံစမ်းသိရှိရသည်။ mizzima

ကလေးနယ်မြို့နယ်တောင်ပိုင်း၌ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က ချောင်းခွရွာကို မီးရှို့

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကြောင်း ထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဩဂုတ် ၁၂ နေ့လယ်ပိုင်းက စပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ကလေး PDF ရဲ့ တာဝန်ခံက ပြောပါတယ်။

တိုက်ပွဲ ပြင်းထန်နေဆဲမို့ တိုက်ပွဲ အခြေအနေနဲ့ နှစ်ဘက်အကျအဆုံး ရှိ၊ မရှိကိုတော့ အတည် မပြု နိုင်သေးဘူးလို့ ဆိုပါတယ်။

ဩဂုတ် ၁၂ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်ဟာ ချောင်းခွရွာကို လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ် ဝင်ရောက်ခဲ့ပြီး ရွာရှိ ခရစ်ယာန်ဘု ရားရှိခိုးကျောင်းမှာ တပ်စွဲကာ အဲဒီနေ့ညနေ ၆ နာရီက စပြီး အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ နေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံ တဦးက  ပြောပါတယ်။ 

“စစ်တပ်က အဲဒီချောင်းခွရွာကို စစ်ကြောင်းထိုး မီးရှို့နေလို့ ဒေသခံတွေ ဘေးလွတ်ရာ ရှောင်နေရတယ်။ အခု နေထိုင်စားသောက်ရေး ခက်ခဲနေတယ်”

လတ်တလောမှာတော့ ကလေးမြိုနယ်တောင်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေလို့ ပြည်သူတွေအနေနဲ့ တောင်ပိုင်းလမ်း‌မှာ အသွားအလာ မလုပ်ဖို့ ကလေးPDF  တာဝန်ခံတွေက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၈ ရက်ကလည်း စစ်ကောင်စီတပ်က ချောင်းခွကျေးရွာက  နယ်မြေ (၃) ရွာလယ်လမ်းမကြီးနဲ့ လမ်းသွယ်တချို့မှာရှိတဲ့ အိမ်ကြီး၊အိမ်ကောင်းတွေကို ရွေးချယ်ပြီး မီးရှိုခဲ့ပါသေးတယ်။ DVB

CDM စစ်သားများကို PDF များက သတ်ပစ်သည်ဟု အကြမ်းဖက်စစ်တပ်က တပ်တွင်း၌ သတင်းအမှားများ ဖြန့်နေကြောင်း CDM တပ်ကြပ် စိုးလင်းအောင် ဝန်ခံ

အကြမ်းဖက်စစ်တပ်ကို စွန့်ခွာကာ တော်လှန်ရေးတပ်ဖွဲ့များ၊ PDF များနှင့် ပူးပေါင်းကာ ပြည်သူ့ရင်ခွင်ခိုလှုံလာသော စစ်သားများကို PDF များက သတ်ပစ်သည်ဟု တပ်တွင်း၌ သတင်းအမှားဖြန့်နေကြောင်း၊ တပ်သားများ နောက်ထပ် CDM မလုပ်အောင် ခြောက်လှန့်နေခြင်းဖြစ်ကြောင်း ဩဂုတ်လ ၈ ရက်နေ့တွင် သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၂ တပ်ရင်းထံ CDM ဝင်လာသည့် တပ်ကြပ် စိုးလင်းအောင်က ဝန်ခံပြောကြားသည်။

ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ လက်အောက်ခံ ခမရ ၁ တပ်ရင်းမှ တပ်ကြပ် စိုးလင်းအောင်သည် စစ်သက် ၂၈ နှစ်ကျော်ရှိသူဖြစ်ပြီး ဩဂုတ်လ ၈ ရက်နေ့၌ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၂ တပ်ရင်းထံ လက်နက်နှင့်တကွ CDM ပြုလုပ်လာခဲ့သူဖြစ်သည်။

အကြမ်းဖက်စစ်တပ်ကို စွန့်ခွာကာ လက်နက်နှင့်တကွ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေတွင် ပြည်သူ့ရင်ခွင်ခိုလှုံကာ CDM ပြုလုပ်လာသော အမတ ၄၀၂ တပ်ရင်းမှ တပ်သားထွန်းထွန်းကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကိုယူကာ လူကို သတ်ပစ်လိုက်ပြီဟု အကြမ်းဖက်စစ်တပ်တွင်း၌ သတင်းမှားဖြန့်ကြောင်း ထပ်မံ CDM ပြုလုပ်လာသည့် တပ်ကြပ် စိုးလင်းအောင်က ဝန်ခံ ထွက်ဆိုသည်။

“တပ်သားထွန်းထွန်း သေနတ်နဲ့ CDM လုပ်သွားတာ သေနတ်ကိုယူပြီး လူကို ပစ်သတ်လိုက်တယ်လို့ အွန်လိုင်းပေါ်မှာတွေ့တယ်၊ ဆက်သွယ်ရေးစက်ထဲမှာလည်း ကြေးနန်းဝင်လာတယ်။ အဲလိုဆိုတော့ တပ်ထဲမှာရှိတဲ့ နောက်လူတွေက မဝင်ချင်ကြတော့ဘူး၊ မလာချင်ကြတော့ဘူး။ မလာချင်ဘူးဆိုတာ သတ်ခံရမှာကြောက်ပြီးတော့ သူတို့ မလာကြဘူး။ လိုင်းပေါ်မှာ တပ်မတော် အာမီက တင်ထားတဲ့ မဟုတ်တဲ့သတင်းတွေကို သတင်းအမှားတွေကို နောက်မှာရှိတဲ့စစ်သည်တွေက နားထောင်ပြီးတော့ ကြောက်နေကြတာ၊ လန့်နေကြတာ” ဟု တပ်ကြပ် စိုးလင်းအောင်က ပြောဆိုသည်။

CDM တပ်သား ထွန်းထွန်းကို PDF များက သတ်လိုက်ပြီဟု စစ်ကောင်စီက တပ်တွင်း၌ သတင်းအမှားဖြန့်နေသောကြောင့် သထုံခရိုင် PDF အမှတ် ၂ တပ်ရင်းက ၎င်း CDM စစ်သား ၂ ဦး တွေ့ဆုံသည့် ဗီဒီယိုကို ယနေ့ထုတ်ပြန်သည်။

ဗီဒီယိုတွင် တပ်သား ၂ ဦးက CDM ပြုလုပ်လာခဲ့သည့်အတွေ့အကြုံများ၊ တပ်တွင်း၌ သတင်းအမှား ဖြန့်ဝေနေမှုများ ပြောဆိုပြီး နှစ်ဦး တွေ့ဆုံရခြင်းကို ဝမ်းသာကြောင်း ပြောဆိုကြသည်။

ခမရ ၁ မှ တပ်ကြပ် စိုးလင်းအောင်သည်လည်း လက်နက်နှင့်တကွ CDM ပြုလုပ်ခဲ့သူဖြစ်ကာ လက်နက်များကို KNU တပ်မဟာ ၁၊ တပ်ရင်း ၂ ထံ အပ်နှံခဲ့ပြီး KNU က ဆုကြေးငွေ ချီးမြှင့်ခဲ့သည်။ khit thit

ရသေ့တောင်မြို့နယ် မေယုတောင်တန်းထဲတွင် တိုက်ပွဲဖြစ်ပွား ဒေသခံများ ထွက်ပြေး တိမ်း ရှောင်နေရ

ဩဂုတ်လ ၁၃ရက်နေ့ နံနက် ၈နာရီတွင်ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊မေယုကမ်းအနောက်ဖက်၊ ချိန်ခါလီကျေးရွာနှင့်ဒုံးပိတ်ကျေးရွာအကြား၊ မေယုတောင်တန်းထဲတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ် ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။

ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ချိန်ခါလီကျေးရွာမှ ကျေးရွာသားများ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

“ ကျနော်တို့ထွက်ပြေးနေတာ သံချောင်းနားကိုရောက်တော့မယ်၊ ကျနော်တို့ရွာသားတွေကတော့ ထိခိုက်မှုမရှိဘူး၊ ကျနော်တို့ တောင်ကျော်ပြီးထွက်ပြေးနေရတယ်၊ တောင်ကို နှစ်နာရီအတိကျော်ရတယ်၊ ထွက်ပြေးနေတာ ရွာလုံးကျွတ်ထွက်ပြေးနေရာတာ ရွာသားတစ်ရာကျော်လောက်ပါတယ်။”ဟုထွက်ပြေးတိမ်း ရှောင်နေရသည့် ချိန်ခါလီကျေးရွာသားတစ်ဦးက ပြောသည်။

ဒုံးပိတ်ကျေးရွာမှ တော၊ တောင်တန်းထဲတွင် အလုပ်လုပ်ကိုင်နေသည့် ကျေးရွာသားများမှာ ကျေးရွာအတွင်းကို ဘေးကင်းစွာနဲ့ ပြန်လည်ရောက် ရှိနေပြီဟု ကျေးရွာသားတစ်ဦးက ပြောသည်။

“ ကျနော့်တို့ရွာမှာ ထိခိုက်မှုတွေတော့ မရှိဘူး၊ တော၊ တောင်တန်းထဲအလုပ်သွားလုပ်တဲ့သူတွေအကုန် လုံးရွာကိုရောက်နေကြပါပြီ၊ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာနဲ့က ရွာနဲ့တစ်မိုင်ခွဲ ကွာတယ်။” ဟု ဒုံးပိတ် ကျေးရွာသားတစ်ဦးကပြောသည်။

ရခိုင်ပြည်နယ်အတွင်း မောင်တောမြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ ယခုလပိုင်းအတွင်းမှာ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျှက်ရှိနေသည်ဟု စတုတ္ထအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ခိုင်သုခက ပြောဆိုခဲ့သည်။ mizzima

« Older Entries