သင်္ဃန်းကျွန်း လဝကရုံး ပစ်ခတ်ခံရမှုတွင် ဒဏ်ရာရရှိသော လ၀က ဦးစီးမှူး ဝင်းနိုင်ထွေး သေဆုံးသွားပြီဟု ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည့် STA က ပြောဆို

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် လ၀ရုံးပစ်ခတ်ခံရမှုတွင် ဒဏ်ရာရရှိသော လ၀က ဦးစီးအရာရှိ ဝင်းနိုင်ထွေး သေဆုံးသွားပြီဟု ပစ်ခတ်မှုကို လုပ်ဆောင်ခဲ့သည့် STA Special Task Agency of Burma(STA) မှ တာဝန်ရှိသူက ပြော သည်။

ယနေ့ STA က သင်္ဃန်းကျွန်းမြို့နယ် လ၀က ဦးစီးမှူး ဝင်းနိုင်ထွေးကို ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း၊ ဒုဦးစီးမှူး အောင်ကျော်မိုးမှာ ခုခံသော ကြောင့် STA က ပစ်ခတ်ခဲ့ရာမှ ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ဒဏ်ရာရရှိသော လ၀က ဦးစီးအရာရှိ ဝင်းနိုင်ထွေးမှာမူ ယနေ့ည ၈ နာရီကျော်တွင် သေဆုံးသွားပြီဟု သိရှိရကြောင်း STA က ဆိုသည်။

STA အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ဒေါက်တိုင်များကို ရှင်းလင်းမည်ဖြစ်ပြီး စစ်အုပ်စုကိုလည်း ထပ်မံသတိပေးကြောင်း STA က တ ရားဝင် ထုတ်ပြန် ကြေညာထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s