ကလေးတောင်ပိုင်း ချောင်းခွရွာတိုက်ပွဲ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ချောင်းခွရွာနားမှာ ဩဂုတ် ၁၂ ရက်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ကလေး PDF က ထုတ်ပြန်ပါတယ်။

ချောင်းခွရွာနားကပ်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဩဂုတ် ၁၂ နေ့လယ်ပိုင်းက စတင်ကာ  ညနေ ၅ နာရီလောက်အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်ကောင်စီတပ်ကို ချောင်းခွရွာရဲ့ မြောက်ဘက်ကနေ PDF Kalay၊ ပ.က.ဖ (ကလေး) နှင့် CNDF အဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးခဲ့သလို PDF (Kalay)မိုင်းတပ်ဖွဲ့ရဲ့ မိုင်းဆွဲတိုက်ခိုက်တာကြောင့်လည်း အများအပြား ထိခိုက်ဒဏ်ရာ ရနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေအနေနဲ့ တိုက်ပွဲအတွင်း အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်က ချောင်းခွရွာကို ဝင်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့်  နေအိမ် ၁၂ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် ၈ ရက်ကလည်း ကျွန်းချောင်းနဲ့ အနောက်စံသာရွာကြားမှာ စစ်ကောင်စီတပ်ကို PDF (Kalay)နဲ့ CDF (KKG) ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ် ချုံခိုတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၄  ယောက် သေဆုံးခဲ့ပါတယ်။

လတ်တလော ကလေးမြို့နယ်အတွင်းက ကျေးရွာတွေမှာ  စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး တပ်တွေကြား တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s