မလေးရှားနိုင်ငံကွာလာလမ်ပူမှ ရန်ကုန်မြို့သို့ ပျံသန်းလာသော MH740 ခရီးသည်တင်လေ ယာဉ် ရန်ကုန်လေဆိပ်တွင် ဆင်းခွင့်မရဘဲ ဘန် ကောက်မြို့တွင် သွားဆင်း၊ ၊ စစ်တပ် Y8 လေ ယာဉ် ပြေးလမ်းတွင် စက်ပျက်နေ၍ ရန်ကုန် လေဆိပ် ပိတ်ထားရဟု သတင်းရင်းမြစ်တချို့ပြောဆို

မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့မှ ရန်ကုန်မြို့သို့ ဦးတည်ပျံသန်းလာသော MH740 / B738/9M-MXH – MAS 740 လေယာဉ်သည် ရန်ကုန်လေဆိပ်တွင် ဆင်းသက်ရန် ကွင်းပတ်ရန် ပျံသန်းခဲ့ပြီးနောက် မဆင်းသက်တော့ဘဲ ဘန်ကောက်မြိုု့သို့ ဦးတည်ပျံသန်းသွားကြောင်း လေယာဉ်လမ်းကြောင်းကြည့် Flightradar24 ၏ လေယာဉ်ပျံသန်းမှု မှတ်တမ်းအရ သိရှိရသည်။

အဆိုပါ လေယာဉ် ကွာလာလမ်ပူမှ ယနေ့ နံနက် ၉ နာရီ ၄၁ မိနစ်တွင် ထွက်ခွာလာပြီး ရန်ကုန်လေဆိပ်တွင် နံနက် ၁၀ နာရီ ၅၈ မိနစ်အချိန် ဆိုက်ရောက်ရန်ရှိသော်လည်း ရန်ကုန်လေဆိပ်တွင် ဆင်းခွင့်ရရှိရန် အကြိမ်ကြိမ် ကွင်းပတ် ပျံသန်းခဲ့ကြောင်း၊ ယင်းနောက် မဆင်းသက်တော့ဘဲ ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်သို့ ဦးတည် ပျံသန်းသွားသည်ကို တွေ့ရသည်။

မည်သည့်အကြောင်းကြောင့် ကွာလာလမ်ပူ-ရန်ကုန် ခရီးစဉ် လေယာဉ်သည် ရန်ကုန်လေဆိပ်တွင် မဆင်းသက်ဘဲ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သွား ရောက် ဆင်းသက်ရသည်ကို အာဏာပိုင်များက ထုတ်ဖော်ခြင်းမရှိပေ။

လက်ရှိ ရန်ကုန်ခေတ်သစ်ထံသို့ ဆက်သွယ်လာသော သတင်းရင်းမြစ်များ၏ အဆိုအရ စစ်တပ် Y8 လေယာဉ်သည် ပြေးလမ်းတွင် ဆင်းသက်စဉ် စက်ပျက်ခြင်း၊ သတင်းရင်းမြစ်တစ်ခုကက ပြေးလမ်းချော်ခြင်းတို့ကြောင့် ရန်ကုန်လေဆိပ် ပိတ်ထားရကြောင်း ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s