နောင်ချိုတွင် ဗုံးပေါက်ကွဲပြီး ကုန်စုံဆိုင်ဝန် ထမ်း ၄ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့၊ ဘူတာရပ်ကွက်၊ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးဘေးမှာ ဖွင့်လှစ်ထားတဲ့ မိသားစုကုန်စုံဆိုင်ရှေ့မှာ ဩဂုတ် ၁၆ ရက် နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဆိုင်ဝန်ထမ်း ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ​ဒေသခံတွေက ပြောပါတယ်။

မြို့ခံတယောက်က “မိသားစုကုန်စုံဆိုင်ရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ဆိုင်ဝန်ထမ်း ၄ ဦး ဗုံးစထိတယ်။ အရင်ကလည်း နောင်ချိုမှာ ဗုံးပေါက်ကွဲမှု တကြိမ်ရှိခဲ့တယ်” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင်‌ေ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဆိုင်ဝန်ထမ်း ၄ ယောက်ဟာ အခုလက်ရှိ နောင်ချိုဆေးရုံမှာ ဆေးဝါးကုသနေတယ်လို့ ဆိုပါတယ်။

ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက ဆောင်ရွက်တယ်ဆိုတာကိုတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ရက်က စစ်ကောင်စီလက်အောက်ခံ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးက မြို့နယ်အတွင်းမှာရှိတဲ့ ပရဟိတ လူမှုရေးအသင်းတွေကို ခေါ်ကာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ အဆက်အသွယ်မလုပ်ဖို့ ခြိမ်းခြောက်ပြောဆိုတာတွေ ရှိခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

နောင်ချိုမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီက အခု သြဂုတ်လအတွင်း ​CDM ဝန်ထမ်း၊ ပရဟိတအဖွဲ့ဝင်၊ မြို့မိမြို့ဖ၊ လုပ်ငန်းရှင်တချို့နဲ့ လူ ငယ်လူရွယ် စုစုပေါင်း အယောက် ၂ဝ နီးပါးကို PDF နဲ့ ဆက်သွယ်တယ် စွပ်စွဲပြီး အဓမ္မဖမ်းဆီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ် နောင်ချိုမြို့မှာ ဒီမိုကရေစီလိုလားကြတဲ့ အဖိနှိပ်ခံပြည်သူတွေ ရှိသလို စစ်ကောင်စီရဲ့ အ ခြေစိုက်တပ်ရင်း ၅ ရင်းမကရှိကာ စစ်တပ်ထောက်ခံသူတွေနဲ့ စစ်မှုထမ်းဟောင်းတွေ များပြားလှတဲ့မြို့တမြို့ ဖြစ်ပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s