ရတနာပုံတံတား စစ်ကိုင်းဘက်အခြမ်းတွင် ပစ်ခတ်မှုဖြစ်ပြီး လူ ၁ ဦးသေဆုံး၊ ဒဏ်ရာရ စစ်သား ၂ ဦး ကို ကားဖြင့် မန္တလေးဘက်သို့ တင်သွား

စစ်ကိုင်း-မန္တလေး ဆက်သွယ်ထားသည့် ဧရာ၀တီမြစ်ကူး ရတနာပုံတံတား စစ်ကိုင်းဘက်အခြမ်းတွင် ယနေ့ နံနက် ၈ နာရီခွဲအချိန် ပစ်ခတ်မှုဖြစ်ပြီး လူ ၁ ဦးသေဆုံးကြောင်း၊ ဒဏ်ရာရ စစ်သား ၂ ဦးကို စစ်ကားဖြင့် မန္တလေး ဘက်သို့ သယ်ဆောင်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“စစ်ကိုင်း-မန္တလေးတံတား စစ်ကိုင်းဘက်အခြမ်း ဒီနေ့ မနက် ၈ ခွဲ လောက် Express ကားကြီး တစ်စီးကို စစ်သားတွေ ဝိုင်း ပစ်တာ။ ကျနော်က တံတားဖြတ်နေရင်း တံတားပေါ်မှာ ပိတ်မိတယ်။ ကျနော့် ရှေ့တင် အနည်းဆုံး သေနတ်သံ ၁၅ချက်လောက်ရှိတယ် ပစ်နေကြတာ။ တံတားပေါ်မှာ ပိတ်မိတာ အတော်ကြာတယ်။ တံတားဖြတ်ခွင့်ရလို့ ဖြတ်တော့ လူ ၁ ယောက် သေဆုံးနေတာတွေ့တယ်။ ကားကြီးမှာလည်း ကျည်ရာ ဗရပွပဲ။ သေနေတာက အရပ်ဝတ်နဲ့ လူ ၁ ဦးပဲ။ စစ်ကားနဲ့ ဒဏ်ရာရ ၂ ယောက်တင်ပြီး မန္တလေးဘက်အခြမ်းမောင်းသွား တွေ့လိုက်ရတယ်။ ဒဏ်ရာရတာစစ်သား ပါ” ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ကြုံရသူတစ်ဦးက ပြောသည်။

စစ်ကိုင်းဒေသ သတင်းရင်းမြစ်များကမူ စစ်ကိုင်းတံတားပေါ်တွင် Express ကားတစ်စီးကို တားဆီးစစ်ဆေးရာမှ ပစ်ခတ်မှုဖြစ်ပြီး Express ကားပေါ်ပါ လူငယ် ၃ ဦးနှင့် ပြည်သူ ၁ ဦး ကျည်ထိမှန်ကြောင်း၊ စစ်သား ၂ ဦးလည်း ကျည်ထိမှန်ပြီး ကားဖြင့် သယ်ဆောင်သွားသည်ဟုဆိုကြသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s