ရန်ကုန်၊ မန္တလေး၊ မကွေးတို့တွင် ဗုံးပေါက်ကွဲမှုများနှင့် ရဲစခန်းကို တိုက်ခိုက်မှုများ ဖြစ်ပွား

ရန်ကုန်၊ မန္တလေး၊ မကွေးတို့တွင် ဗုံးပေါက်ကွဲမှုများနှင့် ရဲစခန်းကို တိုက်ခိုက်မှုများ ဩဂုတ်လ ၁၃ ရက်နေ့မှ ဩဂုတ်လ ၁၆ ရက်နေ့ အထိ ကာလများအတွင်း ဖြစ် ပွားကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန် ဗုံးပေါက်ကွဲမှုများနှင့်ပစ်ခတ်မှုများ

========================

ရန်ကုန်တိုင်း၊ ဒဂုံမြိုသစ် ဆိပ်ကမ်းမြိုနယ်၊ ၇၈ ရပ်ကွက်တွင် ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ ၁၂ မိနစ်အချိန် ဗုံးပေါက်ကွဲခဲ့ပြီး လူ ၂ ဦးထိခိုက်ကြောင်း သိရှိရသည်။

ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၁၂ မိနစ်အချိန်၊ နံနက် ၁၀ နာရီ ၁၁ မိနစ်အချိန်တို့တွင် မရမ်းကုန်းမြို့နယ်တွင် ဗုံးပေါက်ကွဲခဲ့သည်။ အင်းစိန်မြို့နယ်တွင် ဩဂုတ် ၁၆ ရက်နေ့ နံနက် ၈ နာရီ ၇ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲသည်။ လှိုင်မြို့နယ်တွင် ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၄၃ မိနစ်တွင် ဗုံးပေါက် ကွဲ သည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ် စက်မြေရပ်ကွက် စက်မြေလမ်းမကြီးပေါ်၌ ဩဂုတ်လ ၁၄ ရက်နေ့ ည ၈ နာရီ ခွဲဝန်းကျင်၌ အမည် မသိလက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၁၅ ရက်နေ့နှင့် ဩဂုတ်လ ၁၆ ရက်နေ့တွင် စစ်တပ်က ဒလမြို့နယ်ကို ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်သည်။

” ၁၄ ရက်နေ့ ည ၈ နာရီကျော်က စစ်တပ် ဒလန် ဒလကလူမိုက်အဖွဲ့ကို ပစ်ခက်တိုက်ခိုက်တယ်လို့ကြားတယ်။ စစ်ဆေးမှုတွေ ဒလမှာ ကြမ်းတယ်။ လှေဆိပ်တွေ ပိတ်တယ်။ သွားလာရေး အရမ်းဒုက္ခရောက်တယ်” ဟု ဒလဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် သာကေတမြို့နယ် မြင်တော်သာလမ်းရှိ မြို့နယ် လျှပ်စစ် မီတာရုံးကို. ဩဂုတ်လ ၁၃ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန်၊ ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၇ နာရီ ၄၇ မိနစ်အချိန်တွင်လည်းကောင်း ဗုံးခွဲမှု များဖြစ်ပေါ်ခဲ့သည်။

မကွေး၊ ကံမမြို့နယ်၊ ရေနံ့သာနယ်မြေရဲစခန်းကို ပစ်ခတ်တိုက်ခိုက်

====================================

မကွေးတိုင်းဒေသကြီး၊ ကံမမြို့ နယ်၊ ရေနံ့သာနယ်မြေရဲစခန်းကို ဩဂုတ်လ ၁၅ ရက် ည ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် သေနတ်သမား ၈ ဦးက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ကျော် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများအခြေအနေ မသိရှိရကြောင်း ကံမမြို့ဒေသခံများထံမှ သိရှိရသည်။

မန္တလေးတွင် စစ်တပ်ထုတ် အရက်နှင့်ဘီယာများရောင်းချသော ဆိုင် ဗုံးကွဲ

===========================================

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ သီရိမန္တလာ ကားကွင်းအနီး၊ ၈၉ လမ်းနှင့် ၂၃ လမ်းထောင့်ရှိ စစ်တပ်ထုတ် အရက်နှင့်ဘီယာများ ရောင်း ချသော ဧရာ၀တီဘီယာဆိုင်တွင် ဩဂုတ်လ ၁၆ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦး အနည်းငယ် ထိ ခိုက်ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s