တန့်ဆည်တွင် ယနေ့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၁၃ ဦးထက်မနည်းသေကာ ၁၆ ဦးဒဏ်ရာရ၊ Faw ကားများဖြင့် အလောင်းနှင့် လူနာသယ်သွား

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဝရငယ်မူးဘောင်တွင် စစ်ကောင်စီတပ်နှင့် တန့်ဆည် PDFတို့ ယနေ့နံနက် ၈ နာရီခန့်က တိုက်ပွဲ၂ ကြိမ် ပြင်း ထန်စွာ ဖြစ်ပွားခဲ့ရာ စစ်သား၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိကြောင်း သိရသည်။

တန့်ဆည်မြို့ အနောက်ဘက်သို့ စစ်ကြောင်းထိုးလာသော ခမရ(၁၁၃)တပ်ရင်းကို တန့်ဆည်PDF တပ်ရင်း(၆)နှင့် တပ်ရင်း(၇)တို့က လက်နက် ကြီး၊ လက် နက်ငယ်များဖြင့် စောင့်ကြိုပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PDFသတင်းရင်း မြစ်ထံမှ သိရသည်။

“စစ်ခွေးတွေ ဝရငယ်ရွာကနေ မူးဘောင်ကိုအတက်မှာ ဖြစ်တာ၊ လက်နက်ငယ်တွေနှင့် လက်နက်ကြီး ၁၂လုံးပစ်တာ ရှေ့ကတက်လာတဲ့ ခွေးတွေ အပေါ်မြောက် တက်သွားတာပဲ၊ အတုံးအရုံးကိုလဲကျသွားတာ ၁၃ ဦး ထက်တော့မနည်းဘူး” ဟု PDFသတင်းရင်းမြစ်က ပြောသည်။

အထိနာသွားသော စစ်ကောင်စီတပ်သည် မွန်းလွဲ ၃နာရီခန့်အချိန် သေဆုံး၊ဒဏ်ရာရ စစ်သားများကို ခနုဆည်ရွာမှ တန့်ဆည်မြို့သို့ လယ်ကြားလမ်းများဖြတ်၍ သယ်ဆောင်လာခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

စစ်သားအလောင်းများကို ‌Fawကားကြီးတစ်စီးပေါ်တင်၍ တန့်ဆည်မြို့မရဲ စခန်းသို့ သယ်ဆောင်သွားခဲ့ပြီး ထိုမှတဆင့် သယ်ပို့ဆောင်ရေး ရဟတ်ယာဉ်ဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

တန့်ဆည်မြို့နယ်သို့ စစ်ကြောင်းထိုးလာသော မိတ္ထီလာအခြေစိုက် ခမရ ၁၁၃ တပ်ရင်းနှင့် တန့်ဆည်PDFတို့ ဩဂုတ်လ၁၅ရက်မှ ၁၉ရက်အထိ တိုက်ပွဲ၇ ကြိမ် ဖြစ်ခဲ့ပြီး စစ်သား၃၅ ဦးထက်မနည်း သေဆုံးခဲ့ပြီးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s